ဗီလာအသင်းဟာ လီဗာပူးအသင်းဖက်ကို အံ့အားသင့်ဖွယ် ၇-၂ဂိုးနဲ့ အနိုင်ယူခဲ့ပြီး ဒီရာသီမှာ ပြိုင်ဖက်အသင်းဖက်ကို တစ် ပွဲတည်း ဂိုးအများဆုံးသွင်းထားနိုင်တဲ့ စံချိန်ကို လီဗာပူးအသင်း လိုက်မီသွားခဲ့တာပါ။
လီဗာပူးအသင်းဟာ အဝေးကွင်းမှာ ပဲလေ့စ်အသင်းကို ၇ဂိုးပြတ်နဲ့ ပြတ်ပြတ်သားသားအနိုင်ယူပြီး အဆင့် ၁နေရာကို သေသေချာချာ ဆုပ်ကိုင်ထားနိုင်ပါတယ်။
လီဗာပူးအတွက် အဖွင့်ဂိုးကို ဂျပန်တိုက်စစ်မှူး မီနာမီနိုက သွင်းယူပေးခဲ့ပြီး ဖာမီနိုက ၂ဂိုး၊ဆာလာက ၂ဂိုး၊ဟန်ဒါဆင်နဲ့ မာနေးတို့က တစ်ဂိုးစီသွင်းယူခဲ့ကြပါတယ်။
ယခုလိုမျိုး ၀-၇ဂိုးနဲ့ အနိုင်ရလိုက်တာကြောင့် ယခုနှစ်ရာသီ ပရီးမီးယားလိဂ်မှာ ဂိုးအပြတ်ဆုံး နိုင်ပွဲလည်း ဖြစ်လာပါ တယ်။
ယခုနှစ် အစောပိုင်းက လီဗာပူးအသင်းအနေနဲ့ အက်စတွန်ဗီလာအသင်းကို ၇-၂ဂိုးနဲ့ အရေးနိမ့်ထားတာကြောင့် အဆိုပါ ပေးဂိုးစံချိန်ကို ယနေ့ပွဲမှာ ပြန်လည်သွင်းယူပြခဲ့တာလို့လည်း ဆိုရမှာပါ။
ထူးခြားချက်အနေနဲ့ ယနေ့ပွဲမှာ လီဗာပူးအသင်းအနေနဲ့ ပဲလေ့စ်ဂိုးပေါက်ကို ၁၄ကြိမ်ကန်သွင်းပြီး ဂိုးပေါက်တည့်မှုက ၈ကြိမ်မှာ ၇ကြိမ်က ဂိုးအဖြစ်ဖန်တီးနိုင်ခဲ့တာပါ။
ယနေ့ပွဲမှာ ဒဏ်ရာကြောင့် ကာလရှည် အနားယူနေရတဲ့ တောင်ပံ ကစားသမား ချိန်ဘာလိန် ပြန်လည်ပါဝင်လာတာကို လည်း တွေ့မြင်ရပါတယ်။
လီဗာပူးရဲ့ နိုင်ပွဲကြောင့် လက်စတာနဲ့ တွေ့နေတဲ့ စပါးအတွက် ဖိအားပိုမို ရှိသွားခဲ့ပြီး အနိုင်ရရှိအောင် ကြိုးစားမှသာ အမှတ်ကွာဟမှုကို ကျဥ်းမြောင်းနိုင်မှာ ဖြစ်ပါတယ်။