မီးရှို့ဖျက်ဆီးမှုတွေပါ လုပ်ခဲ့တယ်လို့ ဆိုပါတယ်

ပြီးခဲ့တဲ့ စနေနေ့က အိန္ဒိယမှ Wistron Corporation မှာ လစာကိစ္စနဲ့ ပတ်သက်ပြီး ဝန်ထမ်းတွေ ဆူပူသောင်းကြမ်းမှုနဲ့ ကြုံခဲ့တယ်လို့ ဆိုပါတယ်။

iPhone တွေ တပ်ဆင်ထုတ်လုပ်နေတဲ့ ထိုင်ဝမ်အခြေစိုက် Wistron Corporation မှာ လစာလျှော့ချလိုက်တဲ့ အပေါ် ဝန်ထမ်းတွေဟာ ဒေါသထွက်ခဲ့ပြီး ပြတင်းမှန်တွေ ရိုက်ခွဲခြင်းနဲ့ ကားတွေ မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့တယ်လို့ Times of India သတင်းက ဖော်ပြထားပါတယ်။ လက်ရှိ iPhone SE မော်ဒယ်တွေ တပ်ဆင်ပေးနေတဲ့ ကာနာတာကပြည်နယ် ဘန်ဂလိုးမြို့နဲ့ ကီလိုမီတာ ၆၀ ဝန်းကျင်မှာ ရှိတဲ့ နာဆာပူရမှ Wistron စက်ရုံမှာ ဖြစ်ပွားခဲ့တာပါ။



Photo: Focus Taiwan

ညဆိုင်းဆင်းဖို့ လုပ်နေစဉ်အတွင်း လစာလျှော့ခံရတာ သိလိုက်ရတဲ့ ဝန်ထမ်းတွေဟာ ရုံးထဲက မထွက်ခွာခင်မှာ ရုံးတွင်းပရိဘောဂပစ္စည်းတွေနဲ့ စက်ရုံတွင်းပစ္စည်းတွေကို ဖျက်ဆီးပစ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဆူပူကန့်ကွက်မှုအတွင်းမှာ အလုပ်သမား ၂၀၀၀ ခန့် ပါဝင်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြထားပါတယ်။ ရဲတပ်ဖွဲ့ကလည်း အခင်းဖြစ်ပွားမှုကို စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ကုမ္ပဏီအနေနဲ့ ကတိပြုထားတဲ့ အတိုင်း လစာမပေးဘူးလို့ ဝန်ထမ်းတွေက ပြောကြောင်း Times of India သတင်းမှာ ဖော်ပြထားပါတယ်။



"အင်ဂျင်နီယာဘွဲ့ရတစ်ယောက်ကို တစ်လ ရူပီး ၂၁၀၀၀ ပေးမယ်လို့ ကတိပေးထားပေမယ့် လစာကို ရူပီး ၁၆၀၀၀ အထိ လျှော့ချခဲ့တယ်။ နောက်ပိုင်း ပြီးခဲ့တဲ့လအနည်းငယ်အတွင်းမှာ ရူပီး ၁၂၀၀၀ အထိ လျှော့ချခဲ့တယ်။ အင်ဂျင်နီယာဘွဲ့ရမဟုတ်သူတွေရဲ့ လစာကိုတော့ ရူပီး ၈၀၀၀ အထိ လျှော့လိုက်ကြတယ်။" လို့ ဝန်ထမ်းတစ်ယောက်က ပြောပါတယ်။

နာဆာပူရမြို့မှာ ရှိတဲ့ ၄၃ ဧကကျယ်ဝန်းတဲ့ စက်ရုံမှာ Wistroon ဟာ ရူပီး ကုဋေ ၂၉၀၀ ဝန်းကျင် ရင်းနှီးမြှပ်နှံထားပြီး လူပေါင်း ၁ သောင်းကျော်ကို အလုပ်ပေးထားပါတယ်။ ဒီစက်ရုံကနေ Apple ရဲ့ iPhone SE များ ၊ IOT နဲ့ ဇီဝနည်းပညာထုတ်ကုန်များ ထုတ်လုပ်နေတာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က