ဇာခါကတော့ ဘန်လေနဲ့ပွဲမှာ အနီကဒ် ထိခဲ့တာပါ

အာဆင်နယ်ပွဲကြည့်ဖို့ တီဗွီဖွင့်ပြီးမှ ချက်ခြင်း ပြန်ပိတ်လိုက်တာကြောင့် ဘာလို့လဲလို့ မေးလိုက်ချိန် ဇာခါ အသင်းခေါင်း ဆောင်ဖြစ်နေလို့ဟု အွန်နရီက ပြန်ပြောခဲ့ကြောင်း အီဗရာက ဆိုပါတယ်။

အာဆင်နယ်အသင်းဟာ မနေ့ညက ဘန်လေအသင်းကို အိမ်ကွင်းမှာ ၀-၁နဲ့ အရေးနိမ့်ပြီး လိဂ်အိမ်ကွင်း ၄ပွဲဆက် အရေးနိမ့် ခဲ့ပါပြီ။



ဒီပွဲမှာ အာဆင်နယ်အသင်းအနေနဲ့ ဇာခါ အနီကဒ်ပြစ်ဒဏ်ပြသခံခဲ့ရပြီး တိုက်စစ်မှူး အူဘာမီယန်းရဲ့ ကိုယ့်ဂိုး ကိုယ်ပြန် သွင်းမိတဲ့ တစ်လုံးတည်းနဲ့ အရေးနိမ့်ခဲ့တာပါ။

ဒီလိုမျိုး လိဂ်မှာ အိမ်ကွင်း ၄ပွဲဆက် အရေးနိမ့်တာဟာ အသင်းသမိုင်းတစ်လျှောက် ၆၁နှစ်အတွင်း ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ ရှုံးနိမ့်မှု အဓိက တရားခံမှာ ဇာခါသာ ဖြစ်ပြီးဇာခါ ဘယ်လောက်ထိ ဆိုးရွားလည်းဆိုတာကိုလည်း အီဗရာက အခုလို ပြောပြပါတယ်။

“ကျွန်တော် အကြောင်းအရာကို မြန်မြန်ပြောပါမယ်။တစ်နေ့ကျတော့ အွန်နရီက ကျွန်တော့်ကို သူ့အိမ်မှာ အာဆင်နယ် ပွဲကြည့်ဖို့ လမ်းခေါ်ပါတယ်။တီဗွီကို ဖွင့်လိုက်ပြီးမှ ချက်ခြင်း ဆိုသလို ပြန်ပိတ်လိုက်ပါတယ်။ကျွန်တော်က ဘာလို့လဲလို့ မေးတော့ ဇာခါ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူတဲ့ပွဲကို မကြည့်ချင်ဘူးလို့ ဆိုပါတယ်။အဲ့နောက် ကျွန်တော်တို့ ဘောလုံးပွဲကို မကြည့်ဖြစ်တော့ပါဘူး။”လို့ အီဗရာက  Sky Sportsကို ပြောပါတယ်။

ဒါကို ဆိုလိုခြင်းဖြင့် အာဆင်နယ်အသင်းရဲ့ ဂန္တဝင်ကစားသမားကြီးတစ်ယောက်ဟာ ဇာခါအပေါ် ဘယ်လို မြင်လဲဆိုတာ ပေါ်လွင်စေတယ်လို့လည်း အီဗရာက ရှင်းပြပါတယ်။

“လွန်ခဲ့တဲ့ နှစ်နှစ်လောက်က အာဆင်နယ်အသင်းကို ကလေးတွေလိုပဲလို့ ကျွန်‌တော် ပြောလိုက်ချိန်မှာ သူ ထွက်လာပြီး သူ ငါတို့အကြောင်းပြောတာ ပထမဆုံးအကြိမ်မဟုတ်ဘူးလို့ဆိုပါတယ်။ အဲ့နောက် နောက်တစ်ပွဲမှာ သူ လူစားဝင်ခွင့်ရပြီး သူ့ အင်္ကျီကို ချွတ်လိုက်ပါတယ်။ကျွန်တော်ထင်ပါတယ် အာဆင်နယ် ပရိသတ်တွေဇာခါကို လုံလောက်ပါပြီ။”လို့ အီဗရာက ဆို ပါတယ်။

ရှုံးပွဲကြောင့် အာဆင်နယ်ဟာ အဆင့် ၁၅မှာ ဆက်လက်ရပ်တည်နေပြီး ၁၂ပွဲကစားထားရာမှာ ၄ပွဲသာနိုင်ပြီး ၇ဂိုးသာ ရရှိ ထားပါတယ်။

လာမယ့် စနေနေ့မှာ အဲဗာတန်အသင်းနဲ့ အဝေးကွင်းမကစားခင် ‌‌ဆောက်သမ်တန်အသင်းကို ဗုဒ္ဓဟူးနေ့မှာ ဧည့်ခံ ကစားရ ပါဦးမယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က