လေပြင်းတိုက်ခတ်မှုတွေကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေလည်း ဖြစ်ပေါ်နေခဲ့ပါတယ်။

မိုင်ပေါင်း ၆၂၁ မိုင်ရှည်လျားတဲ့ ဩစတြေးလျနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းတစ်လျှောက်မှာ ရာသီဥတု ပြင်းထန်ဆိုးရွားနေပြီး မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ ပုံမှန်မဟုတ်တဲ့ ဒီရေလှိုင်းတက်ရောက်မှုတွေကို Brisbane နဲ့ Gold Coast မြို့တွေမှာ ကြုံတွေ့ရတယ်လို့ ဆိုပါတယ်။

(Photo: BBC)

လေပြင်းတိုက်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် အဆိုပါမြို့များရှိ နေအိမ် ၂,၀၀၀ ကျော်ဟာ ယနေ့ (ဒီဇင်ဘာ ၁၅ ရက်) လျှပ်စစ်ဓာတ်အား ပြတ်တောက်နေခဲ့ပါတယ်။ ရာသီဥတု ပြင်းထန်ဆိုးရွားမှုအတွင်း ၂၆ ပေအထိမြင့်တဲ့ ဒီရေလှိုင်းများ တက်ရောက်ခဲ့ပြီး နေရာအချို့မှာ ကမ်းခြေကို ရေတိုက်စားသွားခဲ့ပါတယ်။



အရေးပေါ်ဌာနက ယမန်နေ့ (ဒီဇင်ဘာ ၁၃ ရက်) မှာ ဖုန်းခေါ်ဆိုမှု အကြိမ် ၇၀၀ ကျော် လက်ခံရရှိခဲ့ကြောင်း ပြောပါတယ်။ ရေကြီးမှုအတွင်း သောင်တင်နေခဲ့တဲ့ လူခြောက်ဦးကို သွားရောက်ကယ်ဆယ်ခဲ့ကြောင်း အရေးပေါ်ဌာက ဆိုပါတယ်။ ဩစတြေးလျရဲ့ ယခုနှစ် နွေရာသီကာလမှာ လာနီညာရာသီဥတု သက်ရောက်မှုတွေကို ကြုံရလိမ့်မယ်လို့ မိုးလေဝသပညာရှင်တွေက သတိပေးထားပါတယ်။

လာနီညာသက်ရောက်မှုကြောင့် မိုးရွာသွန်းမှုပိုများနိုင်ပြီး အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းများ ပိုမိုဖြစ်ပေါ်နိုင်ကြောင်း သိရပါတယ်။ လက်ရှိ ရာသီဥတု ပြင်းထန်ဆိုးရွားမှုဟာ အားလပ်ရက် ခရီးထွက်လေ့ရှိကြတဲ့ ကွင်းစ်လန်းပြည်နယ်ရှိ Sunshine Coast နဲ့ Gold Coast ၊ New South Wales (NSW) ပြည်နယ်ရှိ Byron Bay တို့မှာ သက်ရောက်မှုရှိခဲ့ပါတယ်။

ရာသီဥတု ပြင်းထန်ဆိုးရွားတဲ့ အန္တရာယ်ကြောင့် ကမ်းခြေအများအပြားကို ယနေ့ ပိတ်ထားခဲ့ပါတယ်။ ဩစတြေးလျမိုးလေဝသဌာန (Bureau of Meteorology - BoM) က ကွင်းစ်လန်ပြည်နယ်ရှိ Hervey Bay မှ NSW ပြည်နယ်ရှိ Taree အထိ ကမ်းရိုးတန်းဒေသများတစ်လျှောက် ရာသီဥတု ပြင်းထန်ဆိုးရွားမှု သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ထိုနေရာဒေသများမှာ လေပြင်းတိုက်ခတ်မှုကြောင့် အပျက်အစီးများဖြစ်ပေါ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနဲ့ အန္တရာယ်ရှိတဲ့ ဒီရေလှိုင်းတက်ရောက်ခြင်းတို့ ကြုံရနိုင်ကြောင်း သတိပေးထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က