ဖြိုးငွေစိုး၊ ဒိန်းဒေါင်၊ ခင်လှိုင်၊ ယုန်လေး တို့က စိတ်မကောင်းဖြစ်နေကြပါတယ်။

ကွယ်လွန်သွားပြီဖြစ်တဲ့ လူရွှင်တော် ဧရာအတွက် ရည်ရွယ်ပြီး အနုပညာရှင်တွေရဲ့ ဝမ်းနည်းကြေကွဲ စာတမ်းလေးတွေကို Duwun ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

ကွယ်လွန်သွားပြီဖြစ်တဲ့ လူရွှင်တော်ကြီး ဧရာအတွက် အနုပညာရှင်တွေရဲ့ ရင်ထဲက ခံစားချက်တွေကို အခုလို သိခွင့်ရခဲ့ပါတယ်။ဒီ အနုပညာရှင်တွေထဲကမှ လူရွှင်တော် ဥက္ကဌဖြစ်တဲ့ ဒိန်းဒေါင်က ဦးဧရာအတွက် သူ့ရင်ထဲက ခံစားချက် စာတိုလေး တစ်စောင်ကို အခုလို ရေးသားထားပါတယ်။ 



" သို့/ ဦးဧရာ ဒီစာကိုမဖတ်နိုင်းမှန်းသိပေမဲ့ကျွန်တော်ရေးလိုက်ပါတယ်။ လူရွှင်တော်တွေ လူတန်းစေ့နေနိုင်အောင် တိုက်နဲ့ကားနဲ့နေနိုင်အောင် လူရွှင်တော်တွေနေရာရအောင် ကိုယ်ကြိုးမဖက် အနစ်နာခံပြီးတိုက်ပွဲဝင်ပေးခဲ့တဲ့အတွက်လူရွှင်တော်တစ်ချို့ကိုယ်စားကျေးဇူးအထူးတင်ပါတယ်လူရွှင်တော်တချို့လို့သုံးလိုက်လို့ ဦးဧရာတမျိုးမထင်ပါနဲ့နော်???တစ်ချို့ကတစ်ချို့မို့လို့ပါ။ ဘာပဲဖြစ်ဖြစ်ပါ ကျွန်တော် အပါအဝင်လူရွှင်တော်တချို့ကတော့ ဦးဧရာ ကို လူရွှင်တော်လောက ရဲ့ဘုရင်အဖြစ်ဂုဏ်ပြု သတ်မှတ်လိုက်ပါတယ်။ကျွန်တော်သေတမ်းစာမဖတ်ဘူး?ဘာလို့လဲသိလားလူရွှင်တော်အသင်းတည်တံ့သ၍ဦးဧရာနံမည်ကိုမမေ့ချင်လို့ပါ။ ဒိန်းဒေါင်လူရွှင်တော်အသင်း(ဥက္ကဌ)ရန်ကုန်" ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာပါ။ 

Photo: Daing Daung

အဲဒီနောက် လူရွှင်တော် တစ်ယောက်အနေနဲ့ဟာသ ပြက်လုံးတွေ အတူတူ ပြောခဲ့ကြသလို ၊ ဟာသသရုပ်ဆောင် အနေနဲ့လည်း ဇာတ်ကားတွေ အတူတူ ရိုက်ခဲ့ဖူးတဲ့ ခင်လှိုင်ကလည်း သူ့ရဲ့ ဝမ်းနည်းဖွယ်ရာ ခံစားချက်တွေကို အခုလို ရေးသားခဲ့ပါတယ်။ 

" ကြွေပြန်ပါပေါ့…အနုပညာကြယ်တပွင့် အကိုရေ။ အနုပညာခရီးရှည်ကြီးမှာ အတူတူလျှောက်လှမ်းခဲ့ကြတဲ့ အချိန်တွေ စကြ၊ နောက်ကြ၊ စိတ်ဆိုးကြ၊ ရန်ဖြစ်ကြ၊ ပြန်ချစ်ကြ၊ ပွဲတွေအတူက၊ ရုပ်ရှင်တွေအတူရိုက် အခုတော့ အစ်ကိုချစ်တဲ့မိသားစု အကိုချစ်တဲ့အနုပညာလောက အားလုံးကိုထားခဲ့ပြီပေါ့။ ကျွန်တော်တို့အနုညာလောကသားတွေနှင့်အတူအကိုချစ်တဲ့ပရိတ်သတ်ကြီးအားလုံးကကြေကွဲခံစားနေတာအကိုရောက်ရာဘုံဘဝကနေမြင်နိုင်ပါစေကြားနိုင်ပါစေ…ကိုကြီးသာရေ" လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။ 

