Budget 5G ဖုန်းသစ်တွေထဲက စိတ်ဝင်စားစရာ OPPO A-series ဖုန်းသစ် ထွက်လာပါတယ်။
OPPO A53 5G ဟာ လောလောဆယ် ဈေးအချိုဆုံး 5G ဖုန်းတစ်လုံး ဖြစ်ပါတယ်။ ကျောဘက်စတုရန်းပုံကင်မရာကွက်ဒီဇိုင်းနဲ့ လာပြီး ရှေ့ဘက် punch-hole screen ဒီဇိုင်း သုံးထားပါတယ်။ ဖုန်းညာဘက်ဘေးဘောင်မှာ fingerprint sensor တစ်ခု ပါရှိသလို 3.5mm headphone jack တစ်ခုလည်း ထည့်ထားပါတယ်။
Photo: Droid News
ဒီဖုန်းဟာ တန်ဖိုးနည်း 5G ဖုန်းတစ်လုံးဆိုပေမယ့် ချီးကျူးရမယ့်အချက်တွေ အတော်လေး သုံးထားတာ တွေ့ရပါတယ်။ သုံးထားတဲ့ processor ဟာ TSMC ရဲ့ 7nm process သုံးထားတဲ့ MediaTek Dimensity 720 chipset ဖြစ်ပါတယ်။ ဒီ processor ဟာ 2.0GHz clock speed ထိ ရှိပြီး SA/NSA dual-mode 5G ကွန်ရက် ပံ့ပိုးထားပါတယ်။
မျက်နှာပြင်အရွယ်အစား ၆.၅ လက်မရှိပြီး 2400 x 1080p LCD screen နဲ့ လာပါတယ်။ refresh rate အနေနဲ့ 90Hz ပါတာကလည်း ဒီဖုန်းရဲ့ ဆွဲဆောင်မှုတစ်ခုလို့ ဆိုပါတယ်။ ကျောဘက် စတုရန်းကွက် ကင်မရာအိမ်ထဲမှာ AI Smart ကင်မရာသုံးလုံး ထည့်သွင်းထားပါတယ်။ main ကင်မရာဟာ 16MP sensor ဖြစ်ပြီး 2MP macro lens နဲ့ 2MP portrait lens တွေနဲ့ တွဲသုံးထားပါတယ်။
ဘက်ထရီပါဝါ 4040 mAh သုံးထားပေမယ့် fast charging အားသွင်းစနစ်တော့ ပါမလာပါဘူး။ RAM 4GB/128GB storage နဲ့ RAM 6GB/128GB storage ဗားရှင်း နှစ်မျိုး ထွက်ထားပါတယ်။ ခရမ်းရောင် ၊ စိမ်းရင့်ရောင်နဲ့ အနက်ရောင် သုံးမျိုး နဲ့ လာပြီး အနိမ့်မော်ဒယ်ကို ၁၂၉၉ ယွမ် (မြန်မာငွေ ၂ သိန်း ၆ သောင်းခွဲကျော်) ဈေးနဲ့ စတင်ရောင်းချသွားမှာပါ။