ဝတ်မှုံရွှေရည်ကတော့ ကိုဗစ်ကြောင့် ဇာတ်ကားရိုက်ကူးရေးတွေ ရပ်နားထားပေမယ့် ပရိသတ်နဲ့ အဆက်မပြတ်အောင် ကြိုးစားနေထိုင်မှုတွေကို ပြောပြလာပါတယ်။
Photo: Wutt Mhone Shwe Yi
မြန်မာနိုင်ငံရဲ့ ထိပ်တန်းစာရင်းဝင် မင်းသမီးချောလေးဖြစ်တဲ့ ဝတ်မှုံရွှေရည်ကတော့ ၂၀၂၀ ခုနှစ် အကုန်အထိ သူမ ဖြတ်သန်းလာခဲ့တဲ့ တစ်နှစ်တာ အတွေ့အကြုံတွေကို မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။
“ ၂၀၂၀ အတွက် တစ်နှစ်စာကို ပြန်သုံးသပ်မယ်ဆိုရင်တော့ အိုခေပါတယ်။ ကိုယ့်ကိုယ်ကိုယ် အချိန်တစ်ခုပေးပြီးတော့ ပြုပြင်ပြောင်းလဲနိုင်တဲ့ အချိန်တွေ ထွက်လာတယ်။ အလှူအတန်းတွေ ပိုပြီးတော့ လုပ်ဖြစ်တယ်။ ကိုယ့်ကိုယ်ကိုယ် ပိုတိုးတက်လာတယ်လို့တော့ ထင်ပါတယ်။ ပြီးတော့ ကစ်လုပ်ဖို့အတွက် တခြား အပြင်အလုပ်တွေကိုပါ လေ့လာဖြစ်တယ်” လို့ ဆိုပါတယ်။
Photo: Wutt Mhone Shwe Yi
ဒါ့အပြင် ရုပ်ရှင်ရိုက်ကူးရေးတွေ နားထားပေမယ့်လည်း ဝတ်မှုံရွှေရည် က သူမကိုချစ်တဲ့ ပရိသတ်တွေ မမေ့အောင် အလှဓာတ်ပုံလေးတွေ၊ ကြော်ငြာရိုက်ကူးရေးလေးတွေ လုပ်နေတာကို တွေ့ရပါတယ်။
“ ပရိသတ်တွေနဲ့ အဆက်မပြတ်အောင်နေဖို့ဆိုတာက အခုချိန်မှာ ရုပ်ရှင်တွေလည်း ပြန်ရိုက်လို့ မရသေးတော့ အဆင်ပြေသလို လှုပ်ရှားမှုလေးတွေ လုပ်နေရတာပေါ့နော်။ တကယ်လို့ ရုပ်ရှင်တွေ ပြန်ရိုက်လာရပြီဆိုရင် ပရိသတ်တွေလည်း အရင်ကလိုပဲ အားပေးသွားမယ်လို့ မြင်ပါတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။
Photo: Wutt Mhone Shwe Yi
ဝတ်မှုံရွှေရည်ဟာ ပြည်ပမှ ချီးမြှင့်ခဲ့တဲ့ အနုပညာဆု အနေနဲ့ စင်ကာပူနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Asian Academy Creative Award ဆုချီးမြှင့်ပွဲမှာ "လိပ်ပြာစံအိမ်"ရုပ်ရှင်ဇာတ်ကားကြီးနဲ့ Best Actress ဆုကို ရရှိပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ Asian Academy Creative Award မှာ ဇာတ်ပို့ဆုကို ကိုယ်တိုင်ကြေညာပေးဖို့အတွက် အစီအစဉ်တင်ဆက်သူ တစ်ယောက်အဖြစ်နဲ့လည်း မြင်တွေ့ခဲ့ရပါသေးတယ်။ သူမအနေနဲ့ ပြည်ပအနုပညာရှင်တွေနဲ့လည်း လက်တွဲအလုပ်လုပ်နေရသူ တစ်ယောက် ဖြစ်ပါတယ်။ “From Bangkok to Mandalay” ရုပ်ရှင်ဇာတ်ကား၊ “ဇာတိမြေ” ရုပ်ရှင်ဇာတ်ကား၊ “လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားတွေ ကလည်း ပြည်ပအနုပညာရှင်တွေနဲ့ အတူ ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေ ဖြစ်ပါတယ်။
Photo: Wutt Mhone Shwe Yi
ဒါ့အပြင် ၂၀၁၃ ခုနှစ်မှာ "နင်စေရင်" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး အကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတော ရကျောင်းတိုက်မှာ လှူဒါန်းခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၄ခုနှစ်မှာတော့ " နှလုံးသားနဲ့ပြုလုပ်သည်" ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုလည်း ရရှိထားပါတယ်။ အဲ့ဒီနောက် အာရှနဲ့ ပစိဖိတ်ဒေသက လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ ပရိသတ်တွေအပေါ် လွှမ်းမိုးနိုင်မှု အများဆုံး အနုပညာရှင်တွေထဲက မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ Forbes Asia’s 100 digital star ဆုကိုလည်း ရရှိထားသူဖြစ်ပါတယ်။