နောက် ၄ နှစ်အတွင်း subscribers သန်း ၂၃၀ နဲ့ ၂၆၀ အကြား ရှိလာဖို့ ခန့်မှန်းထားပါတယ်

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲမှာ စတင်မိတ်ဆက်ခဲ့တဲ့ Disney Plus ဝန်ဆောင်မှုဟာ တစ်နှစ်ကျော်ကာလမှာ Subscribers ဦးရေ ၈၆.၈ သန်းအထိ တိုးပွားလာခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၃ ရက်နေ့ထိ Disney Plus subscribers ဦးရေဟာ တစ်ကမ္ဘာလုံးမှာ ၇၃.၇ သန်းကျော် ရှိခဲ့တာ ဖြစ်ပါတယ်။ စက်တင်ဘာနောက်ပိုင်း လက်တင်အမေရိကန်မှာ မိတ်ဆက်မှုလုပ်ခဲ့ပြီးနောက် လအနည်းငယ်အတွင်းမှာ Subscribers ၁၃ သန်းကျော် ထပ်တိုးလာတာ ဖြစ်တယ်လို့ CNET သတင်းက ဖော်ပြထားပါတယ်။ 



Photo: ubergizmo

Disney ကတော့ Disney Plus ဝန်ဆောင်မှု သက်တမ်း ၅ နှစ်ကာလာဖြစ်မယ့် လာမယ့် ၂၀၂၄ ခုနှစ်နှောင်းပိုင်း တစ်ကမ္ဘာလုံးမှာ subscribers သန်း ၂၃၀ ကနေ ၂၆၀ အကြား ရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။ Disney ရဲ့ ကြေညာချက်အရ Hulu နဲ့ ESPN Plus တို့ရဲ့ subscribers ဦးရေဟာ ၃၈.၈ သန်းနဲ့ ၁၁.၅ သန်း ရှိလာခဲ့တယ်လို့ ဆိုပါတယ်။

အခုချိန်မှာ Disney ရဲ့ streaming services ဝန်ဆောင်မှုအားလုံးမှာ စုစုပေါင်း subscribers ၁၃၇.၁ သန်းထိ ရှိလာတယ်လို့ ကုမ္ပဏီက ကြေညာပါတယ်။ Disney CEO ဘော့ပ်ချာပက်ခ်ရဲ့ အဆိုအရ Disney Plus ဟာ မျှော်လင့်ထားသည်ထက် ပိုလွန်ခဲ့တယ်လို့ ဆိုပါတယ်။ Disney Plus ဟာ လာမယ့်နှစ် ဇွန်လထဲမှာ Live sports တွေပါဝင်တဲ့ Standalone service တစ်ခု ဖြန့်ချိဖို့ စီစဉ်ထားပါတယ်။

Photo: mickeyblog


Disney Plus/Star ပက်ကေ့ချ်မိတ်ဆက်မှုကို လာမယ့်နှစ် ဖေဖော်ဝါရီလထဲ စင်ကာပူမှာ မိတ်ဆက်ဖို့ ပြင်ထားပါတယ်။ ဒီဝန်ဆောင်မှုကို နှစ်ကုန်ပိုင်းမှာ အရှေ့ဥရောပ ၊ ဟောင်ကောင် ၊ ဂျပန် နဲ့ တောင်ကိုရီးယားတို့မှာ မိတ်ဆက်သွားမှာပါ။Disney Plus ရဲ့ အောင်မြင်မှုဟာ လာမယ့်နှစ်အနည်းငယ်အတွင်း Netflix ကို ကျော်တက်နိုင်ဖို့ ရှိပါတယ်။

ကမ္ဘာ့အကြီးဆုံး video subscription ဝန်ဆောင်မှုကြီးဖြစ်တဲ့ Netflix ဟာ ဒီနှစ်ကုန်ပိုင်းမှာ ကမ္ဘာတစ်ဝှမ်း subscribers ဦးရေ သန်း ၂၀၀ ကျော်လာမယ်လို့ ခန့်မှန်းထားပါတယ်။ Netflix ဟာ streaming စီးပွားရေးလုပ်လာတာ ၁၃ နှစ် ရှိပြီ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က