ရောင်းအားကလည်း မြင့်တက်လို့နေပါတယ်။

ဇဏ်ခီကိုယ်တိုင် ရေးသားထားတဲ့ ' စံ' စာအုပ်ကတော့ ထွက်ရှိတဲ့နေ့မှာတင် အုပ်ရေ (၁၅၀၀) အထိ ရောင်းအားတက်ခဲ့တာဖြစ်ပြီး အုပ်ရေ (၁၀၀၀) ထပ်မံ အော်ဒါ တက်နေတယ်လို့ သိရပါတယ်။ 

Photo: Zenn Kyi

ဇဏ်ခီက သူ့ရဲ့ ဒုတိယမြောက် စာအုပ်လေးဖြစ်တဲ့“ စံ” ဆိုတဲ့စာအုပ်လေးကို ဒီဇင်ဘာလ (၉) ရက်နေ့ကတည်းက ပရိသတ်တွေနဲ့ မိတ်ဆက်ပေးခဲ့တာပါ ။ ဒီ စာအုပ်လေးထဲမှာ သူ့ရဲ့ အတွေး အမြင်လေးတွေကို စာသားလေးတွေအဖြစ် ဖန်တီးပုံဖော်ထားပြီး ပရိသတ် သိအောင် မျှဝေပေးထားတယ်လို့ ဆိုပါတယ်။ ‘ စံ’ လို့ အမည်ပေးထားတဲ့ စာအုပ်လေးထဲက ‘ စံလိုတယ်’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားထားတဲ့ စာတိုလေးကို ဇဏ်ခီက အခုလို ဖတ်ပြခဲ့ပါတယ်။ 

“ဒီ စာအုပ်လေးထဲမှာ ဖတ်ပြချင်တဲ့ စတိုလေးက ' သူငယ်ချင်းတစ်ယောက် အမြဲပြောတယ်။ ကောင်းတယ် မကောင်းဘူးဆိုတာ လူတစ်ယောက်တည်းရဲ့ အကြိုက်နဲ့လည်း သက်ဆိုင်တယ်တဲ့။ ကျွန်တော် လုံးဝ သဘောမတူပါဘူး။ စံလိုတယ် ဘယ်ထွက်ကုန်မဆို အဝတ်အစား၊ စားသောက်ကုန်၊ အနုပညာ စသည်ဖြင့် ဘယ်အရာက ဘယ်အဆင့်ရှိတယ်ဆိုတာ သိဖို့လိုပါတယ်။ မသိဘူး သိဖို့ မကြိုးစားဘူးဆိုရင် ကိုယ့် Level ဘယ်မှာ ရှိနေသလဲဆိုတာ ကိုယ်မသိနိုင်သလို သူများတွေရဲ့ Level အထိ ရောက်အောင် ကြိုးစားနိုင်ဖို့ကလည်း မဖြစ်နိုင်ဘူး။ သူများရဲ့ အောင်မြင်မှု၊ ကြိုးစားမှုတွေကိုလည်း မြင်တွေ့နိုင်မှာ မဟုတ်ပါဘူး။ ဥပမာ - အစားကောင်း မကြိုက်တဲ့ သူက စားဖိုမှူးကောင်း တစ်ယောက် မဖြစ်နိုင်ဘူး၊ သီချင်း မကြိုက်တဲ့ သူက သီချင်းရေးဆရာကောင်း မဖြစ်နိုင်ဘူး။ ရုပ်ရှင်မကြိုက်တဲ့ သူက Film Maker ကောင်း တစ်ယောက် မဖြစ်နိုင်ပါဘူး။ ဘယ်ဟာက ကောင်းတယ်ဆိုတာ ဘယ်လို သိနိုင်မလဲ' ကျွန်တော့်ရဲ့ အတွေးအမြင်တွေကို စာဖတ် ပရိသတ်တွေနဲ့ မျှဝေခွင့်ရတာ အရမ်းဂုဏ်ယူပါတယ်။ ဒီစာအုပ်လေးကို ဇလပ်နီ စာပေကနေ ဒီဇင်ဘာလ ၉ ရက်နေ့က စပြီး ဝယ်ယူလို့ ရပါပြီ။ အားပေးတဲ့ ပရိသတ် တစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူး တင်ပါတယ်” " လို့ ဇဏ်ခီရဲ့ ဖေ့စ်ဘွတ်မှာ ဗီဒီယို ဖိုင်လေး တင်ရင်း ပြောခဲ့တာပါ။ 

Photo: Zenn Kyi

ဇဏ်ခီရဲ့ ' စံ' စာအုပ်ကိုတော့ စထွက်တဲ့ နေ့မှာတင် ဇလပ်နီ စာပေမှာ အုပ်ရေ (၁၅၀၀) ရောင်းအား တက်ခဲ့တာကို တွေ့ရပါတယ်။ ထွက်ရှိပြီးတဲ့ (၅) ရက်မြောက်နေ့မှာပဲ နောက်ထပ် အုပ်ရေ (၁၀၀၀) အော်ဒါ ထပ်တက်လာတယ်လို့ ဇဏ်ခီက ဆိုပါတယ်။ 

" နောက်ထပ် အုပ်(၁၀၀၀) ထပ်ထိုးနေပါတယ်။ Pre-order အရှေ့ပိုင်း system error တက်သွားလို့မရလိုက်တဲ့သူတွေရော နောက်မှာတဲ့သူတွေရောအဆင်ပြေအောင်လို့ပါ။ အားပေးသူများကို အထူးပဲကျေးဇူးတင်ပါတယ်ဗျ" လို့လည်း ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေ (၅) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ ဇဏ်ခီရဲ့ ' စံ' စာအုပ်ကို တစ်အုပ်လျှင် (၃၅၀၀) ကျပ်နဲ့ ဇလပ်နီစာပေမှာ ဝယ်ယူရရှိနိုင်တယ်လို့လည်း သိရပါတယ်။ 

Photo: Zenn Kyi

အနုပညာနဲ့ ပတ်သက်လာရင် သရုပ်ဆောင် ဘက်မှာသာမက စာပေဘက်မှာပါ ထူးချွန်တဲ့ ဇဏ်ခီဟာ ပထမဆုံး ထွက်ရှိခဲ့တဲ့ စာအုပ်လေးကိုတော့ " ကိုယ်တိုင် သိရှိသွားမှု" လို့ အမည်ပေးထားတာ ဖြစ်ပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီလက ထွက်ရှိခဲ့တာဖြစ်ပါတယ်။ သူဟာ ဇနီးဖြစ်သူ ဒါရိုက်တာ ခရစ္စတီးနားခီရိုက်ကူးတဲ့ ' ဥပါယ်တံမျဉ်'၊ ' မုဒြာရဲ့ ခေါ်သံ' နဲ့ ' Now & Ever' ရုပ်ရှင်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင် ခဲ့တာဖြစ်ပြီး ပရိသတ်အားပေးမှုတွေကို ခိုင်ခိုင်မာမာ ရရှိခဲ့ပြန်ပါသေးတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က