နောက်ဆုံး ၄ပွဲမှာတင် ပေးဂိုးက ၁၃ဂိုးထိရှိနေခဲ့ပြီး ဒီရာသီမှာ လိဂ်ယူနိုက်တက်အသင်းဟာ ပေးဂိုးအများဆုံး အသင်းလည်း ဖြစ်နေပါတယ်။
ယူနိုက်တက်ကို ၆-၂နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ လိဒ်ယူနိုက်တက်အသင်းရဲ့ ယခုနှစ် ရာသီ ပရီးမီးယားလိဂ် ပေးဂိုး ၃၀အထိရှိလာပါပြီ။
ဒါဟာ ပွဲစဥ် ၁၄ကစားအပြီး ပေးဂိုးအများဆုံး အသင်းအဖြစ် ရပ်တည်နေပြီး နောက်ဆုံး လိဂ် ၄ပွဲမှာတင် ၁၃းဂိုးထိ ပေးခဲ့ရတာပါ။
ဒါပေမယ့်လည်း အသင်းရဲ့ တိုက်စစ်အသားပေး ကစားဟန်ကိုတော့ ပြောင်းလဲဖို့ အစီအစဥ်မရှိဘူးလို့ လိဒ်ယူနိုက် တက် နည်းပြချုပ် ဘီရဲလ်ဆာက ပြောလာပါတယ်။
“ပထမပိုင်းမှာ အလားတူ အခွင့်အရေးမျိုး ကျွန်တော်တို့လည်း ရခဲ့ပါတယ်၊ဒါပေမယ့် ကျွန်တော်တို့ မစွမ်းဆောင် နိုင်ခဲ့ပါဘူး။ကျွန်တော်တို့ရဲ့ သွင်းဂိုးတွေက သေသေချာချာ တည်ဆောက်ပြီးမှ သွင်းယူခဲ့တာ ဖြစ်ပေမယ့် သူတို့ သွင်းဂိုးတွေကတော့ ကျွန်တော်တို့ရဲ့ တိုက်စစ်ဆင်မှုကနေ ပျက်စီးသွားတဲ့ ဘောလုံးတွေကတဆင့် ရယူသွားတာ ပါ။ကျွန်တော်တို့ရဲ့ ပြန်လာနိုင်မှုက သူတို့ရဲ့ ကူးပြောင်းမှုလောက် မမြန်ခဲ့ပါဘူး။”လို့ ဘီရဲလ်ဆာ ပြောပါတယ်။
ယူနိုက်တက် ၆ - ၂ လိဒ်ယူနိုက်တက်ပွဲမှာ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ဂိုးကန်သွင်းမှုများစွာ ရှိခဲ့ပြီး ယူနိုက် တက်က စုစုပေါင်း ၂၆ကြိမ်ကန်သွင်းရာမှာ ၁၄ကြိမ်ဂိုးပေါက်တည့်ပြီး ၆ဂိုးဝင်ခဲ့ရာမှာ လိဒ်ကတော့ ၁၇ကြိမ်ကန် သွင်းရာမှာ ၃ကြိမ်ဂိုးပေါက်တည့်ပြီး ၂ဂိုးဝင်ခဲ့တာပါ။
“ဒုတိယပိုင်းမှာလည်း မိနစ် ၈၀လောာက်အထိ အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်၊ဒါပေမယ့် သူတို့ရဲ့ အခွင့်အရေး တွေက ကျွန်တော်တို့ထထက် ပိုလွယ်ခဲ့ပါတယ်။ပွဲတိုင်းကို ရင်ဆိုင်ဖို့ကတော့ ကျွန်တော်တို့ တာဝန်ပါပဲ။”လို့ ဘီရဲ လ်ဆာက ဆက်လက်ဆိုပါတယ်။