နှင်းဆီအငြိမ့်အဖွဲ့သားတွေကတော့ သူတို့ချစ်ရတဲ့ ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေမယ့် ဟာသပျက်လုံးလေးတွေနဲ့ ဖျော်ဖြေတင်ဆက်သွားဖို့ ပြင်ဆင်နေကြပါပြီ။
Photo: Nay Toe
နေတိုးကတော့ နှင်းဆီအဖွဲ့ကို ချစ်ကြတဲ့ ပရိသတ်တွေအတွက် ဒီဇင်ဘာလ အတွင်းမှာ နှင်းဆီ အငြိမ့်ပွဲလေး ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ပွဲ ရဲ့ အသေးစိတ် အစီအစဉ်ကို အခုလို ပြောပြခဲ့ပါတယ်။
" အေးချမ်းတဲ့ December လရဲ့ ညတစ်ညမှာ ကျွန်တော်တို့ရဲ့ နှင်းဆီပရိတ်သတ်တွေအတွက် ပျော်စရာကောင်းတဲ့ အစီအစဉ်လေးတခု စီစဉ်ထားပါတယ်။ ချစ်ရတဲ့ပရိတ်သတ်တွေလည်း အားလုံး ပျော်ရမယ်။ ကျွန်တော်တို့နှင်းဆီတွေလည်း ပျော်နေရမယ်အစီအစဉ်လေးပါ။ အဲ့ဒီအစီအစဉ်လေးက ဘာလည်းဆိုတော့ နှင်းဆီပရိသတ်တွေ အတွက် သီးသီးသန့်သန့် နွေးနွေးထွေးထွေး ဆုံတွေ့အားပေးလို့ ရမယ့် Private Closed Group လေးတစ်ခု ကို ဖန်တီးထားပါတယ်။ နှင်းဆီကိုချစ်သော ပရိတ်သတ်များ အနေနဲ့ ကျွန်တော်တို့ ဖန်တီးထားတဲ့ Private Closed Group လေးထဲကို Group Member အဖြစ်ဝင်ရောက်ပြီးတော့ ကျွန်တော်တို့ရဲ့ ဖျော်ဖြေတင်ဆက် မှုများကို အားပေးကြည့်ရှု နိုင်မှာဖြစ်ပါတယ်" လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။
Photo: Nay Toe
Private Closed Group လေးမှာ နှင်းဆီအဖွဲ့ရဲ့ ဖျော်ဖြေတင်ဆက်မှုတွေကို အမြဲတမ်း အားပေးခွင့်ရမယ့် Group လေးဖြစ်တယ်လို့ သိရပါတယ်။ Group Member တစ်ယောက်ကို ငွေကျပ်(၅၀၀၀) သာ ကောက်ခံပြီး ဖျော်ဖြေမှုတွေကို တစ်ဝကြီး ခံစားရမယ်လို့လည်း နေတိုးက ပြောပါတယ်။
" ဒီနှင်းဆီတွေရဲ့ Private Closed group ထဲကို ပရိသတ်တွေ က Group Members အဖြစ် ဝင်ရောက် ကြည့်ရှု အားပေးဖို့အတွက် Facebook account တခုကို ကျပ် ၅၀၀၀ သာပေးရမှာဖြစ်ပါတယ်။ ကဲ ...... ကျွန်တော်တို့ နှင်းဆီတွေ ရဲ့ဖျော်ဖြေတင်ဆက်မှုတွေက ဘာတွေဖြစ်မလဲဆိုတာကို သိချင်ရင်တော့ ဒီ နှင်းဆီတွေရဲ့ Private Closed Group ထဲကို လာ ရောက် Join ထားဖို့ ဖိတ်ခေါ်ပါတယ်။ Private Close group နာမည် နဲ့ ပြုလုပ်မယ့်ရက်နဲ့ အချိန်ကိုလည်း ထပ်မံ ကြေညာသွားပါမယ်ဗျာ။သေချာတာကတော့ ကျွန်တော်တို့ နှင်းဆီပရိတ်သတ်တွေ အရမ်းပျော်နေစေမယ်ဗျာ။ ကဲ ဘယ်လိုလည်း မိတ်ဆွေတို့" ဆိုပြီးတော့လည်း ဆက်လက် ရေးသားထားတာ တွေ့ရပါတယ်။
Photo: Kyaw Kyaw Bo
နှင်းဆီအဖွဲ့ ရဲ့ Private Closed group လေးထဲကိုတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ မြန်မာပရိသတ်တွေ အားလုံး ကြည့်ရှုခံစားလို့ရမယ့် အခွင့်အရေး တစ်ခုဖြစ်တယ်လို့လည်း ကျော်ကျော်ဗိုလ်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ဖူးပါတယ်။ ဒီဇင်ဘာလ ရဲ့ ညလေး တစ်ညမှာ ဖျော်ဖြေပွဲ လုပ်သွားမယ့် နှင်းဆီအဖွဲ့သားတွေ အတွက် ပရိသတ်တွေကလည်း Comment ကနေ တဆင့် အားပေးကြမယ့် အကြောင်းတွေ ပြောခဲ့ကြ ပါသေးတယ်။
နှင်းဆီအဖွဲ့သားတွေထဲမှာတော့ သရုပ်ဆောင် နေတိုး၊ ကျော်ကျော်ဗိုလ်၊ မင်းမော်ကွန်း၊ ထွန်းထွန်း၊ ရဲလေး တို့ ပါဝင်တာ တွေ့ရပါတယ်။ နှင်းဆီဖောင်ဒေးရှင်းတစ်ခုအဖြစ် ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)ကထူထောင်ခဲ့တာဖြစ်ပြီး ညီညီညွှတ်ညွှတ်နဲ့ အလှူအတန်းတွေလည်း မကြာခဏ ဆောင်ရွက်လေ့ရှိပါတယ်။ နှင်းဆီအဖွဲ့သားတွေအနေနဲ့ တကယ်ကို အခက်အခဲ ကျရောက်နေတဲ့ ဒေသတွေမှာ ကျောင်းဆောက်၊ ဘုရားတည် စတဲ့ အလှူအတန်းတွေ လုပ်ခဲ့တာကိုလည်း တွေ့ရပါတယ်။