Mini Album လေး တစ်ခု ထွက်လာမှာပါ။

ဝိုင်းစုခိုင်သိန်းကတော့ သီချင်းအခွေ အသစ်ထွက်ဖို့ အတွက် ကြိုးစားပြင်ဆင်နေတဲ့အကြောင်းတွေ ပြောပြခဲ့ပါတယ်။ 

Photo: Khun



အဆိုတော် ဝိုင်းစုခိုင်သိန်းကတော့ မကြာခင်မှာ ပရိသတ်တွေ နားဆင်ဖို့ အခွေ ထပ်ထွက်လာဦးမယ်လို့ ဆိုပါတယ်။ ဒီအခွေလေးမှာတော့ ပါရမီဖြည့်ဘက်ဖြစ်တဲ့ အောင်လနဲ့ တွဲဖက်သီဆိုထားတာတွေကို ပရိသတ်တွေ မြင်တွေ့ရဦးမယ့် အကြောင်း Duwun ကို ပြောပါတယ်။ 

“ အခုက သီချင်းတွေ ထပ်ထွက်ဖို့ စီစဉ်ထားတာတွေရှိတယ်၊ ပြီးတော့ ကိုအောင်လ နဲ့အတူတူ Collaboration လုပ်ထားတဲ့ အခွေကတော့လုပ်နေတုန်းပါပဲ။ သီချင်းလေးတွေလည်း စောင့်နေတာပါတယ်။ အတွဲကတော့ (၁) ပုဒ်၊ (၂) ပုဒ်လောက်ပဲ ပါမှာ Single Song လေးတွေကတော့ (၅) ပုဒ် (၆) ပုဒ်လောက် ပါမယ်။ Mini Album ကို Collate လုပ်လိုက်တဲ့ သဘောပေါ့။ နောက်ထွက်မယ့် အခွေထဲမှာ သူရေးတဲ့ သီချင်းတွေတောင် တစ်ပုဒ်မ မပါသေးဘူး။ တခြားတေးရေးဆရာတွေဆီက ဝယ်ထားတာ (၁၂) ပုဒ်လောက်ရှိမယ်” လို့ သူက ဆိုပါတယ်။ 

Photo : Khun

ဝိုင်းစုခိုင်သိန်းဟာ Mini Album ထဲမှာ ထည့်ဖို့ အောင်လ ရေးပေးမယ့် သီချင်းတွေက အဆင်သင့်မဖြစ်သေးဘူးလို့ ပြောပါတယ်။ ချစ်သူ ဖြစ်ပြီးတော့မှ အသံနဲ့ ပတ်သက်ပြီး အောင်လရဲ့ သင်ကြားပေးမှုတွေကြောင့် တိုးတက်လာတယ်လို့လည်း သူက ဆိုပါတယ်။

“ကိုအောင်လက သီချင်းရေးတာ အရမ်းကြာတယ်၊ အနီးကပ်နေပြီး သီချင်းတောင်းထားတာတောင် မရသေးဘူး။ ဘာပဲဖြစ်ဖြစ် သူရေးတဲ့ သီချင်းတွေကိုလည်း ကြိုက်တယ်။ သူနဲ့က မယ်သီတာ အခွေထွက်ကတည်းက အသံပိုင်းဆိုင်ရာ လေ့ကျင့်ဖြစ်တာပါ။ အခုဆိုရင် ကီးလည်း မှန်မှန်ဆိုတတ်သွားပြီ။ ပြီးတော့ ဆိုနေကျ သီချင်းပုံစံတွေအပြင် တခြား ကိုယ့် ပုံစံနဲ့ မတူတဲ့ သီချင်းတွေကိုလည်း အခုဆို တော်တော် ဆိုတတ်လာပါပြီ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Khun

ဝိုင်းစုခိုင်သိန်းဟာ မက်လောက်စရာ၊ မျက်လှည့်၊ အာဘွား၊ ဂါ၊ မယ်သီတာ၊ ပြတ်စာ၊ နွားကျောင်းသူ စတဲ့ တစ်ကိုယ်တော်အခွေများစွာကို ထွက်ရှိထားပြီးဖြစ်ပါတယ်။ သူ့အနေနဲ့ ဂီတအပိုင်းမှာ အောင်မြင်လာပြီးတဲ့နောက် သရုပ်ဆောင်အလုပ်ကိုလည်း သိပ်မလုပ်ဖြစ်တော့ပါဘူး။ သူ့ရဲ့ ပရိသတ်တွေလည်း ကြိုက်မယ်၊ သူလည်းကြိုက်မယ့် ဇာတ်ကားကောင်းလေးတွေ တွေ့ရင်တော့ ရိုက်ဖြစ်ရင် ရိုက်မယ်ဆိုပြီးတော့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က