မြန်မာနိုင်ငံမှာ ကာကွယ်ဆေးတွေကိုယ်တိုင်ထုတ်လုပ်ဖို့ကိုလည်း အိန္ဒိယနိုင်ငံနဲ့ ဆွေးနွေးနေကြတာပါ။

အိန္ဒိယနိုင်ငံက ထုတ်လုပ်တဲ့ ကိုဗစ်က-၁၉ကွယ်ဆေးတွေကို မြန်မာနိုင်ငံက ဝယ်ယူမှာဖြစ်ပြီး ကာကွယ်ဆေးဝယ်ယူရေးနဲ့ ပတ်သက်လို့ နှစ်နိုင်ငံတာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးနေကြပြီလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သိရပါတယ်။

ဒီဇင်ဘာ (၂၂) ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးနဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးတို့ နေပြည်တော်မှာ တွေ့ဆုံရာမှာ အိန္ဒိယကိုရောက်နေတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့က ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရေးနဲ့ ပတ်သက်လို့ အိန္ဒိယက တာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေကြတယ်လို့ သိရပြီး အိန္ဒိယနိုင်ငံ၊ Serum Institute of Indiaက COVID-19 ကာကွယ်ဆေးတွေကို  မြန်မာနိုင်ငံမှ ဝယ်ယူလိုတယ်လို့ ပြောကြားခဲ့ကြတာဖြစ်ပါတယ်။



ဒါ့အပြင် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ဆေးဝါးနှင့်ဆေးပစ္စည်းထုတ်လုပ်တင်ပို့မှု ကဏ္ဍပူးပေါင်း ဆောင်ရွက်ရေးအတွက် Joint Task Force တစ်ရပ်ဖွဲ့စည်းပြီး ဆောင်ရွက်မယ့် ကိစ္စတွေ၊ မြန်မာနိုင်ငံမှာအရည်အသွေးပြည့်ဝတဲ့ ပဋိဇီဝဆေးဝါးတွေထုတ်လုပ်ဖို့ အတွက် မြန်မာနိုင်ငံက ဆေးဝါးထုတ်လုပ်ရေးစက်ရုံတွေ၊ ကုမ္ပဏီတွေနဲ့ အိန္ဒိယနိုင်ငံက ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီတွေ ပူးပေါင်းဆောင်ရွက်ဖို့ ချိတ်ဆက်ပံ့ပိုးရေးကိစ္စတွေ၊ ဒီလို အရည်အသွေးပြည့်ဝတဲ့ ဆေးဝါးတွေ ထုတ်လုပ်နိုင်ဖို့ အိန္ဒိယနိုင်ငံ၊ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီက တာဝန်ရှိသူတွေနဲ Virtual Meeting နဲ့ တွေ့ဆုံဆွေးနွေးလိုတဲ့ကိစ္စတွေကို ပြည်ထောင်စုဝန်ကြီးနဲ့ အိန္ဒိယသံအမတ်ကြီးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြတာလည်းဖြစ်ပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းတွေမှာလည်း ရောဂါကာကွယ်ဆေး (၁၃) မျိုး ထိုးနှံပေးနေပြီး မြန်မာနိုင်ငံမှာလည်း ကာကွယ်ဆေးတွေ ကိုယ်တိုင်ထုတ်လုပ်နိုင်ဖို့အတွက် အိန္ဒိယမှ ကာကွယ်ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ဆောင်ရွက်လိုတယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် လာမည့်နှစ်တွေမှာ အိန္ဒိယနိုင်ငံ All India Institute of Medical Sciences (AIIMS)၊ National Centre for Disease Control (NCDC)နှင့် Indian Council of Medical Research တို့ကို သွားရောက်လေ့လာဖို့ မြန်မာကိုယ်စားလှယ်တွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အကူအညီနဲ့  ခရီးစေလွှတ်လိုတဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြတာပါ။ ဒါ့အပြင် တိုင်းရင်းဆေးပညာဖွံဖြိုးတိုးတက်ရေး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရန်၊ နေပြည်တော်မှာ နှစ်နိုင်ငံချစ်ကြည်ရေးအဖြစ် အဆင့်မြင့်ဆေးရုံကြီးတစ်ခုထူထောင်ရေး အမြန်ဆုံးဆက်လက်ဆောင်ရွက်မယ့်ကိစ္စတွေကိုလည်း ပြောဆိုခဲ့ကြပါတယ်။

ချင်းပြည်နယ်ရှိ မြို့နယ်နှင့် မြို့နယ်ခွဲ (၁၆) နေရာတွေမှာလည်း အရေးပေါ်လူနာတင်ယာဉ် (၁၆) စီး ထောက်ပံ့နိုင်ရေးအပါအဝင် နှစ်နိုင်ငံ ကျန်းမာရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုတွေကို အဓိကထား ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Saurabh Kumar ကလည်း ပူပေါင်းဆောင်ရွက်မှုတွေကို နှစ်နိုင်ငံချစ်ကြည်ရေးအတွက် အစွမ်းကုန်ပံ့ပိုးပေးမယ်လို့လည်း ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က