အစားအသောက်အစီအစဉ်အပါအဝင် လက်မှတ်ခ ကျပ်တစ်သောင်းခွဲကျသင့်မယ်လို့ သိရပါတယ်။

ရန်ကုန်မြစ်တွင်းကနေ နေဝင်ချိန်အလှကို ခံစားနိုင်မယ့် ရှုခင်းကြည့် သင်္ဘောခရီးစဉ်ကို လာမယ့် ခရစ္စမတ်နဲ့ နယူးရီးယားကာလမှာ ပြည်သူတွေစီးနင်းနိုင်ဖို့ စီစဉ်သွားမယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။

ဒီခရီးစဉ်ကို ဒီဇင်ဘာ ၂၀ရက်မှာ အထူးဧည့်သည်တွေနဲ့ မိတ်ဆက်ပြေးဆွဲမှာဖြစ်ပြီး ပြည်သူတွေစီးနင်းနိုင်ဖို့တော့ ဒီဇင်ဘာ ၂၁ရက်နောက်ပိုင်းမှာ လက်မှတ်စတင်ရောင်းချမယ်လို့ သိရပါတယ်။



"သင်္ဘောခရီးစဉ်က ဒီဇင်ဘာ ၂၀ရက်နေ့ပဲ ညနေ လေးနာရီထွက်မယ် ။ သုံးနာရီ check in ပါ ။ အထူး ဧည့်သည်တော်တွေကိုပဲ ပထမဆုံးမိတ်ဆက်တာ ။ ၂၁ရက်နောက်ပိုင်းကျမှ အများပြည်သူကို လက်မှတ်စရောင်းမှာပါ ။ ၂၅ ၊ ၂၆ ၊ ၂၇ ခရစ္စမတ်ရက်လေးမှာ ထပ်ဆွဲဖို့ စီစဉ်ထားပါတယ် ။ အဲဒီရက်အတွက် လက်မှတ်ရောင်းပါမယ်။ခရစ္စမတ်တို့ နယူရီးယား ကာလတို့အတွက် ရည်ရွယ်ပြီး လုပ်ပေးတာပါ။အဓိကက မိသားစုတွေနဲ့ပါ လာနိုင်တဲ့ အခြေအနေဖြစ်အောင်ပါ " လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးနောင်နောင်ဟန်က Duwun ကို ပြောပါတယ်။

အဆိုပါ ခရီးစဉ်ကို ပန်းဆိုးတန်းဆိပ်ကမ်းကနေ စတင်မှာဖြစ်ပြီး ဗိုလ်တစ်ထောင်သန်လျက်စွန်းအထိ ရန်ကုန်မြစ်အတွင်း ၊ အဲဒီနောက်မှာတော့ လှိုင်မြစ်အတွင်း ဘုရင့်နောင်ကုန်စည်ဒိုင် ဝန်းကျင်ကနေ ပန်းဆိုးတန်းဆိပ်ကမ်းကို ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။

" ဒီသုံးနာရီကြာတဲ့ ခရီးစဉ်အတွက် တစ်သောင်းခွဲသတ်မှတ်ထားပါတယ်။အစားအသောက်က picnic box လေးတွေ လုပ်ထားပေးပါတယ်။ takeaway ပေးတဲ့ပုံစံ pack လုပ်ထားပါ တယ်။လူ၁၂၀ တင်နိုင်ပေမယ့် လူ၃၀ပဲ လက်ခံပါတယ် physical distancing အရ ။ သင်္ဘောကတော့ ကိုဗစ်၁၉စစ်ဆေးဖို့ မလိုဘူး ။ Social Distancing လုပ်ထားတယ် ။ open air လည်းဖြစ်တယ် ။ အပူချိန်တိုင်းတာ ၊ လက်ဆေးတာ ၊ mask တပ်တာပဲ သေချာလုပ်မယ် " လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးနောင်နောင်ဟန်က Duwun ကို ပြောပါတယ်။

ကိုဗစ်၁၉ရောဂါကာလဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာ ခရီးသွားလုပ်ငန်းတွေပိတ်ထားပေမယ့်လည်း ဒီဇင်ဘာ ၂၀ရက်မှာ ပျံသန်းမယ့် ဝေဟင်ရှုခင်းကြည့် လေယာဉ်ခရီးစဉ်နဲ့ ရန်ကုန်မြစ်တွင်းခရီးစဉ်ကနေ ကိုဗစ်၁၉စည်းကမ်းတွေကို လိုက်နာနိုင်မှုအခြေအနေပေါ်မူတည်ပြီး မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းပြန်လည်စတင်နိုင်ဖို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းက မျှော်မှန်းထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က