လက်ရှိစာချုပ်အရလည်း ၂၀၂၃အထိ ကျန်ရှိပါသေးတယ်။

၅နှစ်သက်တမ်းတိုးစာချုပ်နဲ့ တစ်ပတ်လုပ်ခ ပေါင် ၃သိန်းအထိ တိုးမြှင့်ပေးပြီး ရက်ရှ်ဖို့ဒ်ကို အသင်းမှာ ဆက်လက် ထိန်းသိမ်းဖို့ ယူနိုက်တက် ပြင်ဆင်လာတာလို့သိရပါတယ်။

ရာသီမကုန်ခင်မှာ အသင်းရဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို မက်လောက်စရာ လုပ်ခလစာနဲ့ စာချုပ်သက်တမ်းတိုးဖို့ ယူနိုက် တက်အသင်း ပြင်ဆင်နေတယ်လို့ Daily Starက ဖော်ပြလာပါတယ်။



လက်ရှိမှာလည်း ယူနိုက်တက်နဲ့ ရက်ရှ်ဖို့ဒ်တို့ ချုပ်ဆိုထားတဲ့ စာချုပ်အရ ၂၀၂၃ခုနှစ်အထိ ကျန်ရှိနေသေးပြီး စာချုပ် သဘောတူညီမှုအရ ယူနိုက်တက်အသင်းဖက်က တစ်နှစ်ထပ်မံ သက်တမ်းတိုးခွင့်ပါရှိနေပါသေးတယ်။

ဒါပေမယ့်လည်း အချိန်တိုအတွင်း ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးအပါအဝင် ဖြစ်လာနေတဲ့ ရက်ရှ်ဖို့ဒ် ကို ယူနိုက်တက်အသင်းက စာချုပ်သက်တမ်း များများ ထားရှိနိုင်အောင် ကြိုးစားလာတာလည်း ဖြစ်ပါတယ်။

လာမယ့် ၂လအတွင်းမှာ အသင်းရဲ့ အမှုဆောင်ချုပ် အက်ဒ်ဝက်ဝုဒ်က စာချုပ်သစ်အတွက် ညှိနှိုင်းမှုတွေ ပြုလုပ်နိုင်ဖို့ အခွင့်အရေးကို ရက်ရှ်ဖို့ဒ်ကို ပေးလာမယ်လို့လည်း သိရပါတယ်။

ရက်ရှ်ဖို့ဒ်အနေနဲ့ စာချုပ်သစ်အရ တစ်ပတ်ကို ပေါင် ၃သိန်းအထိရရှိမှာ ဖြစ်ပြီး ၅နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုဖို့ ရှိနေ တာလို့လည်းသိရပါတယ်။

ရက်ရှ်ဖို့ဒ်ကတော့ ဒီရာသီမှာ ယူနိုက်တက်အတွက် ၁၂ဂိုးသွင်းယူထားပြီး ရက်ရှ်ဖို့ဒ်ကို ဘာစီလိုနာ၊ရီးရဲမက်ဒရစ်၊ပီအက်စ် ဂျီအသင်းတို့ စိတ်ဝင်စားနေပါတယ်။

ရက်ရှ်ဖို့ဒ်ကတော့ ကလပ်အသင်းအတွက် စတင်ပါဝင်လာချိန်ကစပြီး ပွဲပေါင်း ၂၃၄ပွဲမှာ ၇၉ဂိုးအထိသွင်းယူ ထားနိုင်ပြီ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က