ဒီနေ့မှာ ပရိသတ်နဲ့မိတ်ဆက်ပေးလိုက်တာပါ။

စိုင်းစိုင်းခမ်းလှိုင်ကတော့ Park Bom နဲ့ သီဆိုထားတဲ့ “ Red Light” သီချင်းကို ဒီနေ့မှာ ပရိသတ်နဲ့ မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။ 

Photo: 2NE1 Never Die



အဆိုတော် စိုင်းစိုင်းခမ်းလှိုင်နဲ့ ကမ္ဘာကျော် ကိုရီးယားအဆိုတော် Park Bom တို့ရဲ့ “ Red Light” သီချင်းလေးကတော့ ဒီနေ့မှာ ထွက်ရှိလို့လာပါပြီ။ သီချင်းကို နားဆင်လို့ရမယ့် Social Media တွေကိုလည်း စိုင်းစိုင်းက အခုလို ပြောပြထားပါတယ်။ 

" SaiSai Pay နဲ့ JOOX မှာသီချင်းနားဆင်နိုင်ပါပြီ။ နိုင်ငံတကာက ပရိသတ်တွေလည်း Spotify ၊ Apple ၊ iTune နဲ့ Korean App တွေ အားလုံးမှာ နားဆင်နိုင်ပါပြီခင်ဗျာ။ သိပ်မကြာခင်မှာ Making Version အဖြစ်တည်းဖြတ်ထားတဲ့ Video ကိုပါ YouTube နဲ့ Facebook မှာ တစ်ခါတည်း တင်ပါမယ်။ တစ်ခုကြိုပြီး တောင်းပန်ချင်တာက Pandemic ကာလအတွင်းဆိုတော့ ဟိုမှာ MV သွားမရိုက်နိုင်လို့ Making Version ပဲ ရိုက်ထားရတာ နားလည်ခွင့်လွှတ်ပေးပါဗျ။Stay Tuned" ဆိုပြီးတော့ ဒီဇင်ဘာလ (၂၁) ရက်နေ့ မနက် (၁၀) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာဖြစ်ပါတယ်။ 

Photo: 2NE1 Never Die

“ Red Light” သီချင်းကို ပရိသတ်နဲ့ ပရိသတ်ကို မိတ်ဆက်ပေးလိုက်တဲ့ အချိန်မှာပဲ လူမှုကွန်ယက် စာမျက်နှာပေါ်မှာ ချီးကျူးစကားသံတွေနဲ့ တဟုန်ထိုး ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။ ဒီသီချင်းဟာ အင်္ဂလိပ်- ကိုရီးယား ဘာသာတွေနဲ့ သီဆိုထားတာဖြစ်ပြီး တောင်ကိုရီးယား အင်တာတိန့်မန့်တစ်ခုဖြစ်တဲ့ 2% Entertainment ရဲ့ YouTube မှာ ဒီဇင်ဘာလ (၂၁) ရက်နေ့ မနက် (၁၀) နာရီဝန်းကျင်က တင်ခဲ့တာကိုလည်း တွေ့ရပါတယ်။ Red Light သီချင်းကို YouTube စာမျက်နှာမှာ မိတ်ဆက်ပြီး (၃) နာရီအတွင်းမှာ အားပေးကြည့်ရှုသူ ပရိသတ်ပေါင်း သောင်းဂဏန်းအထိ ရှိခဲ့တာပါ။ စိုင်းစိုင်းခမ်းလှိုင်နဲ့ Park Bom တို့ရဲ့ “ Red Light” သီချင်းကဆိုရင် ကိုရီးယား ပရိသတ်တွေရော၊ မြန်မာပရိသတ်တွေသာမက တစ်ကမ္ဘာလုံးမှာ ရှိတဲ့ ပရိသတ်တွေပါ နားထောင်လို့ရတဲ့ သီချင်းဖြစ်အောင်လို့လည်း စီစဉ်ထားတာ တွေ့ရပါတယ်။ 

Photo: 2NE1 Never Die

Park Bom ဟာ ကမ္ဘာကျော်ဂီတအဆိုတော် အဖွဲ့တစ်ခုဖြစ်တဲ့ 2NE1 အဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာတော့ Entertainment အသစ်တစ်ခုနဲ့ လက်တွဲ အလုပ်လုပ်နေတာဖြစ်ပြီး သီချင်းအသစ်တွေလည်း ထွက်ရှိလာတာကို တွေ့ရပါတယ်။ သူမဟာ မြန်မာနိုင်ငံကိုလည်း ဖျော်ဖြေရေး ခရီးစဉ်ရောက်ရှိခဲ့ဖူးသူဖြစ်သလို မြန်မာပရိသတ်တွေရဲ့ အားပေးမှုကိုလည်း အခိုင်အမာရရှိထားသူပါ။ 

စိုင်းစိုင်းဟာ ဂီတမှာသာမက သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ မင်္ဂလာပါ ရုပ်ရှင်ဇာတ်ကား၊ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ ရုပ်ရှင်ဇာတ်ကား၊ ရင်ခုန်နှင်းဆီ ရုပ်ရှင်ဇာတ်ကား၊ အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ် ရုပ်ရှင်ဇာတ်ကား၊ ကျူးပစ်ရဲ့ ကျေးကျွန်များ ရုပ်ရှင်ဇာတ်ကား၊ ဧဒင်ရဲ့ နတ်သမီး ရုပ်ရှင်ဇာတ်ကား၊ သင်္ကြန်ပြယုဂ် ရုပ်ရှင်ဇာတ်ကား၊ ဘန်ကောက်မှ မန္တလေးသို့ ရုပ်ရှင်ဇာတ်ကား၊ ဂျုံးဂျုံးဂျက်ဂျက် ရုပ်ရှင်ဇာတ်ကား၊ ချိုမြိန်သော လက်စားချေခြင်း ရုပ်ရှင်ဇာတ်ကား၊ ရည်းစားတစ်ဝမ်းကွဲ ရုပ်ရှင်ဇာတ်ကား၊ ကြာတော့သည်လည်း မောင့်စကား ရုပ်ရှင်ဇာတ်ကားနဲ့ ပိတောက်ကတဲ့ ဂီတ ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားသူ တစ်ဦးဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်းဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က