ဆီလန်ဂေါပြည်နယ်ဖက်က အသင်းတစ်သင်းလို့ ကနဦး သိထားရပါတယ်။

ဟိန်းထက်အောင်ကတော့ ၂၀၂၀ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲမှာ ဟံသာဝတီယူနိုက်တက်အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းပြ ကစားနိုင်ခဲ့တဲ့ လူငယ်ကစားသမားတစ်ဦး ဖြစ်ပါတယ်။

ဟံသာဝတီယူနိုက်တက်အသင်းနှင့်အတူ မနှစ်က မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲမှာ ခြေစွမ်းပြ ကစားခဲ့တဲ့ မြန်မာ့ လက်ရွေးစင် လူငယ်ကစားသမားလေး ဟိန်းထက်အောင်ဟာ လာမယ့်နှစ်မှာတော့ ပြည်ပကို ထွက်ကစားဖို့ ပြင်ဆင်နေပါပြီ။



မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ်မှာရှိတဲ့ ကလပ်အသင်းတစ်သင်းသင်းနဲ့ ချိတ်ဆက်ညှိနှိုင်းနေတယ်လို့သိရပြီး အသင်းနာမည်ကိုတော့ မသိရသေးပါဘူး။

“ပြည်ပထွက်ဖို့က ကစားသမားဖက်က သူ့ဘာသာချိတ်တာပါ။ကျွန်တော်တို့ ကလပ်အသင်းဖက်က ဘာမှ မလုပ် ပေးပါဘူး။သူ့ကို လိုအပ်တဲ့ စီပီယူတို့ ထွက်ခွာခွင့်စာတို့တော့ ကလပ်အသင်းဖက်က ထုတ်ပေးပြီးပါပြီ။”လို့ ဟံသာ ဝတီအသင်း အထွေထွေမန်နေဂျာ ဦးထွန်းထွန်းလင်းက DuwunSportsကိုပြောပါတယ်။

ဟိန်းထက်အောင်နဲ့ ဟံသာဝတီအသင်းတို့ကြား ချုပ်ဆိုထားတဲ့ စာချုပ်ကလည်း ပြည့်သွားပြီ ဖြစ်ပေမယ့်လည်း ဟံသာဝတီအ သင်းကတော့ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလကုန်တဲ့အထိ လစာပေးသွားမယ်လို့လည်း သိရပါတယ်။

“ဟိန်းထက်အောင်နဲ့ ဟံသာဝတီအသင်းကြား စာချုပ်က ပြည့်သွားပါပြီ။ဒါပေမယ့် ကျွန်တော်တို့ အသင်းပိုင်ရှင်က စာချုပ်ပြည့်သွားတဲ့သူတွေအပါအဝင် ကစားသမားတွေအားလုံးကို နှစ်ကုန်တဲ့အထိ လစာအပြည့်ပေးထားပါ တယ်။ဒါကြောင့် ဟိန်းထက်အောင် အပါအဝင် အခြား စာချုပ်ပြည့်သွားတဲ့ သူတွေလည်း နှစ်ကုန်တဲ့အထိ လစာ ရမှာပါ။”လို့ ဦးထွန်းထွန်းလင်းက ဆက်လက်ပြောပါတယ်။

ဟိန်းထက်အောင်ကတော့ ဟံသာဝတီအသင်းကို ၂၀၁၈ခုနှစ်က စတင်ရောက်ရှိလာပြီး ဟံသာဝတီအသင်းအတွက် စုစုပေါင်း ၅၄ပွဲမှာ ၉ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

မနှစ်က ဘောလုံးရာသီမှာတော့ အသင်းနှင့်အတူ အကောင်းဆုံး ခြေစွမ်းကို ပြသနိုင်ခဲ့ပြီး လိဂ် အမှတ်ပေးဇယား အဆင့် ၂ရရှိခဲ့ပါတယ်။

ဒါကြောင့် ဟံသာဝတီယူနိုက်တက်အသင်းဟာ ၂၀၂၁ခုနှစ်အတွက် AFC CUPပြိုင်ပွဲကို ကလပ်အသင်းသမိုင်းတစ် လျှောက် ပထမဆုံး အကြိမ် ခြေစစ်ပွဲမှတဆင့် ဝင်ခွင့်ရထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က