ပေါင် ၂၂သန်းအပြင် အခြား ခံစားခွင့်တွေနဲ့ ကမ်းလှမ်းမှာပါ။

ဘယ်လာရင်ကတော့ အာဆင်နယ်အသင်းနှင့်အတူ အက်ဖ်အေဖလား ၃ကြိမ် ဆွတ်ခူးထားနိုင်ပြီး လက်ရှိမှာလည်း အားထားရတဲ့ ညာနောက်ခံလူအဖြစ် ကစားနေသူပါ။

အသင်းရဲ့ ဥက္ကဌ ဖြစ်လာပါက ညာ‌တောင်ပံ အားဖြည့်မှုအဖြစ် အာဆင်နယ်အသင်းက စပိန်ညာနောက်ခံလူ ဘယ်လာရင် ကို အရခေါ်ယူပေးမယ်လို့ ဂျိုအန်လာပေါ်တာက ဘာစီလိုနာအသင်းပရိသတ်တွေကို ကတိပေးစကားဆိုလာပါတယ်။



လက်ရှိအချိန်မှာလည်း လာပေါ်တာဟာ ဘာစီလိုနာ အသင်းရဲ့ ဥက္ကဌသစ်နေရာအတွက် ရေပန်းစားနေသူ တစ်ဦးဖြစ်ပြီး ဘယ်လာရင်ကို ခေါ်ယူဖို့အတွက်လည်း အစောဆုံး ဆွေးနွေးမှုတွေ လုပ်ဆောင်လာနိုင်တယ်လို့ စပိန်သတင်းဌာန Mirror က ဖော်ပြလာပါတယ်။

ဘယ်လာရင်အတွက် ပြောင်းရွှေ့ကြေးကိုလည်း ပေါင် ၂၂သန်း အပြင် အခြားခံစားခွင့်တွေ ထပ်ပေါင်းပြီး ညှိနှိုင်းသွားမှာ ဖြစ်လို့ အာဆင်နယ်အသင်းအနေနဲ့ လက်ခံနိုင်မယ့် ပမာဏတစ်ခုအဖြစ် ရှိနေပြန်ပါတယ်။

ဘယ်လာရင်ကတော့ ၂၀၁၁ခုနှစ်မှာ အာဆင်နယ်အသင်းရဲ့ အကယ်ဒမီမှာ စတင် တက်ရောက်ခဲ့သူ ဖြစ်ပြီး လက်ရှိမှာ တော့ အသက် ၂၅နှစ်ရှိပါပြီ။

အာဆင်နယ်အသင်းနဲ့ ဘယ်လာရင်တို့ရဲ့စာချုပ်ကတော့ ၂၀၂၃ခုနှစ်နွေရာသီအထိ ကျန်ရှိနေသေးပြီး အာဆင်နယ် အသင်းက အပေါ်စီးကနေ ညှိနှိုင်းခွင့်ရှိနေပြန်ပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့လည်း ဒန်နီအဲလ်ဗက်စ်နောက်ပိုင်း ညာတောင်ပံမှာ အတက်အဆင်း ကစားနိုင်မယ့် ကစားသမား မျိုးကို ထပ်မံ ရှာဖွေနေခဲ့တာလည်း ဖြစ်ပါတယ်။

ဘယ်လာရင်ဟာ ဒီအတွက် အသင့်တော်ဆုံးလူအဖြစ် လာပေါ်တေက ရှာဖွေတွေ့ရှိထားတာဖြစ်ပြီး အရခေါ်ယူပေးမယ်လို့ ကတိပေးလိုက်တာကြောင့် ဒါဟာ အာဆင်နယ်အသင်းပရိသတ်တွေအတွက်တော့ စိုးရိမ်စရာ ဖြစ်လာမှာပါ။

လက်ရှိမှာလည်း အာဆင်နယ်အသင်းရဲ့ အခြေအနေက စိုးရိမ်ရေမှတ်ရောက်နေပြီး လိဂ် ၁၄ပွဲမှာ ၄ပွဲသာ နိုင်ထားပြီး ၈ပွဲအ ထိရှုံးထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က