စနေနေ့က အဲဗာတန်နဲ့ပွဲမှာလည်း ၁-၀နဲ့ အရေးနိမ့်ထားပြီး ယခု ဝုလ်နဲ့ အဝေးကွင်းမှာလည်း ၂-၁နဲ့ ထပ်မံ အရေးနိမ့် ခဲ့တာပါ။
ဝုလ်ကို နာကျင်အချိန်ပို ပေးဂိုးနဲ့ အရေးနိမ့်ခဲ့ပြီးနောက် မိမိတို့အသင်းဟာ ပွဲပန်းမှုဒဏ်ကို ခံစားရကောင်း ခံစားရနေ နိုင် တာကြောင့် အခုလို အရေးနိမ့်ခဲ့တာ ဖြစ်တယ်လို့ ချဲလ်ဆီးအသင်းနည်းပြ လမ်းပတ်က ထုတ်ဖော်ပြောလာပါတယ်။
ဝုလ်အသင်းရဲ့ တိုက်စစ်မှူး နီတိုဟာ မိနစ် ၉၀ပြည့်လို့ နာကျင်အချိန်ပို ၅မိနစ်ကျမှ အနိုင်ဂိုးကို သွင်းယူခဲ့တာ ဖြစ်ပြီး ဒီဂိုးဟာ OPTA ရဲ့ စစ်တမ်းအရ ၂၀၀၆-၀၇နောက်ပိုင်း ပရီးမီးယားလိဂ်မှာ ချဲလ်ဆီးအသင်းဖက်ကို သွင်းယူတဲ့ နောက်အကျဆုံးဂိုးလို့လည်း သိရပါတယ်။
အခုရှုံးပွဲကြောင့် ချဲလ်ဆီးအသင်းဟာ ၂ပွဲဆက် အရှုံးနဲ့ ရင်ဆိုင်လိုက်ရပြီ ဖြစ်ကာ ပြီးခဲ့တဲ့စနေနေ့ကလည်း အဲဗာတန် အသင်းကို အရေးနိမ့်ထားခဲ့တာပါ။
“အချို့ ပွဲပန်းနေနိုင်ပါတယ်။ကျွန်တော်တို့ ဒီဇင်ဘာလထဲမှာ ၅ပွဲထိ ကစားနှင့်ပြီးပါပြီ။ရှုံးမှ ဒီလိုပြောရတာ ဆင်ခြေတစ်ခု လို ခံစားရလို့ မပြောချင်ပေမယ့်လည်း မိနစ် ၆၀အထိ ကျွန်တော်တို့ကပိုကောင်းခဲ့ပါတယ်။ဒီပွဲမတိုင်ခင်က အဲဗာတန်ကို သွားခဲ့ပါတယ်။ပြီးနောက်ပြန်လာပြီး အခု ဝုလ်ကို ဆက်လက် ခရီးထွက်လာရပါတယ်။ဒါ့အပြင် ကျွန်တော်တို့မှာ ဒဏ်ရာ ပြဿနာလည်း အနည်းငယ်ရှိနေပါသေးတယ်။ဒါကြောင့် လူအများကြီး မလဲနိုင်ခဲ့ပါဘူး။”လို့ လမ်းပတ်က ထုတ်ဖော်ပြော ခဲ့ပါတယ်။
ချဲလ်ဆီးအသင်းကတော့ ၂ပွဲဆက်အရှုံးကြောင့် ထိပ်ဆုံးက စပါးထက် တစ်ပွဲပိုကစားပြီး ၂၂မှတ်ရရှိထားကာ အဆင့် ၅မှာ ရပ်တည်နေပါတယ်။