ပွဲအစီအစဉ်တွေကိုလည်း ပြောပြထားပါတယ်။

မိုရီဆာကီဝင်းကတော့ မြန်မာနိုင်ငံက ပရိသတ်တွေအတွက် ဒီဇင်ဘာလ (၂၂) ရက်နေ့မှာ ပြုလုပ်မယ့် ဖျော်ဖြေပွဲအကြောင်းကို အခုလို ပြောပြလာပါတယ်။ 

Photo: Morisaki_Win



မြန်မာပြည်ဖွား ဂျပန်အဆိုတော် တစ်ဦးဖြစ်တဲ့ မိုရီဆာကီဝင်းကတော့ Morisaki_Win_Acoustic LiveShow ကို Online ကနေပြုလုပ်သွားဖို့ ပြင်ဆင်နေပြီလို့ ပြောပါတယ်။ ဒီဖျော်ဖြေပွဲဟာ မြန်မာနိုင်ငံက ပရိသတ်တွေအတွက် ပထမဆုံး ဖျော်ဖြေခွင့်ရတဲ့ ပွဲ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ 

" ကျွန်တော်ချစ်ရသော ပရိသတ်များအတွက် အထူး Online Live Stream ပွဲလေးကို စီစဉ်ထားပါတယ်။ ဒီပွဲလေးကတော့ မြန်မာပြည်က ပရိသတ်များအတွက် ပထမဆုံးအကြိမ် Online Live Stream ပွဲလေး ဖြစ်မှာပါ။ ဒီပွဲလေးမှာ ချစ်ပရိသတ်တွေ ပျော်ရွှင်၊စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ အစီအစဉ်တွေနဲ့အတူ၊ အထူးလက်ဆောင်လေးတွေလည်း ပေးသွားမှာနော်။ ဂျပန် ပြည်ကနေတဆင့် မြန်မာနိုင်ငံက ပရိသတ်တွေပဲ ကြည့်လို့ရမယ့် ပထမဆုံး Live Show ကို လုပ်သွားမှာပါ။ ဒါက မြန်မာ ပရိသတ်တွေအတွက် ကျွန်တော့်ရဲ့ ခရစ္စမတ် လက်ဆောင်လေးပါ။ " ဆိုပြီးတော့ သူ့ရဲ့ တရားဝင် ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားထားပါတယ်။ 

Photo: Morisaki_Win

ဒီဖျော်ဖြေပွဲကိုတော့ ဒီဇင်ဘာလ (၂၂) ရက်နေ့ မြန်မာစံတော်ချိန် ည (၇) နာရီခွဲမှာ စတင်ဖျော်ဖြေသွားမယ်လို့ သိရပါတယ်။ Online ကနေတဆင့် လက်မှတ်ဝယ်ယူရမှာဖြစ်ပြီး လက်မှတ်တစ်စောင်ကို ငွေကျပ် (၅၀၀၀) အဖြစ် သတ်မှတ်ထားတာကိုလည်း တွေ့ရပါတယ်။ လက်မှတ် ဝယ်ယူထားတဲ့ ပရိသတ်တွေ အနေနဲ့ အကြောင်းတစ်စုံတရာကြောင့် ဒီဇင်ဘာလ (၂၂) ရက်နေ့မှာ မကြည့်လိုက်ရပေမယ့် ဒီဇင်ဘာလ (၂၃)ရက်နေ့ ည ၁၁ နာရီအထိ ကြည့်ရှုခွင့်ရအောင် ဆောင်ရွက်ပေးထားမယ်လို့လည်း မိုရီဆာကီဝင်းက ပြောပါတယ်။ 

Photo: Morisaki_Win

အခုချိန်မှာတော့ မိုရီဆာကီဝင်းဟာ အသက်(၃၀) အရွယ်ရှိပြီဖြစ်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူဟာ "ဇာတိမြေ" ရုပ်ရှင်ဇာတ်ကားကြီးကနေတဆင့် မြန်မာ ပရိသတ်တွေရဲ့ အားပေးမှုကို အများကြီး ရရှိခဲ့သူဖြစ်ပါတယ်။ မြန်မာပြည်တွင်းမှာရှိတဲ့ TV Program တွေမှာလည်း ပါဝင်လာခဲ့သူတစ်ယောက်ပါ။ လက်ရှိမှာတော့ သူဟာ ဂျပန်နိုင်ငံမှာ နေထိုင်လျက်ရှိပြီး အနုပညာလှုပ်ရှားမှုတွေ ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က