ဇန်နဝါရီလကစတင်ပြီး ပြောင်းလဲ ရိုက်နှိပ်ထားတယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာနက သိရပါတယ်။

ပြည်တွင်အခွန်များဦးစီးဌာန ၊ အောင်ဘာလေသိန်းဆုဌာနခွဲက ထုတ်ဝေရောင်းချနေတဲ့ ၁၀၀၀ ကျပ်တန် အောင်ဘာလေထီလက်မှတ်တွေကို ၂၀၂၁ခုနှစ် ဇန်နဝါရီလက စတင်ပြီး အစိမ်းနုရာင်ပြောင်းလဲရိုက်နှိပ်ထားတယ်လို့ သိရပါတယ်။

အစိမ်းနုရောင် အောက်ခံနဲ့ ပြောင်းလဲရိုက်နှိပ်တဲ့ ထီလက်မှတ်တွေကို ၂၀၂၁ခုနှစ်ရဲ့ ပထမသုံးလပတ်မှာ ရောင်းချသွားမှာဖြစ်ပြီး ထီလက်မှတ်ဈေးနှုန်းတော့ အပြောင်းအလဲမရှိဘူးလို့ ပြည်တွင်းအခွန်များ ဦးစီးဌာနက သိရပါတယ်။



" ၂၄ကြိမ် ၊ ၂၅ကြိမ် ၊ ၂၆ကြိမ်မြောက် ထီစာအုပ်တွေရဲ့ လုံခြုံမှုအရည်အသွေးပိုမိုကောင်းမွန်စေဖို့ ရည်ရွယ်ပြီး လုံခြုံရေးနဲ့ဆိုင်တဲ့ပုံနှိပ်လုပ်ငန်းများညွှန်ကြားရေးမှူးရုံး(ဝါဇီ)ကနေ ထီလက်မှတ်တွေကို အောက်ခံအရောင် အစိမ်းနုရောင်ကို ပြောင်းပြီး ရိုက်နှိပ်ဆောင်ရွက်ထားတယ်လို့ အကြောင်းကြားလာတယ် ။ ဒါကို ပြည်သူတွေ ကြိုပြီးသိအောင် ကြေညာပေးတာပါ ။ တခြားအပြောင်းအလဲတော့ မရှိသေးပါဘူး ရှိလာရင် ကြိုပြီး ကြေညာပေးပါမယ် "လို့ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်က Duwun ကို ပြောပါတယ်။

ထီလက်မှတ်တွေကို အောင်ဘာလေသိန်းဆုဌာနခွဲက လုံခြုံရေးနဲ့ဆိုင်တဲ့ပုံနှိပ်လုပ်ငန်းများ ညွှန်ကြားရေးမှူးရုံး(ဝါဇီ)ကို သုံးလစာ ကြိုတင်မှာယူရတဲ့အတွက် ၂၀၂၁ခုနှစ် ပထမသုံးလစာ မှာယူတဲ့ လက်မှတ်တွေကို ဒီလို ပြောင်းလဲရိုက်နှိပ်ပေးလိုက်တာပါ။

လက်ရှိမှာတော့ ၂၀၂၁ခုနှစ်အတွက် ပထမသုံးလစာ အနေနဲ့သာ ထီလက်မှတ်တွေကို အရောင်ပြောင်းလဲရိုက်နှိပ်ထားတာဖြစ်ပြီး ၂၀၂၁ခုနှစ်လုံးအတွက် ရိုက်နှိပ်ခြင်းရှိမရှိကိုတော့ ကြိုတင်မပြောနိုင်သေးဘဲ လစဉ် လဆန်းတစ်ရက်မှာ ထီလက်မှတ်နမူနာပုံစံတွေကို ကြိုတင်ကြေညာပေးမှာဖြစ်တယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာနကနေ သိရပါတယ်။

Share

Loading Next Article...
က္က