90Hz curved screen နဲ့ အမိုက်စား Flagship ဖုန်းဖြစ်မှာပါ

ဒီဇင်ဘာ ၂၄ ရက်မှာ ထွက်ရှိလာမယ့် OPPO Reno ဖုန်းသစ်ဟာ 50MP Sony IMX7 ကင်မရာသုံး ကမ္ဘာ့ပထမဆုံးဖုန်းဖြစ်လာတော့မှာပါ။

မကြာသေးခင်ကပဲ TENAA မှာ OPPO Reno 5 Pro+ ရဲ့ specs အပြည့်အစုံ တက်လာပါတယ်။ TENAA Listing အရ OPPO Reno 5 Pro+ ဟာ 50MP primary shooter သုံးလာမယ်လို့ ဆိုပါတယ်။ OPPO Reno ရဲ့ တရားဝင် Weibo အကောင့်မှာလည်း Reno 5 Pro+ ဟာ Sony IMX76 primary ကင်မရာ သုံးမယ်လို့ အတည်ပြုထားပါတယ်။



Photo: indiatoday


OPPO Reno5 Pro+ 5G မှာ သုံးမယ့် 50MP lens ဟာ Sony နဲ့ OPPO တို့ ပေါင်းပြီး custom ဒီဇိုင်းပြန်ထုတ်ထားတာပါ။ တရားဝင် ပိုစတာမှာတော့ textured ဒီဇိုင်းကိုမှ matte color နဲ့ ပြထားပါတယ်။ ပုံထဲက ကျောဘက်ကင်မရာ module ထဲမှာ ကင်မရာ ၄ လုံးသုံးထားတာ တွေ့ရပါတယ်။

TENAA Listing အရ Reno5 Pro+ ဟာ 50MP main sensor နဲ့အတူ 16MP superwide lens ၊ 13MP telephoto lens နဲ့ 2MP macro lens တို့ သုံးသွားမယ်လို့ ဆိုပါတယ်။ ဆယ်လ်ဖီဆွဲဖို့အတွက် ရှေ့ဘက်မှာ 32MP ကင်မရာ သုံးထားပြီး ကင်မရာဟာ punch-hole ဒီဇိုင်းထဲမှာ ထည့်သွားဖို့ ရှိပါတယ်။ 


Photo: gizmochina


Reno5 Pro+ ဟာ Snapdragon 865 SoC နဲ့ လာပြီး 65W charging ပါ 4500mAh ဘက်ထရီ သုံးလာမယ်လို့ သတင်းထွက်နေပါတယ်။ ဖုန်းမျက်နှာပြင်အရွယ်အစား ၆.၅၅ လက်မ AMOLE display နဲ့ လာပြီး ဘေးဘောင်တွေ ကွေးညွတ်ထားမှာပါ။ FHD+screen ဟာ 90Hz refresh rate သုံးထားပြီး မှန်ပြင်အောက်မှာ လက်ဗွေဖတ်စနစ် ပါရှိမှာ ဖြစ်ပါတယ်။ 

RAM 12GB/256GB storage ဗားရှင်းအထိ ထွက်ထားပြီး ဈေးနှုန်းမသိရသေးပါဘူး။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က