ဆာလာကတော့ အသင်းခေါင်းဆောင် မဖြစ်လို့ စိတ်ပျက်ခဲ့တယ်လို့လည်း ပြောထားပါတယ်။

ဆာလာကတော့ မစ်ဂျ်လန်းနဲ့ပွဲအပြီးမှာလည်း အသင်းခေါင်းဆောင် မဖြစ်ခဲ့လို့ စိတ်ပျက်မိတယ်လို့ ဝန်ခံထားပြီး ယနေ့ပွဲမှာ ဆာလာကို အရံခုံပေါ်ပို့တာဟာ အနားပေးချင်ရုံသက်သက်ပဲ ဖြစ်တယ်လို့ နည်းပြကလော့ပ်က ဖြေကြားထားပါတယ်။

လီဗာပူးအသင်းကတော့ ယနေ့ည ၇နာရီမှာ ယှဥ်ပြိုင်ကစားတဲ့ ပဲလေ့စ့်အသင်းနဲ့ပွဲမှာ အဓိက တိုက်စစ်မှူး ဆာလာကို အရံ ခုံပေါ်မှာသာ ရှိနေစေခဲ့ပါတယ်။



အသက် ၂၈နှစ်အရွယ် ဆာလာအနေနဲ့ လီဗာပူးမှာ တောက်ပလာတဲ့ ကြယ်တစ်ပွင့်ဖြစ်ပြီး ရိုးမာအသင်းကနေ ရောက်ရှိ လာချိန်ကစပြီး ပွဲပေါင်း ၁၇၂ပွဲမှာ ၁၀၈ဂိုးအထိသွင်းယူပေးထားနိုင်ပါတယ်။

ဒါ့အပြင် လီဗာပူးအသင်းနှင့်အတူ ချန်ပီယံလိဂ်ဆုဖလားနဲ့ ပရီးမီးယားလိဂ် ဆုဖလားတွေကိုလည်း ပိုင်ဆိုင်ထားနိုင်ပါပြီ။

ပြီးခဲ့တဲ့ ရက်ကတော့ ဆာလာဟာ စပိန်သတင်းဌာန ASနဲ့ အင်တာဗျူးဖြေခဲ့ရာမှာ - “ မက်ဒရစ်နဲ့ ဘာစီလိုနာတို့က ထိပ် ဆုံးက အသင်းတွေပါ။အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာတော့ ဘယ်သူသိနိုင်မှာလဲ၊အခုချိန်မှာတော့ ကျွန်တော့်အနေနဲ့ ပရီးမီးယားလိဂ်နဲ့ချန်ပီယံလိဂ်ဆုဖလားတွေကို လီဗာာပူးနဲ့ ထပ်မံ ဆွတ်ခူးနိုင်ဖို့သာ အာရုံစိုက်ထားပါတယ်။ကျွန်တော် အခုချိန်မှာ ပြောနိုင်တာ တစ်ခုတည်းကတော့ အရာအားလုံး ကလပ်အသင်းရဲ့ လက်ထဲမှာပါ။ဒီမှာ ကျွန်တော် စံချိန်တွေ တင်ချင်ပါသေးတယ်၊ကလပ်အသင်းတွေနဲ့ စံချိန်တွေများစွာ တင်ချင်ပေမယ့်လည်း အရာအားလုံးက လက်ရှိမှာ ကလပ် ရဲ့ လက်ထဲမှာပါ။”လို့ ဆာလာက ဖြေကြားခဲ့ပါတယ်။

ယနေ့ပွဲမှာ ဆာလာကို အရံခုံမှာသာ ရှိစေခဲ့တာနဲ့ ပတ်သက်ပြီးတော့ နည်းပြ ကလော့ပ်ကတော့ ကစားသမားကို အနားယူ စေချင်တာ တစ်ခုတည်းအတွက်သာ ဖြစ်တယ်လို့ ပွဲမတိုင်ခင်မှာ ‌ပြောထားပါသေးတယ်။

ဆာလာအနေနဲ့ကတော့ ပြီးခဲ့တဲ့ မစ်ဂျ်လန်းနဲ့ ချန်ပီယံလိဂ် အုပ်စု ‌နောက်ဆုံးပွဲစဥ်မှာ ကလပ်အသင်း‌‌ခေါင်းဆောင်အဖြစ် ပါဝင်ခွင့်မရခဲ့တဲ့အပေါ် စိတ်ပျက်မိတယ်လို့လည်း ထုတ်ဖော်ပြောထားပါသေးတယ်။

အဆိုပါပွဲမှာ ဆာလာကို အသင်းခေါင်းဆောင်အဖြစ် မပေးခဲ့တဲ့ အသက် ၂၂နှစ်သာရှိသေးတဲ့ အာနိုးလ်ကို အသင်းခေါင်း ဆောင်အဖြစ် ကလော့ပ်က ပေးခဲ့တာပါ။

“အရိုးသားဆုံးပြောရရင် အရမ်းစိတ်ပျက်မိပါတယ်။အသင်းခေါင်းဆောင်အဖြစ် ပွဲထွက်ခွင့်ရဖို့ မျှော်လင့်ခဲ့တာပါ။ဒါပေ မယ့် နည်းပြရဲ့ ဆုံးဖြတ်ချက်မို့ ကျွန်တော် လက်ခံပါတယ်။”လို့ ဆာလာက ပြောပါသေးတယ်။

ဆာလာရဲ့ လီဗာပူးအသင်းကတော့ အဆိုပါ မစ်ဂျ်လန်းနဲ့ပွဲမတိုင်ခင်ကတည်းက ၁၆သင်းအဆင့်ကို တက်လှမ်းထားနှင့်ပြီး ဖြစ်သလို ယခုနှစ် ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံလည်း ဖြစ်ပေမယ့် ဒီနှစ်မှာ ချန်ပီယံဆုတွေအတွက် ပြောဖို့ စောလွန်း နေပါသေးတယ်လို့လည်း ဆာလာက သုံးသပ်ပြောပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က