Infinix ရဲ့ နောက်ဆုံးထွက် entry-level ဖုန်းသစ်ဈေးကွက်ထဲ ဝင်ရောက်လာပါတယ်။
Infinix Smart HD 2021 ဟာ waterdrop notch ဒီဇိုင်းနဲ့လာပြီး ဈေးနဲ့ တန်တဲ့ features တွေ သုံးလာတာ တွေ့ရပါတယ်။ မျက်နှာပြင်အရွယ်အစား ၆.၁ လက်မ HD+ screen ပါရှိပြီး notch ထဲမှာ 5MP selfie ကင်မရာ ထည့်ထားပါတယ်။ အလင်းအားနည်းချိန်မှာ ပိုပြီး တောက်ပတဲ့ ပုံတွေထွက်လာဖို့ LED flash တစ်လုံးပါရှိပါတယ်။
Photo: croudtech
ဖုန်းဒီဇိုင်းအနေနဲ့ Gem-cut Texture ဒီဇိုင်းနဲ့ လာပြီး ကျောဘက်မှာ fingerprint reader တစ်ခု ပါရှိပါတယ်။ ကျောဘက်စတုရန်းကင်မရာအိမ်ထဲမှာ Dual-LED flash နဲ့အတူ 8MP single-lens ထည့်ထားပါတယ်။ စမတ်ဖုန်း processor အနေနဲ့ MediaTek Helio A20 SoC သုံးထားပြီး RAM 2GB/32GB storage နဲ့ လာပါတယ်။
microSD card ထည့်ပေးထားပြီး Bluetooth နဲ့ 4G VoLTE ချိတ်ဆက်မှု ပါရှိပါတယ်။ micro USB slot နဲ့ လာပြီး 5000mAh ဘက်ထရီ သုံးထားပါတယ်။ dual SIM support ပေးထားပြီး Android 10 Go Edition အခြေခံ XOS 6.2 စနစ် သုံးထားပါတယ်။ DTS Surround Sound နဲ့ 3.5mm headphone jack တို့လည်း ပါရှိပါတယ်။
Topaz Blue ၊ Obsidian Black နဲ့ Quartz Green သုံးရောင်နဲ့ လာပြီး ၅၉၉၉ ရူပီး (မြန်မာငွေ ၁ သိန်း ၁ သောင်းကျော်) ဈေးနဲ့ အိန္ဒိယမှာ ရောင်းချသွားမှာပါ။