ထွန်းအိန္ဒြာဗိုလ်ကတော့ အားကစားမှာ ထူးချွန်လှတဲ့ သားဖြစ်သူအတွက် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။
Photo: Htun Eaindra Bo
အဆိုတော် ၊ သရုပ်ဆောင် ထွန်းအိန္ဒြာဗိုလ်ရဲ့ သားဖြစ်သူ အောင်ဗိုလ်ကောင်းသန့်ကတော့ ဒီဇင်ဘာလ (၁၂) ရက်နေ့နဲ့ (၁၃) ရက်နေ့တို့မှာ ပြုလုပ်ခဲ့တဲ့ Club Championship ဂေါ့ဖ်ရိုက်ပြိုင်ပွဲမှာ longest drive ဆု (၂) ဆုတောင် ရရှိခဲ့တာပါ။ ဒါကြောင့် ထွန်းအိန္ဒြာဗိုလ်ကတော့ သားဖြစ်သူအတွက် ဂုဏ်ယူနေမိတဲ့ ပီတိလေးကို အခုလို ပြောပြလာပါတယ်။
" မေတ္တာပို့သ မှု အားလုံးအတွက် ကျေးဇူးတင်ပါတယ်ရှင် ။ သားသား longest drive ဆုကိုပထမနေ့ ၂၉၀ ကိုက် နှင့် ဒုတိယနေ့ ၂၉၁ ကိုက် တို့ဖြင့် ဆု ရရှိပါတယ်ရှင်" ဆိုပြီးတော့ ဒီဇင်ဘာလ (၁၄) ရက်နေ့ မနက် (၈) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတာပါ။ သူမရဲ့ သားဖြစ်သူအတွက် ပရိသတ်တွေကလည်း ဝမ်းသာဂုဏ်ယူနေကြပါတယ်။
Photo: Htun Eaindra Bo
ထွန်းအိန္ဒြာဗိုလ်ရဲ့ တစ်ဦးတည်းသော သားလေး အောင်ဗိုလ်ကောင်းသန့်ကတော့ အခုဆိုရင် အသက် (၁၄) ကျော်အရွယ်သာ ရှိပါတယ်။ သူ့ရဲ့ အင်္ဂလိပ်ကျောင်းနာမည်ကိုတော့ “ Cyrus" လို့ အမည်ပေးထားပါတယ်။ ပညာအရည်အချင်းကတော့ အခုချိန်မှာ (၉) တန်းအရွယ်သာရှိနေပြီး ကိုဗစ်ကာလဖြစ်တာကြောင့် Online ကနေ စာလေ့လာနေတယ်လို့ ထွန်းအိန္ဒြာဗိုလ်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကနေ တင်ခဲ့တဲ့ ဗီဒီယို ဖိုင်လေးမှာ ပြောပြခဲ့ဖူးပါတယ်။
Photo: Htun Eaindra Bo
ထွန်းအိန္ဒြာဗိုလ် ဟာ ဂီတပိုင်းမှာ သီချင်းခွေတွေ အများကြီး ထွက်ရှိထားသလို ရုပ်ရှင်ဘက်မှာလည်း ၁၉၉၉ခုနှစ်က " နှောင်းတမြေ့မြေ့" ၊ ၂၀၀၃ခုနှစ်မှာ "အမေ့နို့ဖိုး" ၊ ၂၀၀၅ ခုနှစ်မှာ "မိုးကုတ်စက်ဝိုင်းကို ကျော်လွန်၍" စတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကယ်ဒမီဆုတွေ ကိုပိုင်ဆိုင် နိုင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာတော့ ခင်ပွန်းဖြစ်သူ ကိုအောင်မင်းထွန်းရယ်၊ သားလေး အောင်ဗိုလ်ကောင်းသန့်ရယ် နဲ့ အတူ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ တစ်ဦးတည်းသော သားလေးကလည်း ပညာရေးမှာရော၊ အားကစားမှာရော ထူးချွန်တဲ့သူ တစ်ယောက်လို့ သိရပါတယ်။