ဇန်နဝါရီလလယ်မှာ မိတ်ဆက်သွားဖို့ရှိပါတယ်

ကမ္ဘာပေါ်မှာ အမြန်ဆုံးဆိုတဲ့ အားသွင်းနည်းပညာကို iQOO ဖုန်းသစ်မှာ သုံးလာဖို့ ရှိပါတယ်။

Digital Chat Station ရဲ့ Weibo လူမှုကွန်ရက်မှာ ၂၀၂၁ ဇန်နဝါရီလလယ်လောက်မှာ ထွက်လာမယ့် iQOO 7 ဖုန်းသစ်ဟာ ကမ္ဘာ့အမြန်ဆုံး အားသွင်းနည်းပညာပါ ဖုန်းတစ်လုံးဖြစ်မယ်လို့ ဖော်ပြထားပါတယ်။ ဒီဖုန်းရဲ့ ထူးခြားချက်တစ်ခုက 120W charging နဲ့ 120Hz display နည်းပညာတွေ သုံးလာဖို့ ရှိပါတယ်။ တရုတ်မှ 3C Certification မှာလည်း 120W charging စနစ်ကို iQOO 7 မှာ သုံးသွားမယ်လို့ ပြထားပါတယ်။ 





iQOO ဟာ ကမ္ဘာပေါ်မှာ ပထမဆုံး 120W Ultra-Fast charging နည်းပညာကို ဈေးကွက်မှာ အရင်ဆုံး မိတ်ဆက်ပြသခဲ့တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ ဒီနည်းပညာဟာ 4000mAh ဘက်ထရီသုံး ဖုန်းတစ်လုံးကို ၁၅ မိနစ်အတွင်း အားအပြည့်သွင်းနိုင်မယ်လို့ ဆိုပါတယ်။ iQOO ဟာ အရင်ကလည်း အားသွင်းနည်းပညာနဲ့ ပတ်သက်လို့ 33W ၊ 44W နဲ့ 55W အားသွင်းစနစ်တွေ မိတ်ဆက်ခဲ့တဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။

120W Ultra-Fast charging နည်းပညာဟာ 4000mAh ကို ဘက်ထရီအား ၅၀ ရာခိုင်နှုန်း ပြည့်ဖို့ ၅ မိနစ်ပဲ ကြာမှာပါ။ iQOO 7 ဟာ ၂၀၂၁ မှာ ထွက်မယ့် Flagship ဖုန်းတစ်လုံးဖြစ်တဲ့အတိုင်း Qualcomm ရဲ့ နောက်ဆုံးပေါ် Snapdragon 888 SoC သုံးလာမှာပါ။ ကင်မရာအနေနဲ့ ဒီဖုန်းဟာ ကျောဘက်မှာ OIS ရုပ်ငြိမ်စနစ်ပါ 48MP triple lens နဲ့ လာဖို့ ရှိပါတယ်။ 

iQOO 7 ဟာ Gaming-Focused ဖုန်း ပိုဆန်အောင် ဒီဇိုင်း ထုတ်လာနိုင်ပါတယ်။ ဒီတစ်ပတ်ထဲမှာပဲ iQOO 7 ကို King Pro League (KPL) ဖိုင်နယ်ပွဲမှာ e-Sport ဂိမ်မာတွေရဲ့ လက်ထဲမှာ တွေ့ခဲ့ရပါတယ်။ BMW နဲ့ ပူးပေါင်းထားတဲ့ special Edition လည်း ထွက်လာဖို့ ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က