ဗီလာကို နောက်ဆုံးမိနစ် ပင်နယ်တီဂိုးကြောင့် နှစ်ပွဲဆက်အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

အာဆင်နယ်နဲ့ပွဲမှာ အနိုင်ရပေမယ့် အဓိက တိုက်စစ်မှူးဂျီမီနက်ဇ်ကို လက်လွှတ်ခဲ့ရသလို လီဗာပူးကိုလည်း ဂိုးပြတ်အရေးနိမ့်ထားခဲ့တာပါ။

ဝုလ်အသင်းဟာ အိမ်ကွင်းမှာ ဗီလာကို ဧည့်ခံကစားခဲ့ရ‌ပေမယ့် အနိုင်မကစားနိုင်ခဲ့တဲ့အပြင် ပင်နယ်တီဂိုးကြောင့် ၀-၁နဲ့ ပါ အရေးနိမ့်ခဲ့ရပါတယ်။



ဗီလာအသင်းအနေနဲ့ ၈၆မိနစ်မှာ ဒေါက်ဂလပ်စ်လူးဝစ္စ နှစ်ဝါတစ်နီနဲ့ ထွက်ခဲ့ပေမယ့် လက်ကျန်မိနစ်တွေမှာ အိမ်ရှင် ဝုလ် ကို ကြံ့ကြံ့ခံ ကစားရင်း ပင်နယ်တီ ပြစ်ဒဏ်ဘော ကန်ခွင့်ရခဲ့ပါတယ်။

ဒီပင်နယ်တီကိုတော့ ဂါဇီက တည်တည်ငြိမ်ငြိမ်ကန်သွင်းပြီး ဗီလာအတွက် အဖိုးတန် အနိုင် ၃မှတ်ကို ရယူပေးခဲ့ပါတယ်။

ဝုလ်အတွက်တော့ ဒီနေ့ပွဲမှာ ဘောလုံးပွဲရှုံးခဲ့သလို အဓိက ကွင်းလယ်လူ တစ်ဦးဖြစ်တဲ့ မော်တင်ဟိုကိုလည်း နှစ်ဝါတစ်နီနဲ့ ထပ်မံ လက်လွှတ်ခဲ့ရပါသေးတယ်။

မော်တင်ဟိုဟာ ၈၃မိနစ်မှာမှ ပထမအဝါထိခဲ့ပြီး မိနစ် ၉၀ပြည့်ပြီးလို့ နာကျင်အချိန်ပိုမှာ အသင်းရှုံးနေချိန် နောက်တစ်ကြိမ် ပြစ်ဒဏ်ကျူးလွန်မိခဲ့လို့ နှစ်ဝါတစ်နီနဲ့ ထွက်ခဲ့ရပါတယ်။

ဝုလ်အသင်းအတွက်တော့ ပြီးခဲ့တဲ့ တစ်ပတ်ကျော်က အာဆင်နယ်အသင်းကို အဝေးကွင်းမှာ အနိုင်ရခဲ့လို့ ချီးကျူးခံနေရပေ မယ့်လည်း လက်ရှိ ချန်ပီယံ လီဗာပူးကို ဂိုးပြတ်ရှုံးခဲ့သလို ယခုလည်း ဗီလာကို နာကျင်အချိန်မှ တစ်ဂိုးပေးလိုက်ရပြီး ကပ် ရှုံးခဲ့ပြန်ပါတယ်။

ဒါ့အပြင် အာဆင်နယ်အသင်းနဲ့ပွဲမှာပင် အဓိက တိုက်စစ်မှူး ရာအူးလ်ဂျီမီနက်ဇ် ဦးခေါင်း ဒဏ်ရာအပြင်းအထန်ရသွားလို့ ယခုနှစ်ရာသီလက်ကျန်ပွဲတွေကို လွဲချော်ရဖို့ ရှိနေပါတယ်။

ယနေ့ပွဲအရှုံးကြောင့် အမှတ်ပေးဇယားအဆင့် ၁၁မှာသာ ရပ်တည်နေရပြီး ဂိုးကွာခြားချက်ကလည်း အနုတ် ၅အထိ ပြနေ ပါပြီ။

နယူးကာဆယ်အသင်းကသာ ဝက်စ်ဘရွန်းကို အနိုင်ရခဲ့ပါက အဆင့် ထပ်မံ ကျဆင်းရတော့မှာ ဖြစ်ပြီး အနိုင်ရခဲ့တဲ့ ဗီလာ ကတော့ အဆင့် ၈မှာ မန်စီးတီးအထက် ရပ်တည်နေပါပြီ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က