သူ့ရဲ့ပီတိတွေကို အခုလို ပြောပြလာပါတယ်။

အမေရိကန်နိုင်ငံမှာရှိတဲ့ Berkeley တက္ကသိုလ်ကနေ ချစ်သုဝေကို အောင်လက်မှတ်ချီးမြှင့်ခဲ့တာ ဖြစ်တာကြောင့် ဇနီးချောလေး ချစ်သုဝေအတွက် လင်းလင်းကတော့ ဂုဏ်ယူမဆုံးဖြစ်လို့နေပါတယ်။


Photo: Lin Lin



အဆိုတော် ချစ်သုဝေကတော့ အမေရိကန်နိုင်ငံ Berkeley တက္ကသိုလ်မှာ ဂုဏ်ထူးဆောင် အောင်လက်မှတ်ကို ဒီဇင်ဘာလ(၁၅) ရက်နေ့က ရရှိခဲ့တာ တွေ့ရပါတယ်။ သူမအတွက် ခင်ပွန်းဖြစ်သူ လင်းလင်း က ဝမ်းသာဂုဏ်ယူနေတဲ့ အကြောင်းတွေ ပြောပြလာပါတယ်။ 

“ BERKELEY ( ဘာကလေ) ဆိုတဲ့ ယူနီဗာစတီကနေ Professional Certificate ကြီးထပ်ရသွားလို့ဆိုပြီး ရထားတဲ့ ဒဏ်ရာကိုတောင် ဂရုမစိုက်နိုင်အားဘဲ နံရံကို လက်နဲ့ရိုက်လိုက်တာ။ ကျွန်တော်တို့တိုက်ရဲ့ ဝရံတာကအုတ်တွေ အချပ်လိုက်ကွာကြတယ်( အမှန်က အင်္ဂတေမကောင်းလို့ ) ရေအပြည့်ဖြည့်ထားတဲ့ စည်ပိုင်းကြီး သိမ့်သိမ့်တုန်သွားတယ် ( ခုထားတဲ့ ဂဲ လွတ်သွားလို့ ) အိမ်ရာတစ်ဝင်းလုံး မီးအလန်းတွေ ထမြည်တယ် ( ဘယ်အိမ်က လက်ကမြင်းပြီး ယောင်နှိပ်မိလိုက်လဲမသိ)ဖွင့်ထားတဲ့သီချင်း ရုတ်တရက် ရပ်သွားတယ် ( မီးပျက်သွားတာကိုး)။ဧည့်ခန်းက ဂစ်တာဟာ မတီးဘဲ ထ မြည်တယ် ( ခေတ်ခေတ်ကြီး တိုက်မိသွားတာလေ)So proud of u honey : အခုလဲ အိမ်ရာဝင်းထဲ ပတ်ပြေးနေတာ ၉၉ ပတ်ရှိပြီ( ကားနဲ့ )" ဆိုပြီးတော့ ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေ (၆) နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ 


Photo: Lin Lin

ချစ်သုဝေ ကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေကလည်း ဝမ်းသာဂုဏ်ပြုစကားတွေကို Comment ကနေ တဆင့် ပြောထားကြတာကိုလည်း တွေ့ရပါတယ်။ Berkeley တက္ကသိုလ်ဟာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ တည်ထောင်ထားတာဖြစ်ပြီး လူသားတွေရဲ့ ကျန်းမာရေး၊ ပညာရေး နဲ့ သိပ္ပံဆိုင်ရာ ပညာရပ်တွေ သင်ကြားပို့ချပေးတဲ့ ကမ္ဘာကျော်တက္ကသိုလ် တစ်ခုဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရှိ ပညာရေး စနစ် တစ်ခုအနေနဲ့ နှစ်စဉ်နှစ်တိုင်း ဘွဲ့ရကျောင်းသား (၁) သောင်းကျော်၊ ဘွဲ့ကြို ကျောင်းသား(၂၅၀၀၀) ကျော် အပြင် ဘွဲ့လွန်ကျောင်းသားများလည်း အများဆုံး ထွက်ရှိတဲ့ ကျောင်းလည်း ဖြစ်ပါတယ်။ ပညာရေးနဲ့ ပတ်သက်ပြီး နိုဘယ်ဆု (၂၂) ဆုကိုလည်း ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ 

Photo: Lin Lin

ချစ်သူဝေဟာ အခုလက်ရှိမှာတော့ ခါးရိုးကျိုးဒဏ်ရာကြောင့် နေအိမ်မှာပဲ ဆေးကုသမှု ခံယူနေတာ ဖြစ်ပါတယ်။ သူမဟာ ခေတ်သစ်ဖောင်ဒေးရှင်းအနေနဲ့ ကိုဗစ်ကာလမှာ အလှူအတန်းတွေ အဆက်မပြတ်ဆောင်ရွက်နေတာဖြစ်ပြီး COVID-19 ကာကွယ်ရေး ဆေးပစ္စည်းတွေ လိုအပ်မှုရှိနေတဲ့ ဆေးရုံကြီးတွေ၊ စားနပ်ရိက္ခာ အခက်အခဲကြုံတွေ့နေရတဲ့ နေရာ ဒေသတွေကို ကိုယ်တိုင်သွားရောက်ပြီး အလှူအတန်းတွေ လုပ်ခဲ့တာကိုလည်း တွေ့ရပါတယ်။ ချစ်သုဝေဟာ ခင်ပွန်းဖြစ်သူ လင်းလင်းနဲ့အတူ အမြွှာသမီးလေးတွေဖြစ်တဲ့ မေမြန်မာသစ်နဲ့ မေမြန်မာခေတ်တို့ကို ပိုင်ဆိုင်ထားသူတွေပါ။ သမီးလေး နှစ်ယောက်နာမည်နဲ့ " ခေတ်သစ်ဖောင်ဒေးရှင်း" ကိုလည်း ထူထောင်ထားကာ မွေးရာပါ နှလုံးရောဂါပါရှိတဲ့ ကလေးငယ်တွေကို အဓိကထား ခွဲစိတ်ကုသစာရိတ်ထောက်ပံ့ပေးနေသလို ကလေးတွေရဲ့ ပညာရေးအတွက်ပါ ဆောင်ရွက်ပေးနေတာ တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က