ဒါက သူမရဲ့ ပန်းတိုင်တစ်ခုပါတဲ့။

စံရတီမိုးမြင့်ကတော့ ကိုယ်ပိုင်ဆိုင်ချင်တဲ့ ခန္ဓာကိုယ်လေး ဖြစ်လာဖို့အတွက် ကြိုးစားနေတယ်လို့ ဆိုပါတယ်။ 

Photo: San Yati Moe Myint



စံရတီမိုးမြင့်ကတော့ ခန္ဓာကိုယ်အချိုးအစားနဲ့ ပတ်သက်လာရင် အရမ်းကို ဂရုစိုက်တတ်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူကိုယ်တိုင်ကလည်း အဆီမရှိပဲ လူကောင်သေးသေးလေး ဖြစ်ချင်တယ်လို့ ပြောပါတယ်။ 

“ သဲသဲရဲ့motivation က သဲပဲ။ မြန်မာပြည်မှာဆိုရင် ဘယ်သူ့ရဲ့ ခန္ဓာကိုယ်ကိုမှ သဲ မကြိုက်ဘူး။ လှတာက အကုန်လှတယ်၊ ဘယ်သူ့ Body လို ဖြစ်ချင်တယ် ဆိုတာမျိုးတော့ မရှိဘူး။ သဲသဲရဲ့ motivation ပျောက်တယ်ဆိုရင် victoria secret Show ကို ကြည့်တယ်၊ သဲရဲ့ Goal က Victoria Secret Show က Model တွေလိုပိန်ပါးပြီး အဆီမရှိတဲ့ ခန္ဓာကိုယ်မျိုးကို လိုချင်တာ။ အခုဆိုရင် ညဘက်တွေလည်း အစားအသောက် ဆင်ခြင်တယ်။ ဘယ်သူ့ ခန္ဓာကိုယ်ပုံစံမှတော့ မလိုချင်ဘူး။ ကိုယ်ဖြစ်ချင်တာကို ကိုယ်သိတယ်၊ ကိုယ့် ခန္ဓာကိုယ်မှာ ဘယ်အစိတ်အပိုင်းကို ကျချင်တယ်၊ မကျချင်ဘူးဆိုတာ မှန်ကြည့်ပြီးဆုံးဖြတ်တယ်။ မိန်းကလေးတွေက မှန်ကြည့်လိုက်တိုင်း ကိုယ်လှနေရင် ကိုယ်ကျေနပ်နေတဲ့ ဖီလင်ကို တော်တော်ကျေနပ်နေပြီ” ဆိုပြီးတော့ ဒီဇင်ဘာလ (၁၆) ရက်နေ့ ညက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ Live လွှင့်ရင်း ပြောခဲ့ပါတယ်။ 

Photo: San Yati Moe Myint

လက်ရှိမှာလည်း စံရတီမိုးမြင့်ရဲ့ ခန္ဓာကိုယ်ဟာ ဝိတ် ၁၀၈ ကနေ ၁၁၀ ဝန်းကျင်ပဲ ရှိတယ်လို့ သူမက ပြောပါတယ်။ သူဖြစ်ချင်တဲ့ ခန္ဓာကိုယ်လေးဖြစ်ဖို့ ကြိုးစားနေတယ်လို့လည်း ဆိုပါတယ်။ 

“သဲရဲ့ အခု ဝိတ်က (၁၁၀) ပဲရှိတယ်။ ခန္ဓာကိုယ်က သေးလေ ကောင်းလေပါပဲ။ အဆီမရှိတဲ့ ခန္ဓာကိုယ်ရဖို့ ဘယ်လောက် ကြိုးစားရတယ် ထင်သလဲနော်။ လောလောဆယ် ရှိနေတဲ့ ခါးလေးကို (၂) လက်မလောက် သေးချင်သေးတယ်။ သဲက တကယ်တော့ ဝိတ်ချတာ မဟုတ်ဘူး၊ အသားကျစ်တာလည်း မဟုတ်ဘူး၊ လူကောင် သေးတာကို ပိုသဘောကျတယ်။ အခုက အဆီကျသွားပြီ မာဆယ်တွေ ဖြစ်လာပြီပေါ့။ လွန်ခဲ့တဲ့ (၂) နှစ် (၃) နှစ်လောက်ကတည်းက ဝိတ်က (၁၁၀) မှာပဲ ရှိတာပါ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: BOM

စံရတီမိုးမြင့်ဟာ ၂၀၂၀ ခုနှစ် ဇွန်လ ၃ ရက်နေ့မှာ အသက် ၂၆ နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ သူမက အခုလက်ရှိမှာ တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာတွေနဲ့ ဂျာနယ်တွေရဲ့ မျက်နှာဖုံးရှင်တစ်ဦးအဖြစ်ဆောင်ရွက်နေရတယ်လို့ သိရပါတယ်။ ဇာတ်ကားရိုက်ကူးမှုတွေ သိပ်မရှိတော့တဲ့ သူ့အနေနဲ့ ပရိသတ်တွေနဲ့အဆက်အသွယ်မပျက်အောင် ဖေ့စ်ဘွတ်ကနေ ဆက်သွယ် လျှက်ရှိတယ်လို့ သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က