ဆိုင်းကိုလည်း တစ်ရက်မှ မနားသင်ယူခဲ့တာပါ။

နီနီခင်ဇော်ဟာ The Voice Myanmar (Season-3) Final Round အတွက် ပြိုင်ပွဲဝင် ခင်ရတနာစိုးရဲ့ ကြိုးစား သင်ယူခဲ့မှုတွေကို အခုလို ပြောပြခဲ့ပါတယ်။ 

Photo: KMA



နီနီခင်ဇော်ကတော့ The Voice Myanmar (Season-3) Final Round ပွဲ မကျင်းပခင်မှာ ခင်ရတနာစိုးရဲ့ ကြိုးစားမှုတွေကို ပြောပြလာခဲ့ပါတယ်။ သူကိုယ်တိုင် ရွေးချယ်ပေးခဲ့တဲ့ " နဂါးနီ" သီချင်းကို အကောင်းဆုံး သီဆိုခဲ့တဲ့ ခင်ရတနာစိုးအတွက်လည်း ကျေနပ်ပီတိဖြစ်လို့နေပါတယ်။ 

" နဂါးနီတန်ခိုးနဲ့ ကြိုးစားခဲ့ကြသူများ တေးရေး ဆရာကြီး ရွှေတိုင်ညွန့် ကိုဦးခိုက်ပါတယ်။ ခင်ခင့်ကို အကောင်းဆုံးတင်ဆက်ပြသခွင့်ရပေးလို့ ပံ့ပိုးပေးခွင့်ရလို့ကျေးဇူးတင်ပါတယ်။ ကျွန်မတို့မြတ်နိုးတဲ့ မြန်မာ့ဆိုင်းဝိုင်းကိုဂုဏ်ယူစွာတင်ဆက်ခွင့်ရလို့ ဝမ်းသာလှပါပြီ။ နီနီရွေးပေးတဲ့ နဂါးနီ နဲ့ သီချင်းတိုင်းကို ပုံဖော်သီဆိုပေးတဲ့ ခင်ခင့်ကိုကျေးဇူးတင်ပါတယ်။ ခင်ခင့်ပရိသတ်တွေတစ်ယောက်ချင်းဆီကိုလည်း ကျေးဇူးပါတယ်။ ကျွန်မတို့ကြိုးစားတာတွေ အသိအမှတ်ပြုပေးလို့ကျေးဇူးပါရှင်။သူ့ဘဝရှေ့လျှောက်မှာပိုဝန်းရံပေးပါ" ဆိုပြီးတော့ ဒီဇင်ဘာလ ၂၁ ရက်နေ့ မနက် (၈) နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။ 

Photo: KMA

နီနီခင်ဇော်ဟာ မြန်မာသံစဉ်ကို ပိုင်နိုင် ကျွမ်းကျင်သူ မဟုတ်လို့ မြန်မာ့ဆိုင်းဝိုင်း ပညာရှင်တွေနဲ့ ပူးပေါင်းပြီး ခင်ရတနာစိုးရဲ့ ကျွမ်းကျင်မှုကို အသုံးပြုရင်း ကြိုးစား သင်ယူပေးခဲ့တယ်လို့ ဆိုပါတယ်။ 

"ခင်ခင် ဆိုတဲ့သီချင်းဟာကျွန်မရဲ့ ကျွမ်းကျင်တဲ့ ဂီတအမျိုးအစားမဟုတ်တဲ့ အတွက် ပိုလို့ကြိုးစားစီစဉ်ပေးရပါတယ်။ Semi Final ပြီးကည်းက တစ်ရက်မှမနား ခင်ခင်ဟာဆိုင်းပညာကို နေ့ ည သင်ကြားခဲ့ရပါတယ်။ ကျွန်မ မောင်းသမျှ၊ ဆရာမောင်းသမျှ၊ မညည်းမငြူလုပ်ပေးရှာပါတယ်။ ခင်ခင့်ကို နဂါးနီသီချင်း ဆိုင်း သင်ကြားပေးခဲ့တဲ့ music arrangement လုပ်ပေးခဲ့တဲ့ ရွာစားကိုထက်အာကာကိုကျေးဇူးအရမ်းတင်ဂုဏ်ပြုအပ်ပါတယ်။ တနိုင်ငံလုံး အကုန်အကျခံပီး ခင်ခင့်ကိုရော ပြိုင်ပွဲဝင်အားလုံးကို Vote ပေးကျလို့ ကျေးဇူးပါ။ ကျွန်မတို့ နည်းပြတွေလည်း အကောင်းဆုံးပြင်ဆင်ပေးကြပီး ပရိသတ်တွေရဲ့ 100 % Vote ဖြစ်တဲ့အတွက် နောက်ဆုံးက ပရိသတ်တွေရဲ့ အဆုံးအဖြတ်ပါပဲရှင် ။ အားလုံးနဲ့ပြန်လည်ဆုံတွေ့ပါဦးမယ်ရှင်" လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: KMA

The Voice Myanmar (Season-3) သီချင်းဆိုပြိုင်ပွဲကြီးရဲ့ နောက်ဆုံး ပြိုင်ပွဲကတော့ ဒီဇင်ဘာလ (၂၀) ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တာပါ။ The Voice Myanmar (Season-3) သီချင်းဆိုပြိုင်ပွဲမှာ ခင်ရတနာစိုးဟာ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရခဲ့ပေမယ့် Winner ဆုနဲ့ လွဲချော်သွားခဲ့တာကြောင့် နီနီခင်ဇော်သာမက ခင်ရတနာစိုးရဲ့ ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။ နီနီခင်ဇော် ကိုယ်တိုင်ကလည်း The Voice Myanmar ပြိုင်ပွဲမှာ အကဲဖြတ်ဒိုင်လူကြီးဖြစ်သလို သူ့ Team က အဖွဲ့သားတွေကိုလည်း ဂီတပညာတွေကို အကောင်းဆုံး သင်ကြားပေးခဲ့တာတွေ့ရပါတယ်။ 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က