ဘယ်လို သီချင်းပုံစံလေး ဖြစ်မလဲ။

ဝါဆိုမိုးဦး နဲ့ ဖြိုးလေးတို့ ချစ်သူ စုံတွဲကတော့ သီချင်းအသစ်လေး နဲ့ ပရိသတ်ကို မိတ်ဆက်ပေးဖို့ ပြင်ဆင်နေတယ်လို့ဆိုပါတယ်။ 

Photo: War So Moe Oo



ဝါဆိုမိုးဦးကတော့ သရုပ်ဆောင် အလုပ်ဆိုတာထက် ဂီတအလုပ်ကို တစိုက်မတ်မတ် လုပ်ဆောင်လာတဲ့ အနုပညာရှင်တစ်ယောက်ပါ။ လက်ရှိမှာလည်း သူဟာ ချစ်သူဖြစ်တဲ့ ဖြိုးလေး နဲ့ စုံတွဲ သီချင်းလေး လုပ်ထားတဲ့ အကြောင်းပြောပြလာပါတယ်။

“ လောလောဆယ်တော့ ဝါဆို့အတွက် သီချင်းတွေ စီစဉ်ထားတာတော့ မရှိဘူး ကိုဖြိုးလေးနဲ့တော့ အမြူးလေး တစ်ပုဒ် ဆိုထားတယ်။ ကိုဗစ်ပြီးမှပဲ ထွက်ဖြစ်မယ် ထင်ပါတယ်။ MTV တွေ ရိုက်ဖို့ကျတော့လည်း ကိုဗစ်နဲ့ ဆိုတော့ အဆင်မပြေဘူး။ ဒါပေမယ့် ဝါဆို ရဲ့ လှုပ်ရှားမှုကတော့ အွန်လိုင်းနဲ့ ပတ်သက်တဲ့ အရာလေးတွေ လုပ်ဖြစ်နေတယ်” လို့ Duwun ကို ပြောပါတယ်။ 


Photo: War So Moe Oo

အဲဒီနောက် အဆိုတော် ဖြိုးလေးကလည်း ချစ်သူဖြစ်တဲ့ ဝါဆိုမိုးဦးနဲ့ ပျော်ပျော်ပါးပါး ရိုက်ကူးထားတဲ့ အမှတ်တရ ဗီဒီယိုလေးတွေကိုလည်း ပရိသတ်ကို တင်ဆက်သွားဦးမယ်လို့ ဆိုပါတယ်။ 

“ ကျွန်တော်ကတော့ New Year ပွဲတွေတော့ ရှိမှာပါ။ သီချင်းကတော့ ကျွန်တော်တို့ နှစ်ယောက်တွဲ လုပ်ထားတာလေးတွေရှိတယ်။ ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် စတာ နောက်တာလေးတွေလည်း ပရိသတ်ကို ပြဖို့ရှိတယ်။ အရင်ကတည်းက တစ်ယောက်နဲ့ တစ်ယောက် စတာ နောက်တာလေးတွေကို ရိုက်ထားပြီးသား သူလည်း ကိုယ့်အလစ်မှာ ကိုယ့်ကို ရိုက်ထားတာလေးတွေရှိသလို သူ့ အလစ်မှာလည်း ကိုယ်က စပြီးတော့ ရိုက်ထားတာရှိတယ်။ တစ်ယောက်နဲ့ တစ်ယောက်က ပျော်ပျော်လေးပဲ နေဖြစ်တာပါ” လို့ ဆက်လက် ဖြေဆိုခဲ့ပါတယ်။ 

 

Photo: War So Moe Oo

ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ရဲ့ အချစ်ရေးကိုတော့ ၂၀၁၆ ခုနှစ်လောက်မှာ ပရိသတ်တွေကို တရားဝင် အသိပေးခဲ့ကြတာ ဖြစ်ပါတယ်။ ချစ်သူသက်တမ်း(၅) နှစ်တာ ခရီးမှာ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေ နဲ့ တည်ဆောက်ထားကြတာဖြစ်ပြီး အနုပညာလုပ်ငန်းတွေမှာလည်း ဖေးမကူညီပေးတာတွေ တွေ့ရသလို အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း အတွဲညီညီ ဆောင်ရွက်လေ့ရှိတဲ့ ချစ်သူ စုံတွဲ တစ်တွဲဖြစ်ပါတယ်။ သူတို့ နှစ်ဦးရဲ့ မင်္ဂလာသတင်းကိုတော့ နောက် (၃) နှစ်နေမှသာ ပရိသတ်တွေကို အသိပေးသွားမယ်လို့လည်း Duwun အင်တာဗျူးမှာ ဝါဆိုမိုးဦးက ဖြေဆိုထားဖူးပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က