ပညာရေးကို ဦးစားပေးနေခဲ့တာပါ။

ဒိုရာအဲလက်စ်ကတော့ သူမရဲ့ ပညာရေးအပိုင်းကိုရော၊ အနုပညာအလုပ်တွေကိုလည်း မျှမျှတတ ပြန်လည် လုပ်ဆောင်သွားတော့မယ့် အကြောင်း ပြောပြခဲ့ပါတယ်။ 

Photo: Dora Alex



ဒိုရာအဲလက်စ်ကတော့ ဆွစ်ဇလန် နိုင်ငံမှာ ပညာသင်ကြားနေရင်း မြန်မာနိုင်ငံကို အလည်အပတ် ပြန်လည်ရောက်ရှိနေပြီဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ ဖြစ်ပေါ်နေတဲ့ ကိုဗစ် ကူးစက်ရောဂါကြောင့် အွန်လိုင်းကနေ ပညာသင်ကြားနေတယ်လို့ သိရပါတယ်။ ဒါကြောင့် သူဟာ မိသားစု ရှိရာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာပြီး ပညာရေးကိုရော၊ အနုပညာအလုပ်တွေကိုရော လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ 

“ အနုပညာအလုပ်တွေက မလုပ်တာကြာတော့ သတိရတယ်။ အခုလောလောဆယ်တော့ သီချင်း ကိစ္စလုပ်ဖို့ စီစဉ်ထားတယ်။ တခြား Facebook Uplode လေးတွေ လုပ်သွားမယ်။ ကိုယ့် Page ကိုလည်း Glow ဖြစ်အောင် ပြန်လုပ်ရမယ်။ အခုက ကျောင်းကိစ္စကလည်း အွန်လိုင်းနဲ့ သင်နေရတာဆိုတော့ ဒီမှာ နေပြီး သင်တာလည်း အဆင်ပြေနေတာပဲ ဆိုတော့ အခြေအနေကို ကြည့်ပြီး ဒီမှာ ဆက်နေလိုက်မယ်။ ဆွစ်ဇလန်ကို ပြန်ဖို့ အခြေအနေ အဆင်ပြေတော့မှပဲ ပြန်သွားတော့မယ်" လို့ Duwun ကို ပြောပါတယ်။ 

Photo: Dora Alex

ဒိုရာအဲလက်စ်ဟာ နိုဝင်ဘာလ ၁၆ ရက်နေ့က မြန်မာနိုင်ငံကို ရောက်ရှိနေတာဖြစ်ပြီး ကွာရန်တင်းလည်း ဝင်ခဲ့ပြီးပြီလို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ Live လွှင့်ရင်း ပြောခဲ့တာပါ။ ဒါကြောင့်လည်း သူမကို အနုပညာနဲ့ ပတ်သက်ပြီး လာရောက် ကမ်းလှမ်းနေကြပြီလို့လည်း သူက ဆိုပါတယ်။  

“အခု ကမ်းလှမ်းလာကြတာတွေ ရှိတာတောင်မှ သြော် လာကမ်းလှမ်းတဲ့ သူတွေ ရှိပါရောလားပေါ့နော်။ ဘယ်လိုကနေ ဘယ်လို စပြောရမလဲတောင် မသိတော့ဘူး။ ပြီးတော့ လာကမ်းလှမ်းရင်လည်း ဘယ်လို သဘောတူတဲ့ အချက်တွေရှိသလဲ ဆိုတာတောင် မသိတော့ဘူး။ အရင်ကဆိုရင် ကိုယ့်ဘာသာကိုယ် တိတ်တိတ်လေးပဲ လာပြီး တိတ်တိတ်လေးပဲ ပြန်သွားတယ်။ အခုတော့ အနုပညာအလုပ်တွေ ပြန်လုပ်မယ်လို့ စိတ်ကူးထားတယ်။ အခုလည်း သူတို့ ပေးတဲ့ စာရွက်ကို ကြည့်ပြီးတော့ သြော်.. ဒီလိုတောင်ဖြစ်သွားပြီပဲပေါ့” လို့ ဆက်လက် ပြောပြခဲ့တာပါ။ 

ဒိုရာအဲလက်စ်ကိုတော့အဆိုတော် အဲလက်စ်ရဲ့ သမီးငယ်လေးအဖြစ် ပရိသတ်တွေ သတိထားမိခဲ့ကြတာပါ။ ဒါ့အပြင် ဂီတနဲ့ ပတ်သက်ပြီး ၂၀၁၈ ခုနှစ်တုန်းက First Things First ဆိုတဲ့ Album လေး ထွက်ရှိခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် မှာတော့ ဂီတလှုပ်ရှားမှု အနေနဲ့ " နေဝင်ချိန်" ဆိုတဲ့ Single Song လေး ထွက်ရှိခဲ့တာဖြစ်ပါတယ်။ သူမဟာ ဆွစ်ဇလန်နိုင်ငံ Lausanne မြို့မှာ ပညာသင်ကြားနေသူဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က