၂၀၂၀ မှာ သူ့ရဲ့ အတွေ့အကြုံတွေကို မျှဝေလာပါတယ်။

ဖွေးဖွေး ကတော့ ၂၀၂၀ ခုနှစ် တစ်နှစ်တာ ဖြတ်သန်းမှုမှာ ရရှိခဲ့တဲ့ သင်ခန်းစာနဲ့ အတွေ့အကြုံတွေကို အခုလို ပြောပြလာပါတယ်။ 

Photo: Phway Phway

သရုပ်ဆောင် ဖွေးဖွေးကတော့ ၂၀၂၀ ခုနှစ်အတွင်းမှာ ကိုဗစ်ကူးစက်ရောဂါကြောင့် အနုပညာအလုပ်တွေ ရပ်နားထားတာ တွေ့ရပါတယ်။ ၂၀၂၀ ခုနှစ် တစ်နှစ်လုံးကို ကိုဗစ် ကူးစက်ရောဂါကို ကာကွယ်နေရင်းနဲ့ ဖြတ်သန်းနေရသလို အချင်းချင်းဘယ်လို ကူညီရမလဲဆိုတဲ့ အတွေးတွေနဲ့ ဖြတ်သန်းနေရတယ်လို့ ဆိုပါတယ်။

“ ၂၀၂၁ အတွက်တော့ ကိုယ့်ဘာသာကိုယ် ကျန်းမာအောင်ပဲ ကြိုးစားနေရတယ်၊ ကိုဗစ် မဖြစ်အောင်ပေါ့။ ၂၀၂၀ မှာ အဆိုးတွေရော၊ အကောင်းတွေရော ရောနှောနေရတာပေါ့။ ကိုဗစ်ဖြစ်သွားတဲ့ အတွက် ဖွေးတို့ မိတ်ဆွေတွေထဲမှာ ဆုံးပါးသွားတာတွေရှိတယ်၊ နေပြန်ကောင်းလာတဲ့ သူတွေရှိတယ်။ အဲဒီမှာ ကိုယ်သိလိုက်ရတာက Lite မှာ Shock ဖြစ်သွားတယ်။ အခုလို ကပ်ဆိုက်နေတဲ့ ကာလမှာလည်း အချင်းချင်း ဘယ်လို ကူညီမလဲ၊ ကိုယ့်ကိုယ်ကိုယ်ရော၊ တခြားသူတွေ ကိုရော ကောင်းအောင် ဘယ်လို ကူညီလို့ရမလဲ ဆိုတာကို စိတ်ကူးဖြစ်တယ်” လို့ မီဒီယာတွေကို ပြောပြလာပါတယ်။ 

Photo: Li John

ကိုဗစ်ကာလမှာ ခင်မင်သူတွေထဲက တစ်ယောက်ယောက်ကို ဆုံးရှုံးလိုက်ရတိုင်း မိဘနှစ်ပါးအတွက် စိုးရိမ်စိတ်တွေ ပိုနေမိတယ်လို့ ဖွေးဖွေးက ဆိုပါတယ်။ 

“ ပြီးတော့ ဒီကာလမှာ ကိုယ်စိတ်ပူတာက ကိုယ့်မိသားစုပါ။ ကိုယ့် အဖေနဲ့ အမေကျန်းမာနေတုန်းပါပဲ ဆိုတဲ့ စိတ်နဲ့ ဖြေရတယ်။ ပြီးတော့ ကိုယ့် သူငယ်ချင်းတွေထဲက သူတို့ မိဘ တချို့ ဆုံးသွားရင် ကိုယ့် မိဘအတွက် ပိုပြီးတော့ စိတ်ပူတတ်လာတယ်။ တရားနဲ့ ဖြေလိုက်၊ စိတ်ပူလိုက် တစ်လှည့်စီပါပဲ။ ဒါကတော့ ဖွေး အတွက် ၂၀၂၀ မှာ အမှတ်တရဆုံးလေးပါပဲ။ ၂၀၂၀ မှာ ကိုဗစ်ကြောင့် သင်ခန်းစာတွေလည်း ရတယ်၊ ကိုယ် မသိတာတွေရော၊ ကိုယ်သိရမယ့် အရာ ကိုယ်တန်ဖိုးထားရမယ့် အရာကိုလည်း ပိုသိလာတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

ဖွေးဖွေး(Phway Phway)ဟာ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု အကယ်ဒမီ (၃)ဆုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ပရိသတ်များစွာတို့ရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတဲ့ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သလို၂၀၁၅ ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုအဖြစ် ရွှေကြာရုပ်ရှင်ကားကြီးနဲ့ ထပ်မံရရှိခဲ့ပါတယ်။

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က