Benjamin Sum ကတော့ “ ပြန်တွေ့ရမယ့်ရက်” သီချင်းနဲ့ ဆုရခဲ့တာဖြစ်ပြီး ချမ်းမြေ့မောင်ချိုက “ loser” သီချင်းနဲ့ ဆုရရှိခဲ့တာဖြစ်ပါတယ်။
Photo : Benjamin
၂၀၁၉- ၂၀၂၀ခုနှစ်အတွက် Shwe FM ဖေ့စ်ဘွတ်ပေ့ချ်ကနေ ပရိသတ်တောင်းဆိုမှု အများဆုံး အမျိုးသား တေးသံရှင်ဆုကို အဆိုတော် Benjamin Sum ရရှိခဲ့သလို အမျိုးသမီး တေးသံရှင်ဆုကို ချမ်းမြေ့မောင်ချိုက ရရှိခဲ့ပါတယ်။ Benjamin Sum ကတော့ “ ပြန်တွေ့ရမယ့်ရက်” သီချင်းနဲ့ ဆုရခဲ့သလို ချမ်းမြေ့မောင်ချိုက “ loser” သီချင်းနဲ့ ဆုရရှိခဲ့တာဖြစ်ပါတယ်။
တစ်နှစ်တာလုံးအတွက် Shwe FM ဖေ့စ်ဘွတ်ပေ့ချ်ကနေ ပရိသတ်တောင်းဆိုမှု အများဆုံး အမျိုးသားတေးသံရှင်ဆုကို ဆန်ခါတင်စာရင်း သုံးယောက်ထဲကနေ အဆိုတော် Benjamin Sum က ဆုဆွတ်ခူးရရှိသွားခဲ့တာပါ။
“ကျွန်တော်ဒီသီချင်းလေးနဲ့ ဆုရတဲ့အတွက်လည်း အရမ်းလည်းပျော်တယ် သီချင်းရေးပေးတဲ့ တေးရေး ဆရာကိုလည်း ကျေးဇူးတင်ပါတယ်။ သီချင်းတီးခတ်ပေးတဲ့ ဆရာတွေကိုလညး်ကျေးဇူးတင်သလို ပရိသတ်တွေအကုန်လုံးကိုလည်း ကျေးဇူးတင်ပါတယ်”လို့ သူကပြောပါတယ်။
Photo : ချမ်းမြေ့မောင်ချို
အဆိုတော် Benjamin Sum လိုပဲ တစ်နှစ်တာလုံးအတွက် ဖေ့စ်ဘွတ်ပေ့ချ်ကနေ ပရိသတ်တောင်းဆိုမှု အများဆုံး အမျိုးသမီး တေးသံရှင်ဆုကို ရရှိပိုင်ဆိုင်ခဲ့တဲ့ ချမ်းမြေ့မောင်ချိုကလည်း အခုလို ပီတိစကားသံလေးတွေ ဝေမျှထားပါသေးတယ်။
“ဘာပြောရမှန်းတောင်မသိတော့ပါဘူး ။ကျေးဇူးအများကြီးတင်ပါတယ် milestones ။Shwe FM လဲကျေးဇူးတင်ပါတယ် ။ဒီသီချင်းလေးကိုလက်ဆောင်ပေးခဲ့တဲ့ ကိုဟဲလေး ကိုလဲကျေးဇူးအရမ်းတင်ပါတယ်ဗျာ ။ဆက်ပီးကြိုးစားပါဦးမယ်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာပါ။
Shwe FM ကနေ ဆုရခဲ့တဲ့ ဘန်ဂျမင်ကတော့ Myanmar idol(Season-4) သီချင်းဆိုပြိုင်ပွဲကြီးမှာ Vote No.77702 နဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး ပြိုင်ပွဲ နောက်ဆုံးဆင့်အထိကို တက်လှမ်းနိုင်ခဲ့သူပါ။ ဒီပြိုင်ပွဲကနေတဆင့် သူ့ကိုချစ်တဲ့ ပရိသတ်တွေအများကြီးကို ပိုင်ဆိုင်ခွင့်ရခဲ့သူလည်း ဖြစ်ပါတယ်။ဘန်ဂျမင်ကတော့ ဆယ်ကျော်သက် အရွယ်သာရှိသေးတဲ့ ချင်းတိုင်းရင်းသားလေး ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဖျော်ဖြေပွဲတွေ သီဆိုနေရပြီလို့ သိရပါတယ်။
တစ်ဆက်တည်းမှာပဲ Shwe FM ကနေ အမျိုးသမီး တေးသံရှင်ဆုကို ရရှိခဲ့တဲ့ ချမ်းမြေ့မောင်ချိုဟာ Myanmar idol (Season 3) သီချင်းဆိုပြိုင်ပွဲကနေတဆင့် ပရိသတ်အားပေးမှုရရှိလာတဲ့သူလေး ဖြစ်ပါတယ်။ သူမဟာ ဝါရင့်အဆိုတော် အိအိ ရဲ့ သမီးငယ်လေးဖြစ်သလို၊ သရုပ်ဆောင် သူရမောင်ချိုရဲ့ ညီမငယ်လေးလည်းဖြစ်ပါတယ်။ ချမ်းမြေ့မောင်ချိုဟာ သီချင်းဆို ပြိုင်ပွဲပြီးသွားတဲ့နောက်မှာလည်း ဖျော်ဖြေပွဲတွေ သီဆိုနေရတာဖြစ်သလို သီချင်းသစ်တွေကိုလည်း ဆက်တိုက်ဆိုသလို ထွက်ရှိနေသူပါ။