အောင်မြင့်မြတ်နဲ့ ချစ်သူကောင်မလေး အိမီမီကိုတို့ ကတော့ ချစ်သူသက်တမ်း (၆)နှစ် အကြာမှာ ဘဝတစ်ခုကို ထူထောင်လိုက်ပြီ ဖြစ်ပါတယ်။
Photo : Kaung Kyaw
သရုပ်ဆောင် အောင်မြင့်မြတ်ကတော့ ချစ်သူကောင်မလေးနဲ့ ဒီနေ့မှာ ရွှေလက်တွဲသွားခဲ့ပြီဖြစ်ပါတယ်။မင်္ဂလာဦး ဆွမ်းကျွေး အလှူကိုတော့ သူငယ်ချင်း၊မိတ်ဆွေ အနည်းစုနဲ့ ဒီနေ့(ဒီဇင်ဘာ၂၀ရက်) မဂ္ဂကျောင်းတိုက်မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးကတော့ ချစ်သူသက်တမ်း (၆)နှစ်အကြာမှာ အခုလို ဘဝတစ်ခုကို ထူထောင်လိုက်ကြတာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ မင်္ဂလာသတင်းကိုကြားပြီး ပရိသတ်တွေကလည်း ဝမ်းသာကြည်နူးဖြစ်လို့နေကြပါတယ်။
အောင်မြင့်မြတ်တို့ ချစ်သူ စုံတွဲလေးဟာ နှစ်ယောက် စလုံးက အနုပညာလောကထဲက ဖြစ်ပြီးတစ်ယောက်နဲ့ တစ်ယောက် ဖေးမကူညီကာ နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ Relation တစ်ခုလည်း ဖြစ်ပါတယ်။
အောင်မြင့်မြတ်ကိုတော့ ၂၀၁၈ ခုနှစ်အတွင်းက ရုံတင်ပြသခဲ့တဲ့ ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားထဲက သိန်းစိုး ဆိုတဲ့ ကာရိုက်တာနဲ့ ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အိမီမီကို ကိုတော့ အောင်မြင့်မြတ်ရဲ့ ချစ်သူလေး မိတ်ကပ်ပညာရှင် တစ်ယောက်အဖြစ် ပရိသတ်တွေ သိရှိထားတာဖြစ်ပါတယ်။