ရာသီကုန်ရင် အလွတ်ထွက်ခွာခွင့်ရှိနေသူပါ။

ဇန်နဝါရီလ ၁ရက်နေ့က စတင်ပြီး စပိန်မဟုတ်တဲ့ အခြား ကလပ်အသင်းတစ်သင်းသင်းနဲ့ စာချုပ်သစ်အတွက် တရားဝင် ဆွေးနွေးခွင့်ရှိထားပါပြီ။

မက်ဆီဟာ ပြီးခဲ့တဲ့ သြဂုတ်လကတည်းက ဘာစီလိုနာအသင်းကနေ ထွက်ခွာဖို့ ပြောခဲ့ပေမယ့် ရာသီအကုန်မှသာ အလွတ် ပြောင်းရွှေ့နိုင်ဖွယ်ရှိနေပါတယ်။


လက်ရှိမှာတော့ အသင်းမှာ အဆင်ပြေနေပေမယ့် လာမယ့် နွေရာသီကျရင်တော့ သူ့အတွက် အခက်ခဲဆုံး ကာလ ကိုရောက်ရှိလာတော့မယ်လို့ မက်ဆီက စပိန်ရုပ်သံ သတင်းဌာန La Sextaကို ပြောခဲ့ပါတယ်။

“အမှန်တရားက အခု ငါ ပျော်ရွှင်နေပမယ့် လာမယ့် နွေရာသီကျရင်တော့ အဆိုးဆုံး အချိန်တွေကို ကျော်ဖြတ်ရပါ လိမ့်မယ်။”လို့ မက်ဆီက ပြောခဲ့ပါတယ်။

ဒါဟာ ကစားသမားဘဝတစ်လျှောက်လုံး ဘာစီလိုနာမှာသာ ကျင်လည်ခဲ့တဲ့မက်ဆီအတွက် ခွဲခွာဖို့ အချိန်ကို မီးမောင်း ထိုးပြနေခဲ့တယ်လို့ ယူဆနိုင်ဖွယ်ရှိနေပါတယ်။

မကြာသေးခင်မှလည်း မက်ဆီဟာ ဘရာဇီး ဂန္တဝင်ကစားသမားကြီး ပီလီရဲ့ ကလပ်အသင်း တစ်သင်းတည်းအ တွက် ၆၄၃ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ စံချိန်ခြင်း တူညီသွားခဲ့ပြီလည်း ဖြစ်ပါတယ်။

ယခုနှစ်ရာသီအတွက်ကိုမူ အသင်းအတွက် ၁၇ပွဲကစားပေးအပြီး ၉ဂိုးသွင်းယူပေးထားနိုင်ကာ လာလီဂါမှာတော့ အဆင့် ၅မှာရပ်တည်နေပါတယ်။

မက်ဆီအနေနဲ့ ရာသီကုန်တာနဲ့ အလွတ်ထွက်ခွာခွင့် ရှိနေပြီး ဇန်နဝါရီလ ၁ရက်နေ့မှ စတင်ကာ စပိန်မဟုတ်တဲ့ အခြား ကလပ်အသင်းတွေနဲ့ တရားဝင် ဆွေးနွေးခွင့်ရှိနေပြီလည်း ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းမှာကလည်း လက်ရှိ ဥက္ကဌ နုတ်ထွက်သွားလို့ ဥက္ကဌသစ်အတွက် ယာယီဥက္ကဌအဖြစ် ကားလို့စ် ကတာဝန်ယူပေးနေပါတယ်။

ကိုဗစ်ကာလဖြစ်တဲ့ ဘာစီလိုနာ ကစားသမားတွေကို လစာလျော့ယူဖို့ ညှိနှိုင်းခဲ့ရာမှာတော့ နိုဝင်ဘာလမှာ သ ဘောတူညီမှုရခဲ့တာကြောင့် အသင်းအနေနဲ့ ပေါင် သန်း ၁၁၀အထိ လျော့ချနိုင်ခဲ့ပါတယ်။

“အခုချိန်မှာတော့ ကျွန်တော် ရှေ့လာမယ့် ပွဲတိုင်းအတွက် အကောင်းဆုံး ဖြစ်နေအောင်သာ ပြင်ဆင်ထားပါတယ်။ အခုချိန်မှာ ကလပ်အသင်းအတွက် ကွင်းတွင်း ကွင်းပြင်ပမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုတာ သိပါ တယ်။ဒါပေမယ့် ကျွန်တော့်စိတ်တွေ လှုပ်ရှားနေပါတယ်။”လို့ မက်ဆီက ပြောခဲ့ပါသေးတယ်။

မက်ဆီကိုတော့ ဘာစီလိုနာက အလွတ်ထွက်ခွာခွင့်ရရင် ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ အသင်းတွေကတော့ ပြင်သစ် ထိပ်သီး ပီအက်စ်ဂျီနဲ့ အင်္ဂလန် ထိပ်သီး မန်စီးတီးအသင်းတို့ပဲ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က