မော်ရင်ဟိုကတော့ ဘောလုံးပွဲတစ်ပွဲရှုံးရင်တောင် မရ ရတဲ့ နည်းလမ်းနဲ့ အနိုင်ရအောင် ပြန်လုပ်သွားတတ်တဲ့ သူ့ရဲ့ သူမတူတဲ့ အပြုအမူကတော့ ပွဲအပြီးမှာ သိသာ ပေါ်လွင်စေခဲ့တယ်လို့ ဆိုရမှာပါ။
စပါးအသင်းက လီဗာပူးအသင်းကို ၂-၁ဂိုးနဲ့ အရေးနိမ့်ခဲ့တာကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား ဦးဆောင်နေမှုကို လီဗာပူးအသင်းထံ လက်လွှဲပေးလိုက်ရပါတယ်။
ပွဲအပြီးမှာတော့ အနိုင်ရခဲ့တဲ့ လီဗာပူး နည်းပြ ကလော့ပ်ရဲ့ ကွင်းစည်းဘေးက အပြုအမူအတွေနဲ့ ပတ်သက်ပြီး စပါး နည်းပြ မော်ရင်ဟိုက နားမလည်နိုင်ပဲ သူသာ အဲ့လို လုပ်နေခဲ့ရင် ပြစ်ဒဏ်တစ်ခုခု သင့်မှာပဲလို့ သုံးသပ်ပြောပါတယ်။
“ကျွန်တော်သာ သူ့လိုလုပ်နေမိရင် ဒိုင်တွေက ငြိမ်နေမှာမဟုတ်ပါဘူး။အခုဟာာက သူ့လုပ်ရပ်ကို ဒိုင်က လုပ်ခွင့်ပြုထား သလို ဖြစ်နေပါတယ်။ဒါလည်း ကျွန်တော့်အလုပ်မဟုတ်ပေမယ့် စိတ်တော့မကောင်းဘူးပေါ့။ဒီလိုမျိုးတော့ ကျွန်တော် မလုပ်နိုင်ပါဘူး။”လို့ မော်ရင်ဟိုက BBC SPORTကို ပြောပါတယ်။
ဒါ့အပြင် ပွဲအပြီးမှာလည်း မော်ရင်ဟိုက ကလော့ပ်ကို အကောင်းဆုံးအသင်းက ရှုံးသွားတယ်လို့ သွားပြောခဲ့တယ်လို့ ဆိုပါတယ်။
“ပွဲအပြီးမှာ အကောင်းဆုံးအသင်း ရှုံးသွားတာလို့ ကျွန်တော် သူ့(ကလော့ပ်)ကို သွားပြောပါတယ်။သူကတော့ လက်မခံ ပါဘူး။ဒါကလည်း သူ့အမြင်ကိုး၊”လို့ မော်ရင်ဟိုက ဆက်လက်ပြောပါတယ်။
မော်ရင်ဟိုရဲ့ ပြောစကားကိုတော့ - “ အားလုံးတော့လည်း မပူလောင်နေပါဘူး။အကောဆုံးအသင်းရှုံးသွားတယ်လို့ သူ လာပြောကတည်းက သူမပျော်နိုင်ဘူးဆိုတာ သိနေပါတယ်။ကျွန်တော်ကတော့ သူ နောက်နေတယ်ပဲ ထင်ပါတယ်။ဒါပေ မယ့်သူက အတည်ကြီးလာပြောနေတာဗျ။ဒါပါပဲ။”လို့ ကလော့ပ်က ပြန်ပြောခဲ့ပါတယ်။
ကွင်းအပြင်က အပြုအမူနဲ့ ပတ်သက်ပြီးတော့ လူကိုယ်တိုင် တိုက်ရိုက် စကားလာပြောချိန်မှာ မပြောခဲ့ဘူးလို့လည်း ကလော့ပ်က ဖြည့်စွက်ပြောပါသေးတယ်။
အနိုင်ရသွားတဲ့ လီဗာပူးအသင်းကို ယခုနှစ်ရဲ့ ပရီးမီးယားလိဂ်ချန်ပီယံ၊ဥရောပချန်ပီယံ၊ကမ္ဘာ့ချန်ပီယံ တစ်သင်းသင်း အဖြစ်ကို မမြင်မိဘူးလို့လည်း မော်ရင်ဟိုက သုံးသပ်ပြောခဲ့ပါသေးတယ်။