အခုလက်ရှိကတော့ ကွာရန်တင်းဝင်နေရပါတယ်။

ဒိုရာအဲလက်စ်ကတော့ ဆွစ်ဇလန်နိုင်ငံ Lausanne မြို့မှာ ပညာသင်ကြားနေရင်း သူချစ်တဲ့ မိသားစုဆီကို ပြန်လာခဲ့ရတဲ့ ခံစားချက်တွေကို အခုလို ပြောပြခဲ့ပါတယ်။ 

Photo: Dora Alex



အဆိုတော် အဲလက်စ်ရဲ့ သမီးငယ်လေး ဒိုရာ အဲလက်စ်ကတော့ ဆွစ်ဇလန်နိုင်ငံမှာ ပညာသင်ကြား နေတာဖြစ်ပြီး အခုဆိုရင် မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိနေပြီလို့ ပြောပါတယ်။ 

“ အဖေက လွမ်းလို့ ပြန်လာရတာပါ။ အဖေက မရတော့ဘူးတဲ့ သူ့ သမီးလေးကို အရမ်းလွမ်းနေပါပြီတဲ့လေ။ ကွာရန်တင်း တစ်နှစ်လုံးမှာ ဒိုရာ ကွာရန်တင်း ဝင်ရတာ (၃) ခေါက်ရှိပြီ။ တစ်ခါက ဖလော်ရီဒါကနေ မြန်မာပြည်ကို ပြန်လာတုန်းက၊ ဒုတိယတစ်ခါက ကိုဗစ် ကူးခံရတုန်းက၊ နောက်ဆုံး တစ်ခုကတော့ အခုပေါ့။ ပြန်လာပြီဆိုတော့ နောက်ထပ် သီချင်း အသစ်လေးတွေ မြင်ရဦးမှာပါ" ဆိုပြီးတော့ ဒီဇင်ဘာလ (၁၅) ရက်နေ့ ညနေပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ Live လွှင့်ပြီး ပရိသတ်ကို အသိပေးခဲ့တာဖြစ်ပါတယ်။ 

Photo: Dora Alex

ဒိုရာ အဲလက်စ်ဟာ မြန်မာနိုင်ငံကို ပြန်ရောက်တဲ့ အချိန်မှာ ကိုဗစ်ကာကွယ်ရေးအတွက် ကွာရန်တင်း ဝင်ခဲ့ရတယ်လို့ အဆိုပါ Live ထဲမှာ ပြောခဲ့ပါတယ်။ ဒီဇင်ဘာလ (၁၆) ရက်နေ့မှာတော့ ကွာရန်တင်း ရက်ပြည့်သွားလို့ အိမ်ပြန်ရပြီလို့လည်း သိရပါတယ်။ 

“ အခု ဒိုရာက မြန်မာပြည်မှာပါ။ ကွာရန်တင်း ဝင်နေတာပါ အဖြေက Negative ဖြစ်နေပြီ ပေးမထွက်သေးဘူး။ Negative ဖြစ်တာတောင် (၇) ရက် ထပ်နေရဦးမယ်တဲ့လေ။ ဆွစ်ဇလန်မှာဆိုရင် အဖြေစောင့်နေရတဲ့ အချိန်မှာ ကွာရန်တင်းဝင်ရတယ်၊ အဖြေက Negative ဖြစ်တယ်ဆိုရင် တစ်ခါတည်း ထွက်လို့ရတယ်။ positive ဆိုရင် ကွာရန်တင်း (၁၀) ရက်ထပ်ဝင်ခိုင်းတယ်။ မနက်ဖြန်ဆိုရင် ကွာရန်တင်း ထွက်ပါတော့မယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံကို ကိုယ်ပြန်ရောက်နေတာပဲ ပျော်လွန်းလှပါပြီ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Dora Alex

ဒိုရာအဲလက်စ်ဟာ ဆွစ်ဇလန်နိုင်ငံ Lausanne မြို့မှာ ပညာသင်ကြားနေရင်း အောက်တိုဘာလ (၁၉) ရက်နေ့ ကနေ (၃၀) ရက်နေ့ အထိ ကိုဗစ်ရောဂါပိုးကူးစက်ခံခဲ့ရလို့ Quarantine ဝင်ခဲ့ရသူဖြစ်ပါတယ်။ သူမကိုတော့ အဆိုတော် အဲလက်စ်ရဲ့ သမီးငယ်လေးအဖြစ် ပရိသတ်တွေ သတိထားမိခဲ့ကြတာပါ။ ဒါ့အပြင် ဂီတနဲ့ ပတ်သက်ပြီး ၂၀၁၈ ခုနှစ်တုန်းက First Things First ဆိုတဲ့ Album လေး ထွက်ရှိခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် မှာတော့ ဂီတလှုပ်ရှားမှု အနေနဲ့ " နေဝင်ချိန်" ဆိုတဲ့ Single Song လေး ထွက်ရှိခဲ့တာဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က