အဆိုတော်နီလန်းကတော့ ကြက်တောင်ရိုက်ရင်း ညာဘက်မျက်လုံးထိခိုက်မိခဲ့တာကြောင့် ခွဲစိတ်မှု လုပ်ရမယ်လို့ ဆိုပါတယ်။
Photo: Nelin
နီလန်းကတော့ ကြက်တောင်ရိုက်ရင်း ညာဘက်မျက်လုံးထိခိုက်မိခဲ့တာကြောင့် သူမ လက်ခံထားတဲ့ အလုပ်တွေကို ရက်ရွှေ့ရတော့မယ်လို့ ပြောပါတယ်။ ဒီ မျက်လုံးကိုလည်း မကြာခင် ခွဲစိတ်ဖို့ ပြင်ဆင်နေပြီလို့ သူက ဆိုပါတယ်။
" ဒီနေ့ တစ်ခါမှမရိုက်စဖူး ကြက်တောင်သွားရိုက်ရင်း မျက်လုံး ထိခိုက်မိတာကြောင့် လက်ခံထားသော Live Sale များအားလုံး ကို ရက်ရွှေ့ဆိုင်းခြင်းများပြုလုပ်သွားမည်ဖြစ်ပါသည်။ တနင်္ဂနွေနေ့တွင် မျက်စိ ခွဲစိတ်မှု့ပြုလုပ်မည် ဖြစ်ပါသောကြောင့် အလုပ်ကိစ္စနှင့်ပတ်သက်သည်များအား လတ်တလောတွင် ခေတ္တ ခဏ ဆိုင်းငံ့ထားမည်ဖြစ်ပါကြောင်း လေးစားစွာဖြင့်အသိပေးအပ်ပါသည်" ဆိုပြီးတော့ ဒီဇင်ဘာလ (၁၇) ရက်နေ့ ည (၇) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။
Photo: Nelin
Photo: Nelin
နီလန်းကိုတော့ ပရိသတ်တွေက Myanmar idol (Season-3) သီချင်းဆိုပြိုင်ပွဲကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာပါ။ ပြိုင်ပွဲပြီးသွားတဲ့နောက်မှာတော့ " Going Crazy" ၊ " ပိုချစ်ပေးပါ" Single Song လေးတွေ ထွက်ရှိခဲ့ပါတယ်။ နောက်ဆုံး အနေနဲ့ကတော့ " ငါမှားတယ်" ဆိုတဲ့ Music Video လေး ထွက်ရှိထားတာပါ။ ဒါ့အပြင် သူမဟာ သူနှစ်သက်တဲ့ သီချင်းလေးတွေကို Cover Song အနေနဲ့ ပြန်လည် သီဆိုထားတာကိုလည်း တွေ့ရပါတယ်။ ဂီတနဲ့ ပတ်သက်ပြီး ပရိသတ် အခိုင်အမာ ရရှိလာတဲ့ နီလန်းဟာ Beauty Blogger တစ်ယောက်အဖြစ် ရပ်တည်နေသူလည်း ဖြစ်ပါတယ်။