အီတလီနိုင်ငံမှာ သွားရောက်မွေးဖွားမှာပါ။

ချမ်းချမ်းကတော့ ဒုတိယမြောက်ရင်သွေးလေးကို အီတလီနိုင်ငံမှာ မွေးဖွားဖို့ ပြင်ဆင်ထားတယ်လို့ သူက ဆိုပါတယ်။ 

Photo: Chan Chan



အဆိုတော် ချမ်းချမ်းကတော့ ဒုတိယမြောက် ရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရပြီဖြစ်ပါတယ်။ သူမ ဗိုက်ထဲက ကလေးလေးကလည်း သမီးလေးပဲလို့ သိရပါတယ်။ ဒီရင်သွေးလေးကိုတော့ အီတလီနိုင်ငံမှာ မွေးဖွားမယ်လို့ Duwun ကို ပြောပါတယ်။ 

“ အစ်မကတော့ ကလေးကို ကိုယ့်မြန်မာနိုင်ငံမှာပဲ ကိုယ်မွေးချင်တာပါ။ ဒါပေမယ့် ဘာအခက်အခဲရှိသလဲ ဆိုတော့ ပထမကလေးတုန်းက အစ်မက ခွဲမွေးထားတာ ဒီ့အတွက် ဒုတိယအကြိမ်လည်း ခွဲမွေးရမှာပဲ။ ဒါပေမယ့် အစ်မ ခင်ပွန်းက ကျန်းမာရေးအရကြည့်ရင် ခွဲစိတ်တာတွေ မဖြစ်စေချင်တော့ဘူး။ ရိုးရိုး မွေးမယ်ဆိုရင် တစ်ပတ်၊ ၁၀ ရက်လောက်ဆို အနာကျက်ပြီ၊ တစ်လလောက်ဆို လမ်းလျှောက်နိုင်ပြီ။ ဒါကို သူ ကြိုးစားကြည့်မယ် အီတလီနိုင်ငံကလည်း ကမ္ဘာမှာ ကျန်းမာရေးနဲ့ ပတ်သက်လာရင် နံပတ်(၁)၊ System တွေ အရမ်းကောင်းတယ်၊ နောက်ဆုံးပေါ် နည်းပညာတွေနဲ့ ကုသပေးတယ်၊ လူတွေ လက်လျှော့လိုက်တဲ့ အရာတွေကို သူတို့က တာဝန်ယူပြီး ဖြေရှင်းပေးနိုင်တဲ့အတွက် စိတ်ချရတယ်။ ဒါကြောင့် ရိုးရိုး မွေးဖို့ ဆုံးဖြတ်လိုက်တယ်” လို့ သူက ဆိုပါတယ်။ 

Photo: Chan Chan

ချမ်းချမ်း အနေနဲ့ ရင်သွေးလေးကို ၂၀၂၁ ခုနှစ် ဧပြီလထဲမှာ မွေးဖွားမှာဖြစ်ပါတယ်။ သူမဟာ ခင်ပွန်းဖြစ်သူ Enrico ရဲ့ မိဘတွေနဲ့ ဆုံတွေ့ရင်း အီတလီနိုင်ငံ ပါတိုဘာပနူးမီးယားမြို့မှာ ရှိတဲ့ ဆေးရုံမှာ မွေးဖွားသွားမယ်လို့ ချမ်းချမ်းက ဆိုပါတယ်။ 

“အစ်မရဲ့ ယောက္ခမတွေက အသက်လည်း ကြီးပြီ၊ မြန်မာနိုင်ငံကို မလာနိုင်တဲ့ အတွက်ကြောင့် သူတို့ရဲ့ မြေးကို မြင်ချင်ကြတယ်၊ ဒီ့အတွက် အစ်မ ဟိုနိုင်ငံကို သွားပြီး မွေးတော့မှ သူတို့က အစ်မကို စောင့်ရှောက်ပေးလို့ရမယ်၊ သူတို့လည်း ကလေးကို မြင်ရမယ်။ အစ်မက ကလေးမွေးပြီးရင် ပြန်လာလို့ရတာပဲလေ ဆိုပြီးတော့ အမျိုးသားနဲ့ တိုင်ပင်ပြီးတော့ အီတလီနိုင်ငံမှာ မွေးဖို့ ဆုံးဖြတ်လိုက်တာပါ။ အစ်မ အမျိုးသားက ပါတိုဘာပနူးမီးယားက ဆိုတော့ အဲဒီမြို့မှာရှိတဲ့ ဆေးရုံမှာပဲ မွေးမှာပါ။ ကိုယ်ဝန်က (၅) လရှိပြီ။ ဧပြီလ(၁၅) ရက်နေ့မှာ မွေးမှာပါ။ ပထမပတ်နဲ့ ဒုတိယပတ်လောက်တော့ ဖြစ်နိုင်တယ်။ ရက်ကတော့ အန်ထရာဆောင်း ရိုက်ပြီးမှ ပြန်ကြည့်ရမှာပါ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်
။ 

Photo: Chan Chan

ချမ်းချမ်းဟာ Melody World သီချင်းဆို ပြိုင်ပွဲကနေတဆင့် ဂီတလောကထဲကို ရောက်ရှိလာခဲ့တဲ့ ချမ်းချမ်းက ‘’ တစ်ကယ်ဆိုရင် အချစ်ပဲ လိုတယ်’’ ဆိုတဲ့ ပထမဆုံးတစ်ကိုယ်တော်အခွေကနေတဆင့် ပရိသတ်အားပေးမှု အများကြီး ရရှိခဲ့တာပါ။ အဲဒီနောက်‘’အိပ်မက်’’ ဆိုတဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေလည်း ထွက်ရှိခဲ့ပါတယ်။ တတိယမြောက် တစ်ကိုယ်တော်အခွေဖြစ်တဲ့ ‘’ သို့..’’ ဆိုတဲ့ အခွေကိုတော့ ၂၀၁၈ ခုနှစ်အတွင်းမှာ နောက်ဆုံး ထွက်ရှိထားတာပါ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က