ယနေ့ညမှာ မန်စီးတီးနဲ့ ကာရာဘောင်ဖလား ကွာတားဖိုင်နယ်ပွဲကစားရမှာပါ။

အာဆင်နယ်အသင်းကတော့ ယနေ့ညမှာ မန်စီးတီးအသင်းနဲ့ လိဂ်ဖလားကွာတားဖိုင်နယ်ကစားရဦးမှာ ဖြစ်ပေ မယ့် အဓိက အသင်းခေါင်းဆောင် တိုက်စစ်မှူး အူဘာကို လက်လွှတ်ရဦးမှာပါ။

အာဆင်နယ်အသင်းဟာ ယနေ့ညမှာ မန်စီးတီးအသင်းနဲ့ ကာရာဘောင်ဖလား ကွာတားဖိုင်နယ်ပွဲစဥ်ကို ယှဥ်ပြိုင် ကစားရဖို့ရှိနေပါတယ်။



ဒါပေမယ့် အဲဗာတန်နဲ့ပွဲမှာ မပါဝင်နိုင်ခဲ့တဲ့ အဓိက အသင်းခေါင်းဆောင် တိုက်စစ်မှူး အူဘာမီယန်း ပါဝင်ဖို့ မရှိဘူး လို့ သိရပါတယ်။

အူဘာမီယန်းဟာ ခြေသလုံး ကြွက်သား ဒဏ်ရာကို ခံစားနေရပြီး ယနေ့အထိ မသက်သာသေးတာကြောင့် လွဲချော် တော့မှာလည်း ဖြစ်ပါတယ်။

“အင်္ဂါနေ့ပွဲအတွက် အူဘာ အဆင်သင့် ဖြစ်မနေပါဘူး၊မကြာခင်ရက်အတွက် နောက်ထပ် ဓာတ်မှန်ရိုက် စစ်ဆေးမှု ခံယူရပါမယ်။ဘယ်လောက်အမြန်ဆုံး သူ့ကို ပြန်ရနိုင်မလဲဆိုတာတော့ မသိနိုင်ပါဘူး။”လို့ အာတီတာက ပြောပါ တယ်။

အာဆင်နယ်အသင်းအနေနဲ့ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဥ် ၇ပွဲမှာ ၅ပွဲအထိ အရေးနိမ့်ထားတာ ကြောင့် အဆင့် ၁၅မှာ ရပ်တည်နေပါတယ်။

အာဆင်နယ်ဟာ လိဂ်မှာ ၁၉၇၄-၇၅နောက်ပိုင်း အဆိုးရွားဆုံး ရာသီအစ ရလဒ်နဲ့ ရင်ဆိုင်နေရပေမယ့် လိဂ်ဖလားပွဲမှာတော့ လက်စတာ၊လီဗာပူးတို့ကို ကျော်ဖြတ် အနိုင်ယူပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်း ထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိ နည်းပြ အာတီတာဟာ မနှစ်က အသင်းကို စတင်တာဝန်ယူချိန်မှာလည်း အက်ဖ်အေဖလားကို ဆွတ်ခူးပေးထားသလို ယခုနှစ် ရာသီအဖွင့် ကွန်မြူနတီဒိုင်းကိုလည်း ရယူပေးထားနိုင်ပါတယ်။

“ကျွန်တော်တို့ ခက်ခဲပြိုင်ဖက် နှစ်သင်းဖြစ်တဲ့ လက်စတာနဲ့လီဗာပူးတို့ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။အခုလည်း မန်စီးတီးကို အိမ်ကွင်းမှာ ဆက်လက်ကစားရမှာပါ။ဝင်ဘလေကိုရောက်ဖို့ ခြေတစ်လှမ်းပဲ လိုပါတော့တယ်။”လို့ အာတီတာက ဆက်လက် ကြုံးဝါးပြောဆိုပါသေးတယ်။

အာဆင်နယ်အသင်းအနေနဲ့ ပရီးမီးယားလိဂ် ၁၄ပွဲကစားပြီးချိန် ၄ပွဲနိုင် ၂ပွဲသရေ ၈ပွဲရှုံးထားပေမယ့် ယူရိုပါလိဂ်မှာတော့ ၃၂သင်းအဆင့် တက်လှမ်းထားနိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က