လီဝန်ကိုမရလို့ ဖာဂူဆန်ဟာ ဗန်ပါစီကို အစားထိုးခေါ်ယူခဲ့ရပါတယ်။

၂၀၁၂မှာ ဖာဂူဆန် ယူနိုက်တက်ကို နောက်ဆုံးအဖြစ် ကိုင်တွယ်ချိန်မှာ ယူနိုက်တက်ကို ရောက်ဖို့ နီးစပ်ခဲ့ပေမယ့်ဒေါ့မွန်က ခွင့်မပြုခဲ့လို့ မရောက်ဖြစ်ခဲ့တာပါ။

ယူနိုက်တက်ကို နည်းပြ ဖာဂူဆန် တာဝန်ယူခဲ့တဲ့ ၂၀၁၂တုန်းက ဒေါ့မွန်ကနေ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ အသေချာ အသေးစိတ် ဆွေးနွေးခဲ့ဖူးတယ်လို့ လီဝန်ဒေါစကီးက ထုတ်ဖော်ပြောလာပါတယ်။



ဒါပေမယ့်လည်း အဆုံးသတ်မှာတော့ ယူနိုက်တက်ကို မရောက်ဖြစ်ခဲ့ပဲ ၂၀၁၄မှာ ဘိုင်ယန်မြူးနစ်အသင်းထံသို့သာ ရောက်ရှိခဲ့ပါတယ်။

“ဒေါ့မွန်မှာ ဒုတိယနှစ်ရောက်တော့ ဆာအဲလက်စ်ဖာဂူဆန်နဲ့ စကားပြောဖြစ်ပါတယ်။သူက ကျွန်တော့်ကို ယူနိုက် တက်ဆီ လာစေချင်ပါတယ်။ကျွန်တော်လည်း အရမ်းစိတ်ဝင်စားခဲ့ပါတယ်။အမြဲတမ်းလည်း အဆင်သင့်ရှိနေခဲ့ဖူးပါ တယ်။ဒါပေမယ့် ဒေါ့မွန်က ကျွန်တော့်ကို ခွင့်မပြုခဲ့ပါဘူး။ဒါပေမယ့် ကျွန်တော် စိတ်မပျက်ခဲ့ပါဘူး။ဒေါ့မွန်နဲ့အတူ အကောင်းဆုံး ဖြတ်သန်းခဲ့ရပါတယ်။”လို့ လီဝန်ဒေါစကီးက France Football ကိုပြောပါတယ်။

လီဝန်ကိုမရခဲ့တဲ့အတွက် ဖာဂူဆန်ဟာ အာဆင်နယ်တိုက်စစ်မှူး ရော်ဘင် ဗန်ပါစီကို ၂၀၁၂-၁၃မှာ အစားထိုးခေါ် ယူခဲ့ပါတယ်။

အဲ့ဒီနှစ်မှာပဲ ယူနိုက်တက်ဟာ အကြိမ် ၂၀မြောက် ပရီးမီးယားလိဂ်ဆုဖလားကို ဗန်ပါစီရဲ့ သွင်းဂိုးတွေနဲ့ အတူ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

လက်ရှိမှာတော့ လီဝန်ဒေါစကီးဟာလည်း ဘိုင်ယန်မြူးနစ်အသင်းနှင့်အတူ ခြေစွမ်းပြ ကစားနေနိုင်ပြီး အသင်းလိုက် ဆုဖလားပေါင်းများစွာအပါအဝင် ဥရောပအကောင်းဆုံး ကစားသမားဆု၊ဖီဖာအကောင်းဆုံး ကစားသမားဆုတွေကို ပိုင်ဆိုင်ထားနိုင်ပြီ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က