မြန်မာနိုင်ငံတွင် ဝန်ထမ်းများ အလုပ်လုပ်ချင်ဆုံး လုပ်ငန်းရှင် စာရင်းကို ထုတ်ဖော်နိုင်ခဲ့သည့်အပြင်
၎င်းလုပ်ငန်းများ၏ ထူးခြားကောင်းမွန်ချက်များကိုပါ ရှာဖွေတွေ့ရှိခဲ့ပါသည်။
ထိပ်တန်း လုပ်ငန်း ၁၀ မှာ :
1. Max Myanmar Group of Companies
2. KBZ Group of Companies
3. Yoma Strategic Holdings Ltd.
4. Ooredoo Myanmar
5. AYA Bank
6. Unilever
7. DKSH Myanmar
8. MPT
9. Shwe Taung Group
10. MyTel
ကုမ္ပဏီ ၁၀၀ စာရင်း ကို ယခုနေရာတွင် ကြည့်ရှုနိုင်ပါသည် 100 Great Places to Work in Myanmar.
MyJobs ၏ အမှုဆောင်အရာရှိချုပ် Harry Antarakis က “ပထမအနေနဲ့မြန်မာနိုင်ငံမှာ အလုပ်လုပ်ရန်
အကောင်းဆုံး အလုပ်ရှင် နံပါတ် ၁ အဖြစ်မဲပေးခံရခြင်းအတွက် Max Myanmar ကို
ဂုဏ်ပြုကြိုဆိုပါတယ်။ ကျွန်ုပ်တို့သည် ဤသုတေသနစစ်တမ်း၏ တာဝန်ရှိသူများအနေဖြင့်
မည်သည့်အလုပ်ရှင်သည် အလွန်ကောင်းမွန်သည်ကို အလုပ်ရှာဖွေသူများ၊ ဝန်ထမ်းများ၏ အသံကို
ကြားသိစေရန်အတွက် ရည်ရွယ်လုပ်ဆောင်ခဲ့ပါတယ်။ ကုမ္ပဏီတစ်ခုစီတွင် အလုပ်လုပ်ခြင်း၏
အမှန်တရားကို ရောင်ပြန်ဟပ်ရန် ကျွန်ုပ်တို့သည်ဘက်မလိုက်သောနည်းဖြင့် ဤစစ်တမ်းကို
လုပ်ဆောင်ခဲ့ပါတယ်။ များစွာသော ဖြေဆိုသူတို့သည် သူတို့၏ အလုပ်ရှင်အား ထောက်ခံမည်ဟု
ကြားရခြင်းသည် အားရှိစရာပင်ဖြစ်သော်လည်း အလုပ်ရှာနေသော ဖြေဆိုသူ ၄၈% ကို
ထောက်ပံ့ကူညီသွားရန် ဆက်လက်ဆောင်ရွက်သွားပါမယ်။” ဟု ဆိုပါသည်။
အကောင်းဆုံး အလုပ်နေရာ နံပါတ်တစ် အဖြစ် ရွေးချယ်ခံရသော Max Myanmar Group သည် Covid-
19 ဖြစ်ပွားမှုကာလအတွင်း၀န်ထမ်းများအားကူညီထောက်ပံ့မှုပေးခဲ့သည်။ အခြား CSR
ကြိုးပမ်းမှုများအပြင် Covid-
19ရောဂါရှာဖွေရေးနှင့်စောင့်ရှောက်ရေးစင်တာကိုတည်ထောင်ခဲ့ပြီးကုမ္ပဏီအတွက် ၀န်ထမ်းများ ၏
ဂုဏ်ယူမှုကိုတိုးပွားစေသည်။ ဝန်ထမ်းများသည် လုပ်ငန်းအဖွဲ့အစည်းနှင့် အတူ လူမှုအဖွဲ့အစည်း
အသက်အိုးအိမ်စောင့်ရှောက်မှုကို ပျော်ရွှင်စွာ ပါဝင်လုပ်ကိုင်လျက်ရှိကြသည်။
ဒါ့အပြင် ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်ချက်များကြောင့် ကုမ္ပဏီပြင်ပမှ ဝန်ထမ်းများ၏
လိုလားမှုကိုတိုးပွားစေသည်။ ဖြေဆိုသူတစ်ဦးထံမှမှတ်သားလောက်သောကိုးကားချက်မှာ
"ကူးစက်ရောဂါအပေါ် Max Myanmar ၏ ထိရောက်သော တုန့်ပြန်မှုကြောင့် ၎င်းကုမ္ပဏီတွင် ကျွန်ုပ်
