မြင့်အောင်ရဲ့ မျိုးဆက်က ဝါဆို တစ်ယောက်တည်းရှိတော့တာ။

အကယ်ဒမီများရှင် မို့မို့မြင့်အောင်ရဲ့ တူမလေး ဝါဆိုမြင့်အောင်ကတော့ ငယ်စဉ်က သရုပ်ဆောင် အလုပ်ကို လုပ်ခဲ့ပေမယ့် အခုချိန်မှာ သရုပ်ဆောင် အလုပ်ကို တစိုက်မတ်မတ် မလုပ်ဖြစ်တော့တဲ့အကြောင်း ပြောလာခဲ့ပါတယ်။  

Photo: FGM



ဝါဆိုမြင့်အောင်ကတော့ အကယ်ဒမီများရှင် မို့မို့မြင့်အောင် ရဲ့ တူမအရင်းတစ်ယောက်ဖြစ်ပါတယ်။ သူမဟာ ငယ်စဉ်တုန်းကတော့ အနုပညာအလုပ်တွေ လုပ်ခဲ့ဖူးသူပါ။ ဘွဲ့ရပြီးတဲ့နောက်မှာတော့ အနုပညာအလုပ်ထက် အပြင်အလုပ်ကို ရွေးချယ်မိခဲ့လို့ အဒေါ်ဖြစ်သူ မို့မို့မြင့်အောင်က အရမ်းနှမြောနေတယ်လို့ ဝါဆိုမြင့်အောင်က ပြောပါတယ်။ 

“ အနုပညာအလုပ်မဟုတ်ပဲ အပြင်အလုပ်ကို ရွေးချယ်လိုက်တော့ အမေမွှေးနဲ့ အတိုက်အခံ ဖြစ်ရတယ်။ အမေ မွှေးဆို အမြဲပြောတယ် “ မြင့်အောင်” ရဲ့ မျိုးဆက်မှာ ဆိုဆိုက နောက်ဆုံးပဲပေါ့နော်။ အရမ်းလည်း ဖြစ်စေချင်တာ သူ့ အိမ်ကို လာခဲ့ အိုက်တင်တွေလည်း သင်ပေးတယ်။ အရမ်းလက်တွဲခေါ်တယ် ပြီးတော့ ဆိုဆို့ကို သရုပ်ဆောင်အလုပ်မရွေးချယ်ခဲ့တဲ့ အတွက် အရမ်းနှမြောနေတာပါ။ မလုပ်တတ်တာ လည်း မဟုတ်ဘူး၊ ပါရမီလည်းရှိတယ်၊ သရုပ်လည်း ဆောင်တတ်ရဲ့သားနဲ့ ဒီအလုပ် မလုပ်တော့ နှမြောတာပေါ့နော်။ ဒါပေမယ့် အခုတော့ ကိုယ်ရွေးချယ်လိုက်တဲ့ လမ်းကြောင်းမှာ အကောင်းဆုံး ဖြစ်လာဖို့အတွက်ကိုပဲ သူက ပံ့ပိုးပေးတော့တာပေါ့။ အခြေအနေတွေ ကြုံလာတဲ့ အခါ၊ ကမ်းလှမ်းလာတာ မျိုးတွေရှိရင်တော့ သရုပ်ဆောင် လုပ်မှာပါ။ အခုလည်း ကြော်ငြာရိုက်ဖြစ်တာလေးတွေတော့ ရှိပါတယ်” လို့ Duwun ကို ပြောပါတယ်။ 

Photo: So So

ဝါဆိုမြင့်အောင်ဟာ အင်္ဂလိပ်စာနဲ့ ဘွဲ့ရထားတာ ဖြစ်ပါတယ်။ သူမ တက်ကျွမ်းထားတဲ့ ပညာရေးကို အသုံးချချင်တာကြောင့် အပြင် အလုပ်ကို ရွေးချယ် လုပ်ခဲ့တာလို့လည်း သူက ဆိုပါတယ်။ 

“ ဆိုဆို က ကိုယ်ယူထားတဲ့ ဘွဲ့တွေကိုလည်း အသုံးချချင်သေးတယ်။ အချိန်ရော၊ လူရော အကျိုးရှိရှိ အသုံးချချင်တယ်။ အနုပညာအလုပ်ကို လုံးဝ မလုပ်တာလည်း မဟုတ်ဘူး။ အမေမွှေးကတော့ ပြောတယ် ရုံးပိတ်ရက်လေးတွေမှာ ကြော်ငြာလေးတွေဖြစ်ဖြစ်၊ ရုပ်ရှင်ကားလေးတွေ ဖြစ်ဖြစ် ရိုက်ပေါ့နော်။ Promote လုပ်ရတာတော့ သိပ်မ ကြိုက်ဘူး။ ဆိုဆို က ငယ်ငယ်ကတည်းက သရုပ်ဆောင်လုပ်ခဲ့တာ ပရိသတ် သိတဲ့သူတွေလည်း ရှိပါတယ်။ ပြီးတော့ ကိုယ်တိုင်က လွတ်လွတ်လပ်လပ်နေချင်တာ ဘတ်စ်ကားတွေ ဘာတွေဆိုလည်း စီးလိုက်တာပဲ။ ဘတ်စ်ကားစီးတော့ Mask တွေလည်း မတပ်ရတဲ့ အချိန်လေ အဲဒီမှာ ကားပေါ်မှာတင် လာမိတ်ဆက်တဲ့သူတွေလည်း ဆုံခဲ့ဖူးတယ်။ အမေမွှေးဆို ဘတ်စ်ကားစီးရင် အရမ်းဆူတာ” လို့ ဆိုပါတယ်။ 

Photo: Warso Myint Aung

ဝါဆိုမြင့်အောင်ကတော့ အသက် (၄) နှစ်အရွယ်ကတည်းက ကလေးသရုပ်ဆောင် တစ်ယောက်အဖြစ် Music Video တွေ၊ ဗီဒီယို ဇာတ်ကားတွေမှာ အမြဲတမ်း ပါလေ့ရှိတဲ့သူတစ်ယောက်ပါ။ အဲဒီနောက် ပညာရေးကို ဦးစားပေးခဲ့တာဖြစ်ပြီး ဘွဲ့ရတဲ့ အချိန်အထိ သရုပ်ဆောင် အလုပ်တွေနဲ့ အလှမ်းဝေးသွားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း သူမကို ချစ်တဲ့ ပရိသတ်တွေကတော့ ငယ်စဉ်ကတည်းကနေ အခုချိန်ထိ အားပေးနေတုန်းပါပဲ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က