လူစားလဲမှု ၅ဦးတိုးမြှင့်ခြင်းကို ပရီးမီးယားလိဂ်က ၃ကြိမ်မြောက် ကန့်ကွက်ခဲ့ပါတယ်။

အခြားဥရောပ ထိပ်တန်းလိဂ်တွေမှာ လူစားလဲမှုကို ၅ဦးခွင့်ပြုထားသော်လည်း ပရီးမီးယားလိဂ်ကတော့၃ဦးသာ ခွင့်ပြု ထားတာပါ။

၂၀၂၀-၂၁ဘောလုံးရာသီမှာ ဥရောပထိပ်တန်းလိဂ်တွေ လူစားလဲမှု ၅ဦးပြုလုပ်ခွင့် ပေးထား‌သော်လည်း ပရီးမီးယား လိဂ်ကတော့ ၃ဦးသာ ခွင့်ပြုထားပါတယ်။



ဒါကြောင့် ကလပ်အသင်းတာဝန်ရှိသူ နည်းပြတွေ ဦးဆောင်ပြီး အရံကစားသမား ၇ဦးမှ ၉ဦးအထိ အရံခုံမှာ ထိုင်ခွင့် ရပြီး ၃ဦးကနေ ၅ဦးအထိ တိုးမြှင့် လူစားလဲခွင့်ပေးရေး တင်ပြ တောင်းဆိုလာခဲ့ကြပါတယ္။

ယခုအခါမှာတော့ ၃ကြိမ်မြောက် တောင်းဆိုခဲ့ပြီးသော်လည်း အက်ဖ်အေက ၃ကြိမ်စလုံး ပယ်ချလာတဲ့အတွက် လီဗာပူး နည်းပြ ကလော့ပ်ကတော့ ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုလာပါတယ်။

“သူတို့ အလျော့ပေးလိုက်လျော့မယ်လို့တော့ မသေချာပါဘူး၊‌သေချာတာကတော့ လူစားလဲမှု မတိုးမြှင့်ပေးတာဟာ ကစားသမားတွေ သက်သာမယ့် အခြေအနေကို လျစ်လျူရှုတယ်လို့ ပြောချင်ပါတယ်။ဒါပေမယ့် ကလပ် ၁၀သင်း လောက်က ဒီအဆိုကိူ ကန့်ကွက်ခဲ့ကြပါတယ်။ကျွန်တော်ပြောချင်တာက ကစာသမားတွေ ပွဲကြပ်တွေကစားနေရခြင်း ကြောင့် ပွဲပန်းပြီး ဒဏ်ရာတွေ ရရှိမှုကနေ ကာကွယ်ပေးချင်လို့ ဒီအဆိုကို တင်သွင်းတာပါ၊ဒါကို ကန့်ကွက်တယ်ဆို တော့ ကစားသမားတွေရဲ့ သက်သာမှုရရှိရေးကို ကန့်ကွက်တာလို့ပဲ မြင်ပါတယ်။”လို့ ကလော့ပ်က ဝေဖန်ခဲ့ပါတယ်။

ပရီးမီးယာလိဂ်အနေနဲ့ လူစားလဲမှု ၅ဦးကို ပြီးခဲ့တဲ့ ၂၀၁၉-၂၀ ဘောလုံးရာသီတုန်းက ခွင့်ပြုခဲ့ပါသေးတယ်။ဒါပေမယ့် တစ်ရာသီလုံး ခွင့်ပြုခဲ့တာ မဟုတ်ပဲ ကိုဗစ်ကြောင့် လိဂ်ရပ်နားခဲ့ရအပြီး ပြန်လည်စတင်တဲ့ ဇွန်လမှ စတင်ပြီး ကျင့် သုံးခွင့်ပြုခဲ့တာပါ။

ဒါပေမယ့်လည်း ဒီနှစ်မှာတော့ ၅ဦးလူစားလဲမှုကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး ၃ဦးသာ ခွင့်ပြုတော့ပေမယ့် အခြား ဥရောပ ထိပ်တန်းလိဂ်တွေမှာတော့ ၅ဦးအထိ တိုးမြှင့်ခွင့်ပြုထားဆဲ ဖြစ်ပါတယ်။

ဒါကြောင့် ၅ဦးတိုးမြှင့်ပေးဖို့ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းနည်းပြတွေ ဖြစ်တဲ့ ကလော့ပ်၊ဂွါဒီယိုလာတို့ ဦးဆောင်ပြီး တောင်းဆိုနေတာပါ။

ကလော့ပ်မှာဆိုရင် ဗန်ဒိုက်၊ဂျိုးစ်ဂိုမက်ဇ်၊အယ်လ်ကန်တာရာ၊ဂျိုတာ၊ချိန်ဘာလိန်၊စတဲ့ အဓိက ကစာသမားတွေ ဒဏ်ရာ ကြောင့် အသင်းနဲ့ ဝေးကွာနေကြပါတယ်။

ပရီးမီးယားလိဂ်ကတော့ လက်ရှိမှာ လူစားလဲမှု ၅ဦးကို ခွင့်မပြုခဲ့ပေမယ့်လည်း အရေးပေါ် လူစားလဲမှုကိုတော့ ခွင့်ပြု ခဲ့ပါပြီ။

ဒါကတော့ ပုံမှန် လူစားလဲမှု ၃ဦးကို မထိခိုက်စေပဲ ကစားသမား ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရခဲ့ချိန် မမျှော်လင့် ထားတဲ့ မဖြစ်မနေ လူစားလဲမှုဖြစ်ပါတယ်။

ဒီလိုမျိုး လူစားလဲမှုဟာ မိမိအသင်း လူ၃ဦး လဲပြီးသည်ဖြစ်စေ လဲခွင့်ရမှာ ဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲ ပြိုင်ဖက် အသင်းကိုလည်း မနစ်နာစေရအောင် ပြိုင်ဖက်အသင်းဖက်ကလည်း လူစားလဲမှုကို တပြိုင်နက်တည်း လိုက်ပါ လုပ်ဆောင်ခွင့်ရှိတယ်လို့ သိရပါတယ်။

ဒီစည်းမျဥ်းကိုတော့ ဇန်နဝါရီလအတွင်း စတင် အကောင်အထည်ဖော်မယ်လို့ သိရပြီး ကလပ်အသင်းတွေအတွက် အသက်ရှုချောင်စရာ တစ်ခုတော့ ဖြစ်လာမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က