အလုပ်လုပ်ချင်ပါသည်။" ဟုဆိုသည်။ နောက်ဖြေဆိုသူတစ်ယောက်က " Max Myanmar ၏ လူမှု
အကျိုးပြုလုပ်ငန်းစဉ်များသည် လူမှုအဖွဲ့အစည်းကို အဓိက စောင့်ရှောက်မှုပေးနိုင်တာကြောင့်
ဤကုမ္ပဏီတွင် အလုပ် လုပ်ချင်သည်။" ဟု ပြောပါသည်။
KBZ ကုမ္ပဏီအုပ်စုသည်စာရင်းတွင်ဒုတိယနေရာ၌ရှိနေပြီး ဝန်ထမ်းခန့်ထားမှုတွင်
အားလုံးတန်တူညီမျှရှိခြင့် ကြောင့် လူသိများသည်။ အမျိုးသမီးများသည်ခေါင်းဆောင်များ၏ ၆၅
ရာခိုင်နှုန်းနှင့် ၀န်ထမ်းစုစုပေါင်း၏ ၆၈% ရှိသည်။ ၀န်ထမ်းတစ်ဦးကပြောကြားခဲ့သည်မှာ
ဝန်ထမ်းများသည်အသိအမှတ်ပြုခံရပြီး လုပ်ခလစာ ကောင်းစွာပေးသည်ဟုခံစားရသည်။
၀န်ထမ်းများအကျိုးခံစားခွင့်အစီအစဉ်ကောင်းများလည်းရှိသည်။ အခြားတစ်ယောက်ကမူ
လုပ်ငန်းခွင်ပတ်ဝန်းကျင်အကြောင်း “KBZ မိသားစု ၀င်တစ်ယောက်အနေနဲ့
ကျွန်တော်ကိုကောင်းစွာထောက်ပံ့ စောင်ရှောက်မှုရတယ်လို့ခံစားရတယ်။”ဟု ပြောခဲ့သည်။
စိတ်ဝင်စားစရာကောင်းသည်မှာအမျိုးသမီးများနှင့်အမျိုးသားများက၎င်းတို့အတွက်
အလားအလာရှိသော အလုပ်ရှင်တွင်စရိုက်များကိုမှတ်ချက်ပြုရာတွင် တူညီနေသည်ကို
တွေ့ရသည်။ ထိပ်ဆုံး အချက် ၄ ခု မှာ :
၁။ ကုမ္ပဏီ၏ တန်ဖိုးထားမှုများနှင့် ကိုက်ညီမှု
၂။ လေ့လာသင်ယူမှုနှင့် အတတ်ပညာ သင်တန်းများ
၃။ အလုပ်အကိုင်ဆိုင်ရာ ဖွံ့ဖြိုးမှု
၄။ ကောင်းမွန်သော အလုပ်ဘ၀ ဟန်ချက်ကျမှု
သို့သော်ဖြေဆိုသူ အမျိုးသားများ နှင့် အမျိုးသမီးများကြားတွင်
ထင်ရှားသောကွဲပြားခြားနားမှုအချို့ရှိသည်။ အမျိုးသမီးဝန်ထမ်းများများသည်ပွင့်လင်းသော
စီမံခန့်ခွဲမှုနှင့်အသက်မွေး၀မ်းကျောင်းမှုဆိုင်ရာ အခွင့်အလမ်းများကို အမျိုးသားများထက် ပိုမို၍
တန်ဖိုးထားကြသည်။ အခြားတစ်ဖက်တွင် အမျိုးသားဝန်ထမ်းများသည် အလုပ်မလျှောက်မီ
ကုမ္ပဏီတစ်ခုအကြောင်းကို ကြားဖူးခြင်းအပေါ် ပိုမို ဂရုစိုက်ကြသည်။
အံ့သြစရာမှာဖြေဆိုသူထက်ဝက်ကျော်က
အလုပ်အကိုင်အခွင့်အလမ်းအသစ်များကိုရှာဖွေနေသည်ဟု ဆိုသည်။ အဓိက အကြောင်းရင်းများမှာ
တန်ဖိုးလျော့ ဆက်ဆံခံရခြင်း ၊ လစာလျော့နည်းခြင်း၊ အသက်မွေးဝမ်းကြောင်း တိုးတက်မှု မရှိခြင်း
နှင့် လုပ်ငန်းခွင်တွင် ခွဲခြားဆက်ဆံခံရခြင်းများကြောင့် ဖြစ်သည်။
အသေးစိတ် စာရင်းများနှင့် သုံးသပ်ချက်များကို ယခုနေရာတွင် ကြည့်ရှုနိုင်ပါသည်။ 100 Great Places to Work in Myanmar.