Photo: Khin Hlaing

ဒါ့အပြင် ဟာသဇာတ်ကားတွေကိုမှ ဟာသသရုပ်ဆောင်တွေနဲ့ အတူ အတွဲညီညီ သရုပ်ဆောင်လေ့ရှိတဲ့ မင်းသားချော ဖြိုးငွေစိုးကလည်း ဦးဧရာအတွက် စိတ်မကောင်းဖြစ်နေရတာတွေကို အခုလို ပြောပြထားပါတယ်။ 

ဦးဧရာ .... အမှတ်တရတွေများစွာရှိခဲ့ပါတယ်။ နောက်ဘဝဆိုတာသာရှိခဲ့မယ်ဆိုရင် ကျွန်တော်သိတယ်။ ဦးလေးကထိပ်ကြီးပြောင်ပြီး ရယ်စရာတွေပြောတဲ့ လူရွှင်တော်ကြီး ထပ်နေဖြစ်မှာပါ။ ဦးလေးပြောခဲ့သလိုပေါ့။ ( မြင်သမျှအရာရာဟာသပါကွာ ဒါတွေကဖြစ်နေကြပါ) ဒါပေမဲ့ ဒီတစ်ခါဟာသမဖြစ်ဘူးဗျာ"လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။  

Photo: Phyo Ngwe Soe

ဒါ့အပြင် အဆိုတော် ယုန်လေးကလည်း ဦးဧရာနဲ့ အတူတူ အနုပညာလှုပ်ရှားမှု အနေနဲ့ MI Star ဖိနပ်ကြော်ငြာကို နောက်ဆုံးအနေနဲ့ အတူတွဲ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဦးဧရာအတွက် သူ့ရင်ထဲက ခံစားချက်ကို အခုလို ပြောပြထားပါတယ်။ 

" တကယ်ကို ပြောမပြနိုင်အောင် ခံစားရပါတယ်။ အသက်ရွယ်အရမ်း ကွာပေမယ့် ညီအစ်ကို အရင်းလို ပြောမနာ ဆိုမနာပေါင်းသင်းလာကျတာ ၁၅ နှစ်ကျော်ပြီ။ ကောင်းကင်မှာ ပျက်လုံးတွေ နဲ့ ထာဝရ ပျော်ရွှင်နေမယ်  ဆိုတာ ယုံကြည်ပါတယ် အစ်ကို” လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ 

Photo: Yone Lay

အဆိုပါ အနုပညာရှင်တွေသာမက သရုပ်ဆောင် ကျော်ကျော်ဗိုလ်၊ မင်းမော်ကွန်း၊ ဒါရိုက်တာ ရာဇဝင်ကို၊ သရုပ်ဆောင် စိုးပြည့်သဇင်၊ ခင်သဇင်၊ တက္ကသိုလ်ဂွမ်းပုံလေးနဲ့ အေးသီတာ တို့ကလည်း သူတို့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ လူရွှင်တော် ဧရာ ရဲ့ မိသားစုနဲ့ ထပ်တူ စိတ်မကောင်းဖြစ်နေရတဲ့ အကြောင်းတွေ ရေးသားထားပါသေးတယ်။ သူတို့အပြင် အနုပညာလောကသားအားလုံးနဲ့ ပရိသတ်တွေကပါ ဝမ်းနည်းကြေကွဲနေကြတာဖြစ်ပါတယ်။ ဝါရင့် လူရွှင်တော် သရုပ်ဆောင် ဦးဧရာကတော့ဒီနေ့ ( ဒီဇင်ဘာလ ၁၉ ရက်) မနက် ၃ နာရီ ၃၉ မိနစ်မှာ ကွယ်လွန်သွားခဲ့တာပါ။ ဦးဧရာ အတွက် အနုပညာလောကသားတွေနဲ့ ပရိသတ်တွေကလည်း အရမ်းကို စိတ်မကောင်းဖြစ်နေကြတာပါ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က