အေးချမ်းမိုးကတော့ ချစ်သူနဲ့အတူတူ ညစားစားဖို့ ချိန်းထားရာမှ မမျှော်လင့်ဘဲ လက်ထပ်ခွင့်တောင်းတာ ခံလိုက်ရတာ ဖြစ်ပါတယ်။
Photo ;Thet Htun Aung
အလှမယ် အေးချမ်းမိုးကတော့ သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို အမြဲတမ်း ပွင့်ပွင့်လင်းလင်း ပြောပြတတ်သူ ဖြစ်ပါတယ်။ သူမတို့ ချစ်သူနှစ်ဦးရဲ့ ချစ်သူ သက်တမ်းရက်(၃၀၀) ပြည့်တဲ့နေ့လေးမှာ ချစ်သူ ကောင်လေးကို လက်ဆောင်ပေးဖို့ ပြင်ဆင်နေတာတွေကို သူမရဲ့ ဖေ့စ်ဘွတ်မှာ ဗီဒီယိုလေးနဲ့ တင်ပြီး ပြောခဲ့ပါသေးတယ်။
တကယ်တမ်း နှစ်ပတ်လည်နေ့လေးမှာတော့ မမျှော်လင့်ဘဲ ကောင်လေး ဆီကနေ လက်ထပ်ခွင့်တောင်းတာကို ခံလိုက်ရတဲ့ အတွက် သူမအနေနဲ့ ပျော်လို့မဆုံးဖြစ်ခဲ့ရပါတယ်။ သူတို့နှစ်ဦးရဲ့ နှစ်ပတ်လည်း အမှတ်တရနေ့လေးအကြောင်းကိုလည်း အေးချမ်းမိုးရဲ့ ချစ်သူကောင်လေးက အခုလို ပြောပြထားတာ တွေ့ရပါတယ်။
“The day I promised her that i will be with u till the end of my life. ဘဝအတွက် အမှတ်တရအဖြစ်ဆုံး excited အဖြစ်ရဆုံးနေ့လေးတစ်နေ့ပါ။ ကျွန်တေ်ချစ်ရတဲ့ကလေး Aye Chan Moe နဲ့ တစ်ဘဝလုံး အတူဖြတ်သန်းဖို့အတွက် ပထမဆုံးခြေလှမ်းစတင်တဲ့နေ့လေးပါ။ တကယ်က ကျွန်တေ်သူ့ကို ရက်၃၀၀ပြည့်အတွက် dinner date လို့ဘဲပြောထားပြီး ချစ်ရတဲ့ ရင်းနှီးတဲ့ သူငယ်ချင်း, ညီအစ်ကိုများ နဲ့ မရမရအောင် ကြိတ်စီစဥ်ခဲ့ရတဲ့နေ့လေးပါ။အလွဲလွဲအချော်ချော်တွေ ပွဲမစခင်မှာဖြစ်ပေမယ့် Planအတိုင်း အကုန်ပြီးမြောက်သွားလို့ အရမ်းကိုဝမ်းသာပျော်ရွှင်မိပါတယ်။အပျော်ရဆုံးကတော့ Surpriseလုပ်ရခက်တဲ့ ကျနော့်ချစ်သူကို Surpriseလုပ်နိုင်ခဲ့ပြီး အနားမှာရှိခွင့် လက်ထပ်ခွင့်ကို လက်ခံပေးခဲ့လို့ပါ.။အရမ်းချစ်ပါတယ်နော်ကလေးရေ...ဝိုင်းဝန်းကူညီပေးကြသူများ, ဂုဏ်ပြုပေးကြသူများ, onlineမှ ကောင်းချီးပေးကြသူများ သူငယ်ချင်းညီအကိုမောင်နှမများ အားလုံးကို အထူးကျေးဇူးတင်ပါတယ်။COVID ကာလဖြစ်တဲ့အတွက် ချမှတ်ထားသော စည်းကမ်းများနှင့်အညီပြုလုပ်ရသော အစီအစဥ်လေးဖြစ်တာကြောင့် ဖိတ်ကြားချင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပျက်ကွက်မှုများရှိခဲ့သော နားလည်ခွင့်လွှတ်ပေးပါရန် တောင်းပန် မေတ္တာရပ်ခံအပ်ပါတယ်။” ဆိုပြီး အေးချမ်းမိုးရဲ့ ချစ်သူ ကိုသက်ပိုင်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတာပါ။
Photo ;Thet Htun Aung
သူမရဲ့ အချစ်ရေးကို ကြည့်ပြီးပရိသတ်တွေကလည်း ကြည်နူးပီတိဖြစ်လို့နေကြသလို အေးချမ်းမိုးရဲ့ မင်္ဂလာသတင်းလေးကိုတော့ မကြာခင်မှာ ကြားရတော့မှာ ဖြစ်လို့ သူမရဲ့ ပရိသတ်တွေအားလုံး က ပျော်လို့ နေပါတယ်။ အေးချမ်းမိုးဟာ နိုင်ငံကျော်အလှမယ်တစ်ယောက်ဖြစ်သလို ဆရာဝန်မလေးတစ်ယောက်လည်းဖြစ်ပါ တယ်။Miss Universe Myanmar 2013၊ Miss Grand Myanmar 2017 စတဲ့ အလှမယ်ပြိုင်ပွဲဝင်တွေကနေ ပရိသတ်အားပေးမှုကို ရရှိထားသူတစ်ယောက် ဖြစ်ပါတယ်။