မော်ရင်ဟိုအတွက်တော့ ယခုနှစ်ရာသီ ပထမဆုံး ၂ပွဲဆက် အရှုံးလည်း ဖြစ်ပြီး ပေးဆပ်မှုကတော့ လီဗာပူးနဲ့ ၆မှတ် ကွာ အဆင့် ၄ထိ ရောက်ရှိသွားပါပြီ။
စပါးအသင်းဟာ အိမ်ကွင်းမှာ လက်စတာကို ၀-၂ဂိုးနဲ့ အရေးနိမ့်ပြီး နည်းပြ မော်ရင်ဟိုကို ဒီရာသီ ပထမဆုံး ၂ပွဲဆက် အရှုံး နဲ့ ရင်ဆိုင်စေခဲ့ပါတယ်။ လက်စတာအတွက် ဂိုးတွေကိုတော့ ပုံမှန်ဂိုးသွင်းစက် ဗာဒီက ပင်နယ်တီမှတဆင့် တစ်ဂိုးသွင်းယူခဲ့သလို ဒုတိယဂိုးကတော့ စပါးနောက်ခံလူ အန်ဒါဝီရယ် ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိခဲ့တာပါ။
မနေ့က ကစားခဲ့တဲ့ အဲဗာတန်အသင်းနဲ့ အာဆင်နယ်အသင်းတို့ ပွဲစဥ်မှာလည်း အာဆင်နယ်အသင်း နောက်ခံလူ ရော့ဘ်ဟိုး ဒင်း ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့ပါသေးတယ်။ ဒါ့အပြင် ယခုရှုံးပွဲကြောင့် စပါးအသင်းဟာ ထိပ်ဆုံးနေရာက လီဗာပူးအသင်းနဲ့ ၆မှတ်အထိ ကွာဟသွားခဲ့ပြီလည်း ဖြစ်ပါ တယ်။ ပြီးခဲ့တဲ့ အပတ်က လီဗာပူးနဲ့ ရင်ဆိုင်တွေ့ခဲ့ရာမှာလည်း အရှုံးပေးခဲ့ရပြီး ထိပ်ဆုံးနေရာက ဖယ်ပေးလိုက်ရကာ အခု လည်း လက်စတာကို ထပ်မံရှုံးလို့ အဆင့် ၂နေရာကပါ ဆင်းပေးလိုက်ရပါပြီ။
လက်ရှိအချိန်မှာတော့ စပါးအသင်းဟာ ၂၅မှတ်နဲ့ အဆင့် ၄နေရာကို ရောက်ရှိနေပြီး ယူနိုက်တက်အသင်း အနိုင်ရရှိပါက အဆင့် ၅နေရာကိုပါ ထပ်မံ ဆင်းသက်ရဖွယ်ရှိနေပါတယ်။ အနိုင်ရရှိခဲ့တဲ့ လက်စတာအသင်းကတော့ ၂၇မှတ်ရရှိပြီး အဆင့် ၂နေရာထိ တက်လှမ်းထားနိုင်ပြီလည်း ဖြစ်ပါတယ်။ စပါးအသင်းအနေနဲ့ လာမယ့်ကြားရက်မှာ စတုတ်စီးတီးအသင်းနဲ့ လိဂ်ဖလား ကွာတားဖိုင်နယ်ပွဲ ကစားဖို့ရှိပြီး အဲ့နောက် မှာတော့ ဝုလ်၊ဖူဟမ်တို့နဲ့ လိဂ်ပွဲစဥ်များကို ဆက်လက်tကစားရပါမယ်။