မန်စီးတီးကတော့ ဝက်စ်ဘရွန်းကို သရေကျသွားလို့ ၁၂ပွဲကစား ရမှတ် ၂၀နဲ့ အဆင့် ၆မှာ ရပ်တည်နေကာ ထိပ်ဆုံးက စပါးအသင်းနဲ့ ၅မှတ်ထိ ကွာဟနေပါပြီ။

မန်ချက်စတာစီးတီးအသင်းဟာ တန်းဆင်းဇုန်ထဲက ဝက်စ်ဘရွန်းအသင်းကို အိမ်ကွင်းမှာ အနိုင်မကစားနိုင်ခဲ့ပဲ တစ်ဂိုးစီ သရေကျခဲ့ပါတယ်။



အဓိကကတော့ ဝက်စ်ဘရွန်းဂိုးသမား ဂျွန်စတုန်းရဲ့ လက်စွမ်းပြ ကာကွယ်မှုတွေကြောင့် ဝက်စ်ဘရွန်း အဖိုးတန် သရေတစ်မှတ်ကို မန်စီးတီးအသင်းထံကနေ ခွဲယူနိုင်ခဲ့ပြီး မန်စီးတီးအသင်းကတော့ အဆင့် ၁ကအသင်းနဲ့ ၅မှတ်ထိ ကွာ ဟပြီး အဆင့် ၆မှာ ရပ်တည်နေပါတယ်။

“ခရီးရှည်ကြီး တစ်ခုဆိုပေမယ့် ထိပ်ဆုံးမှာ နေချင်ရင် ဒီလိုအချိန်တွေမှာအနိုင်ရထားဖို့တော့ လိုပါတယ်။ဒါပေမယ့် ကျွန် တော်တို့ မလုပ်နိုင်ခဲ့ပါဘူး။အခွင့်အရေးတွေတော့ ဖန်တီးနိုင်ခဲ့ပါတယ်။ပွဲကိုထိန်းချုပ်နိုင်ခဲ့ပေမယ့်နိုင်ဖို့လည်း လိုပါသေး တယ်။”လို့ ဂွါဒီယိုလာ ဆိုပါတယ်။

မန်စီးတီးကို သရေကျအောင်ကစားနိုင်ခဲ့ပေမယ့်လည်း ဝက်စ်ဘရွန်း နည်းပြ ဘီလစ်အတွက်တော့ လုံလောက်တဲ့ ရမှတ် မဟုတ်ဘူးလို့ ဆိုရမှာပါ။

ဝက်စ်ဘရွန်းအသင်းကတော့ လက်ရှိအချိန်ထိ ၁၃ပွဲကစား ၁ပွဲနိုင် ၄ပွဲသရေ ၈ပွဲရှုံးပြီး ရမှတ် ၇မှတ်နဲ့ အဆင့် ၁၉မှာ ရပ် တည်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က