လမ်းပတ်ရဲ့ ချဲလ်ဆီးအသင်းဟာ လီဗာပူးကို အရေးနိမ့်ပြီးနောက် လိဂ်ရှုံးပွဲမရှိ ၉ပွဲဆက် ဖြတ်သန်းနေရာမှ ၁၀ပွဲ မြောက်မှာ အခုလို ပထမဆုံး ရှုံးနိမ့်ခဲ့တာပါ။
ချဲလ်ဆီးအသင်းဟာ အဲဗာတန်ကိုအဝေးကွင်းမှာ မထင်မှတ်ပဲ ပင်နယ်တီ တစ်လုံးတည်းနဲ့ ကပ်အရေးနိမ့်ခဲ့တာကြောင့် သူတို့ အသင်းရဲ့ လိဂ် ၉ပွဲဆက် ရှုံးပွဲမရှိ စံချိန် ပျက်ပြယ်ခဲ့ပါတယ်။
ဒီရှုံးပွဲအပြီးမှာတော့ မိမိတို့အသင်းရဲ့ တုံ့ပြန်မှုကို လာမယ့် ဝုလ်နဲ့ ကစားရမယ့် ကြားပွဲမှာ ပြန်လည်စောင့်ကြည့်သွားမယ် လို့ နည်းပြ လမ်းပတ်က ဆိုခဲ့ပါတယ်။
“ပွဲမှာ တစ်ခုခု ရမယ်လို့ ထင်ခဲ့ပေမယ့် သူတို့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။တစ်မှတ်ရဖို့တော့ အခွင့်အရေးတွေ ရခဲ့ပါတယ်။ ဒါပေမယ့် အကောင်းဆုံးပုံစံမှာ ရှိမနေခဲ့ကြပါဘူး။၁-၀နဲ့ ဦးဆောင်ခွင့်ပေးလိုက်တာကိုက ပြဿနာတက်စေတာပါပဲ၊ပြိုင် ဖက်ကို အလဲထိုးဖို့ မလုံလောက်ခဲ့ပါဘူး။”လို့ လမ်းပတ်က ကနဦး ပြောပါတယ်။
နည်းပြ လမ်းပတ်ရဲ့ ချဲလ်ဆီးအသင်းဟာ လီဗာပူးကို အရေးနိမ့်ပြီးကတည်းက လိဂ်မှာ ရှုံးပွဲလုံးဝမရှိထားတော့ပဲ ၅ပွဲနိုင် ၄ ပွဲသရေကျထားပြီး ယခု ၁၀ပွဲမြောက်မှာ ရှုံးပွဲကြုံခဲ့တာပါ။
“ကျွန်တော်တို့လိဂ်မှာ အင်အားအတောင့်တင်းဆုံးလူစာရင်းကို ပိုင်ဆိုင်ထားပါတယ်၊ဒါပေမယ့် ကျွန်တော် နားမလည်နိုင် တာက မကြာသေးခင် နှစ်အနည်းငယ်က သွင်းဂိုးများစွာသွင်းယူထားနိုင်တဲ့ တောင်ပံ ကစားသမားမျိုးတွေ အသင်းမှာ ရှိနေ တာတောင် အခုမှ ဘာလို့ ဆောင်ရွက်နေဆဲ ကာလတစ်ခုလို ဖြစ်နေတာလဲဆိုတာ၊ကျွန်တော်တို့အသင်းဟာ တကယ်တော့ လိဂ်မှာ သင်ယူနေဆဲပါပဲ။”လို့ လမ်းပတ်က ဆိုခဲ့ပါတယ်။
ချဲလ်ဆီးအသင်းအနေနဲ့ အဲဗာတန်နဲ့ပွဲမှာတော့ တောင်ပံ ကစားသမား ဇီယက်၊ပူလီဆစ်တို့ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ပဲ အရေးနိမ့်ခဲ့ရတာပါ။
ချဲလ်ဆီးအသင်းကတော့ အဲဗာတန်ကို အရေးနိမ့်ခဲ့လို့ ၁၂ပွဲကစား ရမှတ် ၂၂မှတ်နဲ့ အဆင့် ၃မှာရှိနေပမယ့် ယနေ့ညမှာ ကစားမယ့် လက်စတာ-ဘရိုက်တန်ပွဲမှာ လက်စတာနိုင်ခဲ့ရင် အဆင့် ၃ကို လွှဲပေးရပါတော့မယ်။