“အနားနားမှာ” သီချင်းလေးနဲ့ ရရှိခဲ့တာပါ။

မြန်မာသံ သီချင်းလေးတွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ ဆယ်ကျော်သက်မလေး  မေသက်ထားဆွေက Shwe FM က ချီးမြှင့်တဲ့ တစ်နှစ်တာအတွင်း ရွှေပရိသတ် အတောင်းခံရဆုံး မြန်မာသံ တေးသံရှင် ဆုကို ရရှိပိုင်ဆိုင်ခဲ့ပါပြီ။

photo : မေသက်ထားဆွေ

ဆယ်ကျော်သက်မလေး အဆိုတော် မေသက်ထားဆွေက Shwe FM (၁၁)နှစ်ပြည့် နှစ်ပတ်လည် ပွဲကြီးမှာ ရွှေပရိသတ် အတောင်းခံရဆုံး မြန်မာသံ တေးသံရှင်ဆုကို ရရှိခဲ့ပါတယ်။“ အနားနားမှာ” ဆိုတဲ့သီချင်းလေးနဲ့ ဒီဆုလေးကို ရရှိပိုင်ဆိုင်ခဲ့တာ ဖြစ်တာကြောင့် သီချင်းလေးကို ပုံဖော်ပေးခဲ့ကြသူ အားလုံးကိုလည်း သူမက ကျေးဇူးတင်စကားလေး ပြောထားပါသေးတယ်။

“Shwe FM Radio မှ “ရွှေပရိသတ်အတောင်းခံရဆုံး မြန်မာသံတေးသံရှင်ဆု “ကို “အနားနားမှာ” သီချင်းလေးနဲ့ ရရှိတဲ့အတွက် အရမ်းဝမ်းသာပျော်ရွှင်ရပါတယ်ရှင်။အနားနားမှာ သီချင်းလေးကို ပုံဖော်ပေးတဲ့ Producer ဘဘဦးသိန်းကျော်၊ မြင့်မိုရ်မေမေစာပေမှ ဦးမျိုးနဲ့အန်တီဆွေ၊ဖြန့်ချိပေးတဲ့ Legacy Music မိသားစု သီချင်းလေးကို ရေးစပ်ပေးတဲ့ကိုကြီးသဟာအောင်၊တီးခတ်ပုံဖော်ပေးတဲ့ဦးပက်ထရစ်နဲ့ တီးဝိုင်းအဖွဲ့သားများ၊အသံဖမ်းပေးတဲ့ ဦးနေဝင်း(Studio D)၊ KBစိုးမိုး(မန္တလေး)၊အကောင်းဆုံးရိုက်ကူးပေးတဲ့ဒါရိုက်တာ မန္တလေးသားသူရ၊သရုပ်ဆောင် ကိုရဲဇာနည်အောင်အနားနားမှာ သီချင်းလေးကို တောင်းဆိုပေးကြတဲ့အနယ်နယ်အရပ်ရပ်မှ ပရိသတ်ကြီးများအားလုံးကို ကျေးဇူးတင်ပါတယ်ရှင်၊ဆုချီးမြင့်ပေးပါသော Shwe FM မိသားစုနှင့်ကျေးဇူးတင်ထိုက်သူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင် “ ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားထားတာတွေ့ရပါတယ်။

photo : မေသက်ထားဆွေ

မေသက်ထားဆွေဟာ မြန်မာသံစဉ် သီချင်းများကို ပိုင်ပိုင်နိုင်နိုင်သီဆိုနိုင်တဲ့ ဆယ်ကျော်သက် အနုပညာရှင်တစ်ဦးပါ။ ဘုရားပွဲတွေ၊ မင်္ဂလာဆောင်တွေနဲ့ ဖျော်ဖြေပွဲတွေ တော်တော်များများမှာ ပါဝင်သီဆိုပေးနေရတဲ့ အဆိုတော်မလေး တစ်ဦးလည်း ဖြစ်ပါတယ်။

နှစ်စဥ်နှစ်တိုင်း  ကျင်းပလေ့ရှိတဲ့ Shwe Fmဆုပေးပွဲကြီးကို ဒီနှစ်မှာတော့ ကိုဗစ်ကူးစက်ရောဂါ အခြေအနေကြောင့်အွန်လိုင်းကနေပဲ ပြုလုပ်ကျင်းပြီး TV ရုပ်သံလိုင်းဖြစ်တဲ့ Channel 9 ကနေ ဒီဇင်ဘာ(၁၂) ရက်နေ့ ညမှာ ထုတ်လွှင့်ပြသခဲ့တာ ဖြစ်ပါတယ်။

 

 

Share

Loading Next Article...
က္က